Saturday, August 23

၃၆ ရထား

အေးချမ်းလရောင်

တရွေ့ရွေ့ထွက်ခွာလာတဲ့ ရထား
ဒုက္ခတရားတွေနဲ့ ခုတ်မောင်းနေရဲ့
ဖြတ်ကျော်မိတဲ့မြစ်ကူးတံတားလေးက
အမေဘယ်တော့မှပြန်မလာနိုင်တော့တဲ့အကြောင်း
မြစ်ရေစီးသံလို အဆက်မပြတ်အော်မြည်လို့
ဖြတ်သန်းလာခဲ့ရ
လယ်ကွင်းစိမ်းများမစိမ်းစိုနိုင်ရှာ

အဖေနဲ့ထမင်းလက်ဆုံမစားရတာကြာပြီဆိုတဲ့အကြောင်း
ညည်းညူရင်းခြောက်သွေ့လို့
ရထားကခုတ်မောင်းမြဲခုတ်မောင်းေ
တာင်စဉ်တောင်တန်းကိုသူ ဖြတ်ရ
ချောင်းသွယ်မြောင်းစွယ်ကိုဖြတ်ရ
ကန္တာရဆူးခြုံတွေကိုလည်းဖြတ်ရ
အတက်လိုလိုနဲ့ဆင်းလိုက်ရတဲ့
လွန်းထိုးတွေကိုလည်းဖြတ်ရ
သူသွားရာလမ်းမှာ
အလံပြမယ့်သူမရှိတော့တဲ့
တောဘူတာစဉ်တွေကိုလည်းဖြတ်ရ
ရေကမ်းရင်း ရေငတ်နေရတဲ့ဘဝတွေကိုလည်းဖြတ်ရ

ဖြတ်သန်းခဲ့ရသမျှသောကမီးခိုတွေအူလာရာလမ်းတလျှောက်
မျှော်လင့်ခြင်းဟွန်းသံနဲ့သူခုတ်မောင်းလာခဲ့

သံလမ်းအမှတ် ၃၆
ရထားလေးတစ်စင်း 
၃၆ သံလမ်းပေါ်မှာ
တစ်စင်းတည်းသောရထားလေး
ဆိုက်ကပ်မယ့်ဘူတာဆီ
ခုတ်မောင်းနေဆဲ မွေးနေ့ အမှတ်တရ 
၁၇ ၈ ၂၀၁၄

Type the rest of your post here..

'' . . . . . . . မှ ကြိုဆိုပါ၏ ''

ညီမိုးဆက် ဒီမြို့မှာ မျှော်လင့်ချက်တွေကို အလောင်းလို လိုက်ကောက်နေရတယ်။ ရံဖန်ရံခါတော့ မျှော်လင့်ချက်ဟာ အပိုင်းပိုင်းခုတ်ထစ်ခံရပြီး ချောင်းစပ်၊ ကမ်းစပ်မှာ ပစ်ထားခံရတယ် ..... ။ ညနေစောင်းတာနဲ့ အမောကြမ်းတွေကို အမူးနဲ့ ဖြေကြတာလဲ ဒီမြို့မှာပဲ ..... ။ အလွန်အကျွံအိုဗာတိုင်းတွေကို ကော်ဖီမစ်ပြင်းပြင်းတွေနဲ့ကျော်ဖြတ်ရင်း ရူးသွားတဲ့စက်ရုံအလုပ်သမလေးတွေရဲ့ စကားသံတွေနဲ့ ဒီမြို့က အလှပြင်ထားတတ်တယ် .... ။ ကားတာယာစွပ် မီးရှို့သတ်ခံရတဲ့ ဆယ်နှစ်သားလေးရဲ့အော်သံအတွက် ငါတို့ ဘာဝင်ပြောလို့ရခဲ့လို့လဲ ..... အပြစ်ကတော့ ကြီးကြီးမားမား သရက်သီးဝင်ခိုးလို့ပါတဲ့ .... ။ အလုပ်ကအပြန် ဘယ်သူမှ မသိလိုက်ပဲ ပျောက်သွားတဲ့ မိန်းကလေးတွေရဲ့ အလှနဲ့ဘ၀တွေကို ဒီမြို့က ဖွက်ထားတတ်တယ် .... ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကတော့ ဒီမြို့ရဲ့ ရှင်သန်မှုအတွက် ငါတို့ဘ၀တွေနဲ့ထမ်းပိုးရင်း  အသက်ကိုရှုနေကြတုန်း ...... ။ 

ညီမိုးဆက်

ကျနော့်ရဲ့ ကဗျာရွာလေးမှ မွေးနေ့ အမှတ်တရ ကဗျာလက်ဆောင်။ ။http://mypoemvillage.blogspot.com/2013/05/blog-post_21.html?m=1

Type the rest of your post here..