Sunday, February 15

ရာဇ၀င်

ရဲရင့်သက်ဇွဲ
အာဏာ ရာထူး စည်းစိမ်
ရှင်သန်ခွင့်
သက်တန့် မိုးတိမ် ပုတ်သင်ညို
မတည်မြဲခြင်းတရား
မက်မက်မောမော
ပြောင်းလဲတတ်ခြင်း သဘောများပြောပါတယ်။

ကမ္ဘာဦးလူသားတွေထက်
နဲနဲလေးပိုမြင့်တဲ့ ဘဝ
ဂလိုဘယ်လ်လိုက်ဇေးရှင်းကြီးထဲမှ
တို့ပြည်သူတွေ ရခဲ့ကြပေါ့။

အိုင်တီ ခေတ်ကြီးထဲမှာ
တောင်ကုန်း တောင်တန်းများတောင်
လက်ခမောင်း မခတ်နိုင်တော့ဘူး
သစ်တောတွေကလည်း
သူတို့ရဲ့ ရင်ဘတ်ကြီးတွေ ဟင်းလင်းဖွင့်လို့
ကောင်းကင်နဲ့ မြေကြီးကြား
နာနာကြည်းကြည်း
ကမ္ဘာမကြေတေးသံသာ စီးမျောနေခဲ့ရ...

ရွှေဝါရောင် ပိုင်ရှင်များရဲ့
သံမဏိစိတ်ဓာတ်ကိုတော့
ရိုကျိုး ဦးခိုက်
တို့တတွေအားလုံး
ဘုံရန်သူကို ၀ိုင်းတိုက်ကြစို့...။

၂၀၀၇ခု ၁၂လ ၂၂ရက်


Type the rest of your post here..