Monday, January 16

ဂိမှာန် စကားထာ

နီယော်ဓာ
အစတော့..
ကျောက်စရစ်လမ်း..
ညိုမှောင်မှောင်တေးတွေလေ..အဲဒီအတိုင်းလေးပဲ စီးလို့..
ဘယ်တယောဆရာမလေးမှ မမီတဲ့အသွားမျိုးနဲ့.. ကြည်လဲ့..

ခြေမ..ခြေညှိုး..ခြေခလယ်..ခြေသူကြွယ်..ခြေသန်း..
ခြေမ..ခြေညှိုး..ခြေခလယ်..ခြေသူကြွယ်..ခြေသန်း..
လမ်းမရှိဘူး..
ရောက်ခဲ့တယ်။

ကျားတဲ့..
သခင်ကိုစောင့်နေတဲ့ ကြောင်တကောင်လိုပဲ
ပွတ်သီးပွတ်သပ်..
ဘာ ဒဏ်ရာဒဏ်ချက်မှ မရခဲ့ပါဘူး..
ကျောကလေး သပ်ပြီး ပြန်ခဲ့တယ်။

အမှောင်ဟာ တဖွဲဖွဲ..
ခပ်ခွာခွာကလေးဆိုတော့..လင်းလို့..မလဲ့ဘူး..အေးတယ်။

ဆေးလိပ်ခိုးတွေလိုလေ..
မင်းအဇ္ဈတ္တ..ဟိုကောင့်အဇ္ဈတ္တ နဲ့ ငါ့အဇ္ဈတ္တ..
လွင့်လွင့်သွားလိုက်တာ..လွင့်နေတဲ့ ပင်ဆိုင်းတောင်တွေဆီ
လှတယ်။ သိပ်ကိုလှတယ်။

အဆုံးအစမဲ့ခြင်းမှာ
ငါဒို့ မရှိပဲ တည်နေကြရဲ့ ..
ခဏတဖြုတ်ဖြစ်ဖြစ်ပေါ့..

မှင်ရောင်စုံတွေ ရေထဲကျသလို..
ပျော်ဝင်ကြအုံးစို့..

အေးကွာ..
တဂါဝုတ်လောက်အကွာမှာတော့ ငါဒို့သောက်နေကြ ရေနွေးကြမ်းအိုးလေးဆူရော့မယ်..
မီးသတ်လိုက်စမ်းပါ့။

၂၀၁၁ ခု သြဂုတ်လ ၁၀ရက်


Type the rest of your post here..