လူထုစိန်ဝင်း
နိုဝင်ဘာ ၂၉ရက် လူထုဒေါ်အမာ မွေးနေ့အမှတ်တရ
နိုဝင်ဘာ ၂၈ ရက် ညနေခင်း မန္တလေးမြို့။
အပြင်ထွက်လာရာက ဒေါ်ဒေါ်လူထု ဒေါ်အမာ ခေတ္တနေထိုင်ရာ ၃၂လမ်း သမီးကြီးဒေါက်တာသန်းရင်မာရဲ့ အိမ်ရှေ့ကားထိုးရပ်လိုက်တော့ အိမ်ပေါက်ဝမှာ အထုတ်အပိုးကိုယ်စီနဲ့ လူဆယ့်လေးငါးယောက်အစုဝေးကိုတွေ့လိုက်ရတယ်။ အမှတ်တမဲ့ဆိုတော့ ဘာတွေဘာလိမ့်လို့တအံ့တသြဖြစ်သွားတယ်။ သူတို့အထဲဝင်သွားပြီးမှ နောက်ကလိုက်ဝင်သွားတော့ ပိုပြီးအံ့သြစရာ မြင်ကွင်းကို တွေ့ရတယ်။
အိမ်ထဲဝင်သွားသူတွေအားလုံး သမံတလင်းပေါ် ဆောင့်ကြောင့်ကလေးတွေထိုင်ပြီး ဒေါ်ဒေါ့်ကို ကန်တော့နေကြတာတွေ့လိုက်ရတယ်။ ဒီတော့မှ အဝေးကလာကြတဲ့စာသမားတွေပါလားလို့ သိလိုက်ရတယ်။ အတူလိုက်ပါတဲ့ နိုင်ငံခြားသူကလေး ၂ဦးက ဘာလုပ်နေတာလဲလို့ မေးချင်ဟန်မျက်လုံးလေးတွေ အ၀ိုင်းသားနဲ့စိုက်ကြည့်နေကြတယ်။ နယ်ကအခုပဲ ရောက်လို့ အဝေးပြေးကားပေါ်က ဆင်းဆင်းခြင်းလာပြီးနှုတ်ဆက်ကြတာလို့ ပြောပြရတယ်။ ကလေးမနှစ်ယောက်က ဒေါ်ဒေါ့်အကြောင်းတွေ ကြားဖူးပြီးသားမို့ ချက်ချင်းသဘော ပေါက်နားလည်သွားကြတယ်။
သူတို့နားမလည်နိုင်လောက်အောင် တအံ့တသြဖြစ်သွားရတာက နောက်တနေ့နိုဝင်ဘာ၂၉ရက်နေ့ပါ။ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်ထဲမှာ တထောင်ထက်မနည်းတဲ့လူတွေ ရုံးစုရုံးစုနဲ့ ဖြစ်နေကြတာတွေ့လိုက်ရတော့ ဘယ်လိုမှမယုံနိုင်လောက်အောင် အံ့အားသင့်သွားကြတယ်။ ဒီကလေးမ နှစ်ယောက်အပြင် ဒီမွေးနေ့ပွဲတက်ဖို့ ဘယ်ဂျီယံနိုင်ငံကရောက်လာကြတဲ့ နိုင်ငံခြားသား မောင်နှမနှစ်ယောက်လည်း ပါသေးတယ်။ သူတို့လေးယောက်စလုံးအံ့သြကြလွန်းလို့ အံ့ရော အံ့ရောလို့ နှုတ်ကတဖွဖွ ရွတ်နေကြတယ်။ စင်္ကာပူမှာ မဟာဝိဇ္ဇာတန်းတက်ရင်း ရန်ကုန်ရောက်လာတဲ့ ကိုးရီးယားမလေးကလွဲရင် ကျန်သုံးယောက်မှာ တယောက်က အမေရိကန်မှာနေကြတဲ့ အနောက်နိုင်ငံသားတွေလေ။
မန္တလေးက စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီးလူထုဒေါ်အမာဆိုတဲ့ အမည်ကို နိုင်ငံခြားမှာကတည်းက သူတို့ကြားဖူးနေကြပါတယ်။ ဒါပေမယ့် မြန်မာပြည် တနံတလျားက လူကြီး လူငယ်ယောကျာ်းမိန်းမတွေခုလောက်အများကြီး စုဝေးရောက်ရှိလာကြလိမ့်မယ်လို့ တွေးထင်မထားမိကြဘူး။ လူတွေကို ဓါတ်ပုံလိုက်ရိုက်ကြ၊ စကားလိုက်ပြောကြနဲ့ သူတို့လည်းပျော်နေကြလေရဲ့။ အမေရိကန်မလေးနဲ့ ကိုးရီးယားမလေးဆို ဦးပိန်တံတားကြီးပေါ်သွား လမ်းလျှောက်ပါလားလို့ အဖော်နဲ့လွှတ်လိုက်တာတောင်တံတားထိပ်က ရပ်ကြည့်ရုံကြည့်ပြီး ချက်ချင်းပြန်လှည့်လာကြတယ်။ မွေးနေ့ ပွဲလာတဲ့လူတွေက တံတားကြီးထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်တဲ့။ စာရေးဆရာ၊ စာရေးဆရာမလေးတွေနဲ့ မိတ်ဆက်စကားတွေပြောကြ၊ ဓါတ်ပုံတွဲရိုက်ကြနဲ့ ဖျာခင်းပြီးစားပွဲဝိုင်းမှာကျွေးတဲ့ နာမည်ကျော် တောင်လေးလုံး ထမင်းဟင်းများကိုလည်း မြိန်ရေရှက်ရည်စားကြသေးတယ်လေ။
နိုင်ငံခြားသား ၄ယောက်စလုံး တညီတညွတ်တည်း မေးကြတဲ့မေးခွန်းကတော့ ဒီစာရေးဆရာမကြီးကို ဘာကြောင့်လူတွေ ဒီလောက်ချစ်ခင်လေးစားနေကြတာလဲဆိုတာဖြစ်တယ်။ နိုင်ငံခြားသားတွေသာ မဟုတ်ပါဘူး။ တချို့ မြန်မာလူမျိုးတွေလည်း ဒီအချက်ကို နားမလည်နိုင်အောင် ဖြစ်ကြပါတယ်။ ၀ါဒစွဲတခုအခံရှိတာကြောင့် ၀ါဒတူတွေအချင်းချင်းက ၀ိုင်းမြှောက်နေကြတာလား၊ ဒါမဟုတ်ပါဘူး။ ဆရာမကြီးရဲ့ မွေးနေ့အခန်းအနားကို နှစ်စဉ်မပျက်မကွက် တက်ရောက်လာကြသူတွေဟာ အယူဝါဒမျိုးစုံ နောက်ခံရှိသူတွေပါ။ တို့ဗမာ အစည်းအရုံးခေတ်က သခင်လက်ဟောင်းကြီးတွေ ပါသလို၊ နယ်ချဲ့နဲ့ဖက်ဆစ်ဆန့်ကျင်ရေးကာလက မိတ်ဟောင်းဆွေဟောင်းတွေလည်း ပါပါတယ်။ တခေတ်တခါက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဘူးသူတွေပါသလို၊ ဖဆပလ တည်မြဲသန့်ရှင်းဟောင်းတွေလည်းပါပါတယ်။ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေလည်း တက်ရောက်သလို အင်္ဂလီကန်ဂိုဏ်းသာသနာပိုင်ဆရာတော် အင်ဒရူးမြဟန်လည်း တက်လေ့ရှိပါတယ်။
အရောင်အသွေးကြောင့် မဟုတ်ဘူးဆိုတော့ ငွေကြေးကြောင့်လား၊ သြဇာအာဏာနောက်ခံကောင်းလို့လား။ ဒါတွေလည်း မဟုတ်ပါဘူး။ ခုခေတ်မဆိုထားနဲ့ ဟိုဘက်တခေတ်က မန္တလေးမှာတောင် သူဌေးသူကြွယ်စာရင်းဝင် မဖြစ်ခဲ့ပါဘူး။ အာဏာနောက်ခံဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးရုံမက၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် စတဲ့ခေတ်အဆက်ဆက်တွေမှာ အညိုညင်ခံရတဲ့ ဘက်ကချည့်ရှိခဲ့တာပါ။
ဒါဖြင့်ရင် ဘာ့ကြောင့်လဲ။
နှလုံးလှလို့ပါလို့ တိုတိုပြောပါမယ်။ ဒီဆရာမကြီးရဲ့ ဘ၀သက်တမ်းတလျှောက်ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒီအချက်ကိုထင်ထင်ရှားရှားတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘယ်ခေတ်ဘယ်အခါရောက်ရောက် ဆရာမကြီးနဲ့ သူ့ကလောင်ဟာ မျက်နှာမွဲများ (underdogs)ဖက်ကချည့် မားမားမတ်မတ်ရပ်လာခဲ့တာပါ။ ကိုယ့်သတင်းစာနဲ့ ကိုယ့်မိသားစု အကြိမ်ကြိမ်အခါခါ ဘေးရန်တွေကပ်ငြိခဲ့လည်း ဒီရပ်တည်ချက်ကို ပြောင်းပြစ်ပြီးခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေ မကျင့်ကြံခဲ့ပါဘူး။ ဒီအတွက်တန်ဘိုးတွေလည်း အများကြီးပေးခဲ့ရတာပါ။
ဒီဆရာမကြီးကို နာမည်နဲ့လိုက်အောင် စိတ်ဓါတ်မာကျောတယ်လို့ အထင်ရောက်ကြပါတယ်။ ဒါမမှန်ပါဘူး။ တကယ်ဆရာမကြီးရဲ့စိတ်ဓါတ်ဟာ အင်မတန်သိမ်မွေ့ နူးညံ့ပြော့ပျောင်းပါတယ်။ သူချစ်တဲ့ မြို့မငြိမ်းအကြောင်း၊ ကျားဘငြိမ်းအကြောင်း၊ ပေါ်ဦးသက်အကြောင်း စတဲ့ရှေးဟောင်းနှောင်းဖြစ်တွေများပြောပြီဆိုရင် မျက်ရည်ကလေးတစမ်းစမ်းနဲ့ပါ။ မြို့မငြိမ်းကွယ်လွန်ပြီးနောက် ရေးလိုက်တဲ့စာတပုဒ်ဟာ မြန်မာစာပေလောကမှာ ပြောစမှတ်ဖြစ်ကျန်ရုံမက ဒေါ်အမာအလွမ်းစာ သိပ်အရေးကောင်းတယ်လို့တောင် နာမည်တွင်သွားတာပါ။
ကိုယ်တွေ့ဖြစ်ရပ်ကလေးတခု ဖောက်သည်ချပါရစေ။ ခြောက်ဆယ်ဦးပိုင်းလောက်က အဖြစ်ကလေးပါ။ လူထုသတင်းစာတိုက်မှာ ကိုယ်ပိုင်ဘလောက်လုပ်ငန်းဌာန ရှိပါတယ်။ တခါမှာ ရန်ကုန်ကပို့လိုက်တဲ့ ဘလောက်ဌာနသုံး အက်စစ်အိုးကြီးတွေ ရောက်လာပါတယ်။ အဲဒီခေတ်က အက်စစ်တွေကို စဥ့်အိုး ( တဆယ်ဝင်)ထဲထည့်၊ ထင်းရူးပုံးကြီးထဲ ကောက်ရိုးတွေခံပြီး သင်းဘောတင်ပါတယ်။ အဲဒီအိုးကြီးတွေကို လူလေးယောက် တုတ်နဲ့ရှိုထမ်းရာမှာ မတော်တဆ လွတ်ကျပြီး “ဗွမ်း” ကနဲကွဲထွက်သွားပါတယ်။ အိုးလွတ်အကျမှာ နောက်ထမ်းတဲ့ဘလောက်ဆရာ ကိုသန်းမောင်က ဒူးထိုးခံလိုက်တာကြောင့် သူ့တကိုယ်လုံး အက်စစ်တွေလောင်ပြီး ထွန့်ထွန့်လူးဖြစ်သွားရှာပါတယ်။ ချက်ချင်းအရေပြားတွေလန်ပြီး ပူရှာလွန်းလို့ စွေ့စွေ့ခုန်နေပါတယ်။ ဆေးရုံပို့ဖို့ ကားစောင့်နေတုန်း အသင့်ရှိတဲ့ လိမ်းဆေးတွေနဲ့ ဒေါ်ဒေါ်က ကိုသန်းမောင်ဘေးမှာ ဆောင့်ကြောင့်ကလေးထိုင်ပြီးလိမ်းပေးပါတယ်။ ဆေးရည်တွေလေင်းချနေရင်းက ဒေါ်ဒေါ်မျက်ရည်တွေစီးကျလာပါတယ်။ သူ့ခြေရင်းမှာ ဆောင့်ကြောင့်ကလေးထိုင်နေတဲ့ ဒေါ်ဒေါ့်ကို အက်စစ်လောင်သူကပြန်သနားအားနာဖြစ်ပြီး သိပ်ကိစ္စမရှိပါဘူးဒေါ်ဒေါ်ရဲ့၊ ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်ရဲ့နဲ့၊ ပြန်အားပေးစကားပြောရပါတယ်။ ဒေါ်ဒေါ့်နှလုံးသားက အဲဒီလောက်နူးညံ့တာပါ။
နိုင်ငံခြားသားတွေကတော့ အံ့ရော အံ့ရောလို့ရေရွတ်လို့ မပြီးနိုင်တော့ပါဘူး။ စာရေးဆရာတယောက်ကို ဒါလောက်အထိရိုသေကိုင်းရှိုင်းလေးစားပြီး ရှိခိုးဦးချ လုပ်ကြတာမျိုး သူတို့အနောက်နိုင်ငံတွေမှာ ဘယ်ကြုံဘူးမှာလဲ။ သူတို့ဆီမှာကတော့ ပုဂ္ဂိုလ်တဦးတယောက် ကွယ်လွန်သွားပြီဆိုရင် အလွန်ဆုံးလုပ်လေ့ရှိတာက အဲဒီပုဂ္ဂိုလ်ရဲ့ ရုပ်တုပြုလုပ်ပြီး ပြထားတာလောက်သာ ရှိတာမဟုတ်လား။ ဒါတောင် အဲဒီပုဂ္ဂိုလ်ကို ဂုဏ်ပြုတာထက်၊ ဒီပုဂ္ဂိုလ်မျိုး ဒို့မြို့၊ ဒို့ရွာ၊ ဒို့နိုင်ငံကထွက်တာဟေ့လို့ ၀င့်ကြွားချင်တဲ့စိတ်က ခပ်များများပါ။ တချို့က ဒီပုဂ္ဂိုလ်ကြီးများရဲ့ ပစ္စည်းတွေကို ပြတိုက်လုပ်ပြီး ပြစားကြသေးတယ်လေ။ ကမ္ဘာဟာ ရွာကြီးဖြစ်နေပြီတို့ ဘာတို့ ဘယ်လောက်ပဲ ပြောပြော အရှေ့ဟာအရှေ့၊ အနောက်ဟာ အနောက်ပါပဲ။ သူတော်ကောင်းမကြီး မာသာထရီဇာ အိန္ဒိယမှာ ကွယ်လွန်သွားတော့ အိန္ဒိယတနိုင်ငံလုံး၊ ဟိန္ဒူ မွတ်ဆလင် မကွဲမပြားလာရောက်ငိုယိုကြတာမျိုး ဦးခိုက်ကြတာမျိုး၊ အနောက်နိုင်ငံမှာသာ ကွယ်လွန်ခဲ့ရင် ရှိနိုင်ပါ့မလား။
ကွယ်လွန်သူ မာသာထရီဇာကို သူတော်စင်(စိန့်)အဖြစ်ကြေညာပေးဖို့ ပုပ်ရဟန်းမင်းကြီးကို တကမ္ဘာလုံးရှိ ဘရင်ဂျီဘာသာဝင်တွေက ၀ိုင်းပြီးတောင်းဆိုကြတာတောင်၊ နှစ်ပေါင်းများစွာကြာတဲ့အထိ ကြေညာမပေးခဲ့ပါဘူး။ စည်းမျည်းစည်းကမ်းဆိုတာတွေ ထောက်ပြပြီး၊ အချိန်ဆွဲထားခဲ့ပါတယ်။
ဟိန္ဒူနဲ့မွတ်ဆလင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံကသာ ခွင့်ပေးမယ်ဆိုလို့ကတော့(စိန့်)အဖြစ်တောင်မက နတ်ဘုရားမ (Goddess)အဖြစ်တောင် နေ့ညမဆိုင်း သတ်မှတ်ကြေညာပေးလိမ့်မယ်လို့ ယုံကြည်မိတယ်။
လူ့တန်ဖိုး၊ လူ့တန်ဖိုးနဲ့ ဘယ်လိုပဲအော်နေ အော်နေ၊ လူကို အမှန်တကယ် တန်ဘိုးထားလေးစားတာမျိုး၊ အခုမြန်မာပြည်ရောက်မှ တွေ့ဖူးပါတယ်လို့ အမေရိကန်သတင်းစာမလေးကဆိုပါတယ်။ ဒီအကြောင်းတွေကို အမေရိကန်လူမျိုးတွေသိအောင် အစွမ်းကုန် ကျိုးစားမယ်လို့လည်း ကတိပြုသွားပါတယ်။ ဒီမွေးနေ့ပွဲကို ရောက်အောင်ပို့ပေးတဲ့အတွက် ကျေးဇူးတင်လို့မဆုံးနိုင်တော့ပါဘူးလို့လည်း ပြန်ကာနီး လက်အုပ်ကလေးချီ နှုတ်ဆက်ရင်း တဖွဖွပြောသွားပါတယ်။
ဘာပဲဖြစ်ဖြစ် အမေရိကန်မလေးတယောက်တော့ဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့တတ်သွားပါပြီ။
လူထုစိန်ဝင်း
ဒီဇင်ဘာ ၉၊ ၂၀၀၂။
၂၀၀၃ ခု နိုဝင်ဘာလထုတ် မာယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
...
Type the rest of your post here..
Monday, November 30
အမေရိကန်မလေး လက်အုပ်ချီတတ်သွားပြီ
Posted by
Niyawdar
at
4:05 PM
0
comments
Labels: သူတို့ 
Monday, September 21
သွေးစာ
မြားအိမ်
မော်ဒယ် ရွှေငါးက
မှန်ကန်ထဲ အလှပြနေစဉ်
လှိုင်းပျော် ပုစွန်က
ရေစီးထဲ စုန်ဆင်းတယ်။
တော်ဝင်ကြာပွင့်က
လရောင်နဲ့ အလေလိုက်နေစဉ်
ပန်းမွဲနေကြာက
နေနဲ့ စီးချင်းထိုးတယ်။
ရုပ်သေးမိုးတိမ်က
လေစေရာ ကကြိုးဆင်နေစဉ်
ငှက်ရဲ့တောင်ပံက
လေအဟုန်ကို ဖီဆန်တယ်။
သုံ့ပန်း နှင်းဆီက
ပန်းအိုးထဲ ကျိုးနွံနေစဉ်
ဂျစ်(ပ်)စီမြက်ပင်က
လွင်ပြင်ထဲ ရုန်းကန်တယ်။
လူလယ် လေညှင်းက
ယပ်တိမ်းရာ ယိမ်းနွဲ့နေစဉ်
အရိုင်းမုန်တိုင်းက
တတောလုံး ခြောက်ခြားစေတယ်။
အန္ဓ ခေါင်းလောင်းက
အသံဆိတ် ငိုက်မျည်းနေစဉ်
ပမွှား ဆည်းလည်းက
တစာစာ သီကျွေးတယ်။
*နီရိုးတယောက
ဘိုးတံနဲ့ရှိုက်နမ်းနေစဉ်
နင်းပြားသစ်တုံးက
ရင်ကို လွှအဆွဲ ခံရတယ်။
သက်မဲ့ ကန်ရေက
ဥယျာဉ်နဲ့ ပျော်ပါးနေစဉ်
သွေးသစ် မြစ်ရိုင်းက
ပင်လယ်ဆီ အရောက်သွားတယ်။
*နီရိုး = ရောမမြို့ မီးလောင်နေစဉ် တယောအထိုး မပျက်ခဲ့သော ရှင်ဘုရင်
ကောင်းကင် မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
http://www.kaungkin.com/index.php?option=com_content&view=article&id=141%3A2009-09-20-14-17-29&catid=34%3A2009-04-17-00-31-18&Itemid=77&limitstart=1
Posted by
Niyawdar
at
9:35 AM
0
comments
Labels: သူတို့ 
Saturday, May 30
နဂါးနီ
တေးရေး- ရွှေတိုင်ညွန့်
ဆင်းရဲသား ပျံကျအလုပ်သမားကြီးတဦး ညနေရီတရောမှာ အသက်ဆက်ရှင်ချင်စရာမရှိတဲ့ လူမှုစီးပွားမွန်းကျပ်မှုတွေအတွက် မျက်ရည်တွေဝေပြီး နဂါးနီသီချင်းကို ငြီးနေတဲ့အခိုက်ဟာ ကျုပ်တို့တမျိုးသားလုံးအတွက် ကဗျာတပုဒ်ဖြစ်သွားခဲ့ပါတယ်။
[(ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ
တို့အမျိုးသားတိုင်းပြည်) ၂
မွဲတဲ့လူ လှူဒါန်းနိုင်မည်
ကျောင်းဆောက်ကာ ဘုရားပါတည်
ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့ မတဲ့ကိန်းဆိုက်ပြီ)]၂
(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်)၂
( ဒို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့ မညှိုးမီ
အကျိုးထူးပေးတော့မယ်တဲ့ဗျ(မည်) )၂
ခေတ်သစ်ထူထောင်မည်
အေးချမ်းသာယာသည်
နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။
( နေရေးနဲ့ စားသောက်ရေးပါ မနှေးအောင်ပင် ချောင်လည်ရမည်
လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်မည် ဒို့နဂါးနီ )၂
( ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်မည် )၂
ကောင်းစားမယ့် ဒို့မြန်ပြည်
ရွှေမိုးရွာမည်။
(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်)၂
( ဒို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့ မညှိုးမီ
အကျိုးထူးပေးတော့မယ်တဲ့ဗျ(မည်) )၂
ခေတ်သစ်ထူထောင်မည်
အေးချမ်းသာယာသည်
နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။
( သိဒ္ဓိအဖုံဖုံလုံခြုံစေမည်
နေ့စဉ် (ညစဉ်) ဖိုမထိုးဘဲ အကျိုးပေးနိုင်မည် )၂
( ဗမာပြည် နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးပျံနိုင်မည် )၂
မွဲတဲ့လူတွေ ငွေမရှားရအောင်
ကြိုးစားလို့ ဆောင်ရွက်ခါမှန်း
ထွက်ရပ်လမ်းပြမည်။
(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်)၂
( ဒို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့ မညှိုးမီ
အကျိုးထူးပေးတော့မယ်တဲ့ဗျ(မည်) )၂
ခေတ်သစ်ထူထောင်မည်
အေးချမ်းသာယာသည်
နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။
Posted by
Niyawdar
at
2:02 AM
0
comments
Labels: သူတို့ 
Friday, May 29
ကာလနှယ် ဆိုးပါဘိ
စလေဦးပုည
ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊ တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။
လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊ တူရိယာ နတ်စည်စောင်း၊ သူဖုန်းတောင်းချင်းကတဲ့သွင်။ ၀ါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်းပလေး။ ။
Type the rest of your post here..
Posted by
Niyawdar
at
1:40 PM
0
comments
Labels: သူတို့ 
Tuesday, May 12
ပန်းရောင်ဆေးပြားလေးနှစ်ပြား
လူထုဒေါ်အမာ
ဒီအကိုက်အခဲက ပြန်ပေါ်လာပြန်ပြီ။ ဒါကြောင့် အဒေါ်ရွှေက ထိုင်ချလိုက်ပြီး၊ အိမ်ထရံ ကို နောက်ကျောမှီရင်း ခေါင်းကိုလည်း ထရံနဲ့ပဲ ထိထားပြီး မော့ထားလိုက်ရတယ်။ သူ့ခေါင်းထဲမှာ မရေမတွက်နိုင်တဲ့ ပိုးကောင်မွှားကောင်လေးတွေ အထောင်အသောင်းက တရွရွနဲ့ ဦးနှောက်ကို ကိုက်ဖောက်စားသောက် နေကြသလား အောက်မေ့ရတယ်။ ကိုက်လာ တဲ့ခေါင်းက နားထဲမှာလည်း အသံတွေက ဝုန်းဝုန်းချင်း စပ်လို့။ မျက်လုံးကလည်း ဘာမှမကွဲ ပြားတော့ဘူး၊ ပြာနေပြီ။ ဟိုအထက်မှာတော့ အလင်းရောင်တခု ဖျပ်ခနဲ ဖြစ်သွားသလားမသိ။ သူ့ခေါင်းရဲ့ နောက်ဘက်မှာ အင်မတန် လေးလံတဲ့ပစ္စည်းကြီးနဲ့ ဖိထားသလား အောက်မေ့ ရတယ်။ နာကျင်ကိုက်ခဲမှုက ဘယ်လောက်တောင်လဲဆိုရင် သူ့မှာရှိသမျှ အင်အားလေး တောင် ဘယ်ရောက်သွား မှန်းမသိလို့ သူ့ခြေ၊ သူ့လက်တွေကို မသယ်ချင်၊ မ မ,ချင်တော့ ဘူး။ သူ့ ရင်ဘတ်ထဲက နှလုံးက တဒုန်းဒုန်းနဲ့ ခုန်နေသံကို သူ့နားက အတိုင်းသား ကြားနေသလိုပဲ။ မွေးညှင်းပေါက် ရှိသမျှက ထွက်တဲ့ချွေးက တကိုယ်လုံးရွှဲနစ်နေပြီမို့ လေကလေး နည်းနည်း တိုက်ရင်တောင်မှပဲ သူ့ရင်ဘတ်ကို ဓါးတွေနဲ့ ဝိုင်းထိုးကြသလို အေးစိမ့်လာတယ်လေ။
အဒေါ်ရွှေ ဝေဒနာခံရပုံတွေက သိပ်ဆိုးရွား ပါတယ်။ သူ့မှာ ပင်ပမ်းလွန်းလို့ မျက်စိကိုမှိတ် ထားရတော့တယ်။ ကိုက်ခဲပုံက သူ့တကိုယ်လုံးကို စီးပြီး ချုပ်ထားသလိုကိုး၊ ပြီးတော့ တချိန်ထက်တချိန် ပိုပြီးဆိုးလာတယ်လို့လည်း ခံစားရတယ်။ ဒါကြောင့် ရှိရှိသမျှ ခွန်အားကို စုစည်းပြီး သူ့လက်တဖက်ကို မလိုက်တယ်။ ပြီးတော့ ခြင်းတောင်းကလေးထဲက ပစ္စည်းတခုကို သူက လက်နဲ့လိုက်စမ်းပါတယ်။ အဒေါ်ရွှေက ကြီးလှပြီ ဆိုတော့ သူ့လက်ကြီးကလည်း အရေတွေ တွန့်ချင်တိုင်း တွန့်နေပြီလေ။ ဒါကြီးနဲ့ ခြင်းတောင်း ထဲအတော်ကြာ လျှောက်နှိုက်ပြီးရှာတော့ သူလိုချင်တဲ့ ဗူးကလေးကို တွေ့သွားတယ်။ ဒါကြောင့် ဆွဲယူ အဖုံးကလေးကြိုးစားဖွင့်ပြီး မျက်စိကတော့ မှိတ်ထားရင်းနဲ့ ပရုပ်ဆီကို သူ့နှာဝမှာ တေ့ထားလိုက်တယ်။
နောက် ဗူးထဲက ပရုပ်ဆီတကော်ကိုကော် ပြီးနားထင်တွေရယ်၊ လည်ပင်းနဲ့ နှာခေါင်းဝရယ်ကို လိုက်ပြီးပွတ်ပါတယ်။ သူ့မှာ အကိုက်အခဲကြီးက တဖက်နဲ့မို့ ပင်ပန်းလိုက် တာ။ ပရုပ်ဆီရဲ့ အပူက အသားထဲဝင်သွားတော့ နည်းနည်း သက်သာသလိုထင်ရတယ်။ ဒါကြောင့် ရင်ဘတ်နဲ့ကျောကို ပရုပ်ဆီတကော် ထပ်ယူပြီး လိမ်းပြန်တယ်။ လိမ်းရင်းကလည်း သူ့ကိုသူ လက်တုန်တုန်ချိချိနဲ့ပဲ တတ်အားသလောက် ဖိရနှိပ်ရတယ်လေ။ အဒေါ်ရွှေဟာ အသက်ရှူကတော့ မြန်တုန်းပဲ။ ရင်ထဲက တဒိန်းဒိန်းကလည်း ခုန်တုန်းပဲ။ ဒါပေမယ့် တကိုယ်လုံး ပူထူရှိန်းဖိန်းသွားတော့ နဂိုခံနေရတဲ့ အကိုက်အခဲကို နည်းနည်းတော့ မေ့ပျောက်သွားပါတယ်။
အဒေါ်ရွှေ ဒီလိုဖြစ်တာ ဒီတခါ မဟုတ်ဘူး။ မကြာခဏဖြစ်တာပါ။ ဖြစ်တိုင်း လူဟာ မောပန်း နွမ်းလျပြီး ကျန်ရစ်တာချည်းပဲ။ ပြီးတော့ ဒီရောဂါက လေတိုက်သလိုပဲ၊ လေဟာသူ ဘယ်တော့ တိုက်မယ်လို့ ဘယ်တော့မှ ကြိုတင်မပြောသလို သူ့ရောဂါကလည်း ငါဘယ်တော့လာမယ်လို့ ကြိုတင်ပြောလေ့မရှိဘူး။ ဖြစ်လာပြီဆိုရင် တကယ့် နက်နက် ရှိုင်းရှိုင်းပဲ။ လူတကိုယ်လုံး နာစရာရှိသမျှ အကုန်နာလာတယ်။ ဖြစ်နေတုန်းဆိုရင် ဝေဒနာက သူ့ခန္ဓာကိုယ်က ပြန်ထွက် သွားချင်တဲ့ ပုံမပြဘူး။ တခါတည်း အသက်ပါချွေ သွားတော့ မလိုပဲ။
ဒီလိုနာလာတိုင်း အဒေါ်ရွှေက သူ့ဖာသာ သူဝေဒနာကို ဒီလိုကုရတာပါပဲ။ ပရုပ်ဆီ တကိုယ်လုံးကို လိမ်းပေးပြီး ဖျာရှိရာကို ဖင်တရွတ်တွန်းယူရတယ်။ ဖျာပေါ်ရောက်တော့ လှဲအိပ်ပြီး သူ့ ရောဂါထွက်အသွားကို စောင့်ရတယ်လေ။ အဲ- တခါတလေကျတော့ သူ့မှာ ပိုက်ဆံကလေး ဘာကလေးရှိမယ်၊ ခွန်အားလေးလည်း နည်းနည်းပါးပါး ကျန်သေးတယ် ဆိုရင်ရှိတဲ့ ပိုက်ဆံကလေးဆုပ်ပြီး လမ်းထဲက ကုန်စုံဆိုင်ကို ရောက်အောင်သွားရတယ်။ နားထဲက တဝုန်းဝုန်းအသံနဲ့ ရင်ဘတ်က တဒိန်းဒိန်းသံကို နာခံရင်းနဲ့ပေါ့။ ဆိုင်ရောက်တော့ ယဟုမ်းအားတိုးဆေးထုပ်ကလေး ဝယ်လာပြီး အမှုန့်ကိုပါးစပ်ထဲထည့် ရေနဲ့ သောက်ချလိုက် ရတယ်။ သူ့ရောဂါ သူ့ဝေဒနာအတွက် သူ့မှာ ပရုပ်ဆီနဲ့ ယဟုမ်း အားတိုးဆေးပဲရှိတယ်။
အဒေါ်ရွှေက ဒီဝေဒနာက သူ့အသက်ကို ပါတပါတည်း ချွေသွားပါတော့လို့ ဆုတောင်း ခဲ့တာ အခါခါရှိလှပြီ။ နို့ပေမယ့် ဆုတောင်း မပြည့်ပါဘူး။ ဖြစ်လာပြီဆိုရင် မခံမရပ်နိုင်အောင် တခါထက်တခါ ပိုကိုက်ခဲလာတာချည်း။ မလှုပ်ကို မလှုပ်နိုင်တော့တဲ့အထဲက ခဲခဲယဉ်းယဉ်း နဲ့ ဒီဗူးကလေးကိုယူ၊ ဗူးကလေးထဲက ပရုပ်ဆီကို တကိုယ်လုံးလိမ်း၊ ဒါနဲ့ တသံသရာ လည်ပြန်ရော။ ဒီပရုပ်ဆီက ခဏတော့သက်သာတယ်၊ ဒီအနာကို တခါထည်း မပျောက်ကင်း စေနိုင်မှန်းလည်း သိသားပဲ။
တယောက်တည်း နေရတဲ့ တကောင်ကြွက် လူဆင်းရဲများရဲ့ ဘဝက ဒီအတိုင်းချည်း ပါပဲလေ။ ဘာဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် လုပ်ရမှာပဲ။ ဒါကြောင့် တခါတလေ အဒေါ်ရွှေက ငါဘာလို့များ ဒီလိုတကောင်ကြွက်ဘဝနဲ့ အသက်ရှည်နေတာပါလိမ့်၊ ငါ့ဘဝမှာ ငါတယောက် တည်း တသက်လုံးပါကလား။ ငါ့အတွက် ပူပန်သောက ရောက်မယ့် ဆွေမျိုး၊ ငါ့ကိုကြည့်ရှု စောင့်ရှောက်မယ့်ဆွေမျိုးရယ်လို့လည်း တယောက်မှ မရှိပါကလား။ ငါ ဘယ်သူ့အတွက် အသက်ရှည်ရဦးမယ်လို့လည်း ပြောစရာမရှိ၊ ငါ့အတွက် အသက်ရှည်နေတဲ့ ဘယ်သူဘယ်ဝါ ရယ်လို့လည်းမရှိ။ တငုတ်တုတ်တုတ်နဲ့ အလကားအသက်ရှည်နေခဲ့တာ၊ ပျော်စရာ၊ ရွှင်စရာရယ်လို့လည်း ဘယ်တော့မှ ဘာကမှ မရှိခဲ့။ ဒါ့ကြောင့် ငါ့ဘဝ၊ ငါ့ အသက်ရှင်သမျှဟာ ဆင်းရဲတွင်းနက်နက်တူးဖို့ လူဖြစ်နေရတဲ့ ဘဝပဲလို့ အောက်မေ့တတ်တယ်။ တနေ့ပြီးတနေ့ ခံစရာရှိရင် ကိုယ်ခံရတယ်။ အဲဒီ အထဲက အမျိုးမျိုး ကြိုးစားပြီး ရုန်းထွက်ရတယ်။ တနေဝင် တနေထွက် ဆက်လို့သာနေပါရော။ အဖော်အလှော်မရှိတဲ့ အထီးကျန်ဘဝကြီးမှာ စိတ်ချမ်း သာစရာကောင်းတဲ့အဖြစ်မျိုး တခုမှမရှိပါဘူး။ ဒီလို ဆိုရင် ဘာဖြစ်လို့ရုန်းကန်နေသေးလဲ၊ သေမယ့်နေ့ကို တနေ့ရွှေ့, ရွှေ့လို့ရနေ သလားဆိုပြီး လုပ်နေတာလား။ ဘာများကောင်းလို့ လဲ။ သူ့အဖို့ ကနေ့ သေရတာနဲ့ နက်ဖြန်မှ သေရမှာ ဘာမှထူးခြားမှု ရှိတာမဟုတ်ပါဘူး။ မြန်မြန်သေရင် မအေးပါလားလို့ အဒေါ်ရွှေက သူ့ဖာသာသူလည်း ခဏခဏ မေးမိ ညည်းမိ ပါရဲ့။
သူ့မျက်လုံးတွေကို အကြာကြီးပိတ်ထားပြီးတဲ့အခါ ပြန်ဖွင့်ကြည့်ဖို့ အဒေါ်ရွှေက ကြိုးစားတယ်။ သူ့နှလုံးက အခုန်မြန်တုန်းပါ။ သူ့ခေါင်းကလည်း ကိုက်နေတာပါပဲ။ သူ့ နောက်စေ့ကလည်း မူးနောက်နောက်ဖြစ်လာအောင် လေးလံနာကျင်နေဆဲပါ။ သူ့မျက်စိ ရှေ့က အမည်းကွက်ကြီးကတော့ တဖြည်းဖြည်းလျော့ပါးလာပြီ။ ဒါကြောင့် ငှက်ပျောသီး တောင်းကြီးကို ငေးကြည့်မိတယ်။ နယ်ထားတဲ့ မုံ့နှစ်နဲ့ရောဖို့ ငှက်ပျောသီးတွေက ချေထားပြီး သား မဟုတ်လား။ ငှက်ပျောဖက်ကလေးတွေကလည်း တထုပ်စာစီ အနေတော်ဖြတ်ပြီး အပုံလိုက်ထပ်ထားတာ။ ခုတော့ လေတိုက်လို့ လွင့်တောင်ကုန်ပြီကော၊ တဲစပ်ထိုးဖို့ ထန်း ရွက်ကျောကလေးတွေကို ဓါးနဲ့သေသေချာချာသပ်၊ အနေတော်ဖြတ်ပြီး တဖက်ချွန်ထားတာ တွေလည်း သူ့ဘေးမှာ ဗလနှံ့ကြဲနေတယ်။ အဲဒီတော့ နေမကောင်းတာ ကောင်းတာအပထား၊ ငှက်ပျောထုပ်တော့ ပြီးအောင်ကို လုပ်ရမှာပဲ။ မလုပ်နိုင်လို့ ပစ်ထားလိုက်ရင် ချေထားတဲ့ ငှက်ပျောသီးတွေ အလကားဖြစ်ကုန်တော့မပေါ့။ အဒေါ်ရွှေက ရင်ထဲတဒိန်းဒိန်း မြည်နေတဲ့ ကြားက ကိုယ်ကိုမတ်ပြီးထိုင် လိုက်တယ်။ ပြီးတော့ ချေထားတဲ့ ငှက်ပျေသီးအိုးကို သူ့ရှေ့ယူလိုက်တယ်။ မနေ့ညကတည်းက အိစက်နေအောင်နယ်ထားတဲ့ မုန့်နှစ်အိုးကို ငှက် ပျောသီးနယ်ထားတဲ့အိုးထဲ အကုန်လောင်းထည့်ပြီး ငှက်ပျောသီးနဲ့မုန့်နှစ် သမအောင် အား ရှိသမျှနဲ့ မွှေပြန်တယ်။ သူ့လက်တွေက တုန်နေပါတယ်။ မုန့်နဲ့ငှက်ပျော ရောနယ်နေတဲ့ အထဲ ထန်းလျက်ရည်နည်းနည်း လောင်းထည့်ပြန်တယ်။ အားလုံး သမပြီဆိုတော့ ငှက်ပျောဖက် ကလေးတွေထဲ တဇွန်းစီခပ်ထည့်ပြီး အထုပ်ကလေးတွေ ညီညီ ထုပ်တယ်။ ပြီးတော့ ဒီမုန့်ထုပ်ကလေးတွေကို ပေါင်းအိုးထဲမှာ စီထည့်ပါတယ်။ အားလုံးထည့်ပြီးတော့ ပေါင်းအိုးကို မီးဖိုပေါ် ဖြည်းဖြည်းချင်း မတင် ပါတယ်။
ဆိုက်တဲ့ထင်းတွေက ခြောက်လေတော့ လိမ္မော်ရောင်မီးတောက်တွေက ပေါင်းအိုး အောက် က ရေနွေးအိုးကို လျှာနဲ့လျက်ပြီး ကောင်းကောင်း အပူပေးနေပါပြီ။ အဒေါ်ရွှေလည်း မုန့်အိုးဖိုပေါ် ရောက်ပြီမို့ အရင်နေရာကိုပြန်ထိုင်ပြီး လေထဲ ပျောက်ကွယ်သွားတဲ့ မီးခိုးတွေကို ကြည့်ရင်း သူ့ ဘဝအဲဒီလို ဖြစ်မယ့်နေ့ရက် ဘယ်တော့များ ရောက်လာမှာပါလိမ့်လို့ တွေးနေ မိတယ်။
မီးဖိုပေါ်က မီးအားကောင်းလာတာနဲ့အမျှ ရေနွေးအိုးက ကျိုက်ကျိုက်ဆူပြီး မုန့်တွေကို အငွေ့တွေက ပေါင်းပေးနေပါပြီ။ အဒေါ်ရွှေကတော့ ရေဆူသံပွက်သံကို နားထောင်တာနဲ့ သူ့ မုန့်ဘယ်အချိန်မှာ နပ်တယ်ဆိုတာကို သိပါတယ်။ ကျက်ပြီဆိုတော့ အိုးကိုချဖို့ ထရပ်လိုက် ပါတယ်။ ထ, အရပ်လိုက်မှာ လူကမိုက်ခနဲပြီး မူးသွားတယ်လေ။ မျက်လုံးကလည်း မမြင်ရတော့ဘူး။ တဒုန်းဒုန်း မြည်တဲ့ရင်ကလည်း ပိုလို့ပဲမြန်လာတယ်။ ဒါ့ကြောင့် အရင်အတိုင်းပဲ သူ့အိမ်ထရံကို ပြန်ပြီး မှီထိုင်ရပြန်တယ်။
လာပြန်ပါပြီ၊ အကိုက်အခဲက နောက်တကျော့။ ဒီတခါ အရင်ထက် ပိုဆိုးလာ သလားပဲ။ အဒေါ်ရွှေက မျက်စေ့နှစ်လုံးကို မှိတ်ထားရတယ်။ သူ့ခေါင်းကိုဝိုင်းပြီး ကိုက်ဖောက် နေကြတဲ့ ပိုးမွှားတွေက ဒီတခါတော့ ခေါင်းခွံရိုးကိုပါ တစစီဖြစ်အောင် ကိုက်ဝါးနေကြပြီ ထင်တယ်။ သူမှိတ်ထားတဲ့ မျက်လုံးပတ်ချာလည်မှာ ကြယ်တွေမှိတ်ချီ လင်းချီနဲ့ လှည့်ပြေး နေကြတယ်။ နာလွန်းလို့ ထွက်လာလိုက်တဲ့ ချွေးတွေကလည်း တကိုယ်လုံးရေထဲ နှစ်ထား သလိုပဲ။ ဒါ့ကြောင့် အနေရာရာကအေးစက်နေပြီး သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေမှာ လှည့်ပတ်စရာသွေးမှ ရှိသေးရဲ့လား အောက်မေ့ရတယ်။
အဒေါ်ရွှေက ပရုပ်ဆီဗူးကို ထပ်ရှာရပြန်ပြီ။ ဗူးထဲ လက်နှိုက်ပြီး ယူလိုက်တော့ ပရုပ်ဆီက များများမပါတော့ဘူး။ ကုန်တော့မှာကိုး။ ဒါကြောင့် ရသမျှ ခြစ်ချုပ်နှိုက်ပြီး နားထင်တွေ နားရင်းတွေကို လိမ်းရင်းနှိပ်တယ်။ ပြီးတော့ ထိုင်ရာကထ၊ သပေါ့ ဖျာဟောင်းလေးပေါ်မှာ သူ့ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်ရတယ်။
ခဏတော့ သူ့ငှက်ပျောထုပ်တွေကို မေ့နေပါတယ်။ သူဘာမှ ဆက်မလုပ်နိုင်တော့ ဘူးလေ။ ဘာအားမှ မရှိတော့တာပဲ။ ဒီလိုဖြစ်ရက်နဲ့ ဇွတ်အတင်း သူ့ခန္ဓာကိုယ်ကို စေခိုင်း မယ်ဆိုရင်၊ ရေနွေးအိုး ပေါ်ဖြစ်ဖြစ်၊ မီးဖိုပေါ်ဖြစ်ဖြစ် သူလဲကျတော့မှာပဲ။
အသက်ကို မြန်မြန်နဲ့ မှန်မှန်ရှူနေပေမယ့် သူ့ရှူသံက မပြင်းပါဘူး။ သိပ်ကိုချိနဲ့ အားကုန်နေတာပါ။ အကိုက်အခဲကလည်း ခေါင်းကနေပြီး တကိုယ်လုံးကို ပျံ့နှံ့သွားပါပြီ။ ဒီရောဂါရဲ့ အနှိပ်အစက်ခံရပုံဟာ ဘယ်လိုပြောရမှန်း မသိအောင်ကို ပြင်းပါတယ်။ ဒါကြောင့် တကယ်လို့များ ဒီလိုခံစားနေရင်း အသက်ရှင်နေမလား၊ သေလမ်းကိုရွေးမလား မေးရင် သေပါရစေလို့ အဒေါ်ရွှေက ချက်ချင်း ပြောမှာပါ။
အိပ်ရာပေါ်မှာ နာနာကျင်ကျင်နဲ့ သူကုန်ဆုံး ရတဲ့အချိန်တွေက တမိနစ်ဆိုတာ တကယ့်နှေးနှေး ကွေးကွေးတမိနစ်၊ သူ့ကိုဝေဒနာထဲ စိမ်ပြေနပြေ နှစ်ပြီး ကြိုက်သလောက် နှိပ်စက်နေတဲ့ တမိနစ် လိုပဲ။ နာလွန်းကျင်လွန်းတော့ သဲ့သဲ့လေးကိုတိုက် ခတ်တဲ့လေပေမယ့် သူကမခံချိနိုင်ဘူး။ နာကျင်လွန်းလို့ သူ့မျက်စိက မှိတ်ထားလိုက်တဲ့အခါတိုင်း၊ သူ့ဦးနှောက် ထဲက ရှိရှိသမျှသွေးကြောတွေက ပေါက်ကွဲထွက်ကုန်ပြီး ပိုးတွေမွှားတွေက တအားကိုက်ခဲ စားသောက်ကုန်ကြတယ်လို့ သူထင်တယ်။ အဒေါ်ရွှေက အဲဒီလိုခံစားရင်း လဲနေတာ မနက်ကထဲကဟာ ခုဆို နေမွန်းတည့်တောင် မကတော့ဘူး။ ဒါကြောင့် မီးဖိုထဲကမီးတွေ လည်း အားလုံးသေကုန်ပြီ။ အနို့ပေမယ့် သူ့ကိုကိုက်ခဲစားသောက်နေကြတဲ့ ပိုးတွေကတော့ သူအသက်ရှူနေနိုင်သေးသမျှ၊ သူ့ကို နှိပ်စက်ကိုက်ခဲနေကြမှာ ထင်ပါ ရဲ့။
ခံရပုံတွေက လွန်လွန်းလှပါကလား။ ဘာကြောင့် ဒီလောက်နဲ့ရပ်တန့်ပြီး သူ့ကိုသေရွာ မပို့ သလဲ။ ခုလိုခံနေရတာထက်တော့ ဘာဖြစ်ရဖြစ်ရ တော်ဦးမှာပါ၊ လူကတော့ဘယ်နည်းနဲ့မှ မသေနိုင်ဘူး။ ဝေဒနာက သူ့ကို ကောင်းကောင်းကြီး ဆက်နှိပ်စက်နေဦးမှာဆိုရင် သူမနေလို တော့ပါဘူး။
အဒေါ်ရွှေက သူ့ခေါင်းအုံးအောက်ကို လက်နှိုက်စမ်းတယ်။ လက်ထဲမှာတွန့်နေတဲ့ ဘတ် ၁ဝ တန်စက္ကူလေးတွေ တွေ့တယ်။ ဒါလေးတွေက ငှက်ပျောထုပ်လည်ရောင်းရင်း တတ်အားသမျှ သူစုထားတဲ့ ပိုက်ဆံလေ။ ဒါလောက်ကလေးရဖို့ကို စုလိုက်ရတာ အကြာကြီးပါ။ မျက်စိဖွင့်ပြီး ဒီငွေ စက္ကူတွေကို သေသေချာချာကြည့်တယ်။ ၁ဝတန် သုံးရွက် ဖြစ်ပါတယ်။ ဒါတွေနဲ့ဆိုရင် သူ့ဝေဒနာ အကုန်လုံးကို ပျောက်ကင်းသွားအောင် ကုစားနိုင် ကောင်းပါရဲ့။ သူတို့လမ်းကြားကနေပြီး လမ်းမကြီး ထိပ်ကို အတက်ဘက်မှာ ဆေးခန်းတခန်း ရှိပါတယ်။ အဲဒီ ဆေးခန်းဆရာဝန်ကတော့ သူ့ကိုနှိပ်စက်နေတဲ့ ပိုးတွေမွှားတွေကို တခါတည်း သေကုန်အောင် အပျောက်ကုပေးနိုင်မယ်ထင်ပါရဲ့။
အမှန်အတိုင်းဆိုရင် အဒေါ်ရွှေက ဘာဖြစ်ဖြစ် ဆရာဝန်ဆီကို မသွားချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာဆိုတာ ခန္ဓာကိုယ်ထဲကနေပြီး သူလာချင်တဲ့အခါလာ သူပြန်ချင်တဲ့အခါ သူ့ သဘောအတိုင်း ပြန်သွားတတ်တာမျိုး၊ ဒီလူ့ လောကကြီးထဲ သူလူဖြစ်လာပုံမျိုးပေါ့။ ရောက်ချင်သလိုရောက်လာပြီး သူသေချင်ရင် သေသွားတာ မျိုးနဲ့ အတူတူပါပဲလို့ တွေးခေါ်ထားတာကလား။ ဒါပေမယ့် ဒီတခါတော့ သေမင်းရဲ့အခေါ်ကို ဒီအ တိုင်းသူဆက်ပြီး မစောင့်နိုင်ဘူး၊ ဝေဒနာခံရတာက ဆိုးရွားလွန်းတယ်။ ဒါကြောင့် မထိုင်နိုင် ထိုင်နိုင်အောင် အတင်းကြိုးစားပြီး အဒေါ်ရွှေက ထိုင်တယ်။ ဘတ်စက္ကူကလေးတွေကို လိပ်ပြီး လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်တယ်၊ ပြီးတော့ အတင်းဆွဲပြီး မတ်တတ်ထပါတယ်။ ယိုင်တိယိုင်တိုင်နဲ့ပဲ ရပ်လို့ရလာပါပြီ။ ကြိုးတန်းပေါ်က သူ့အင်္ကျီအပြာကို ဆွဲယူပြီး အပေါ်က ကောက်ထပ်ဝတ်တယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ကို တလက်မချင်း အတင်းအဓမ္မ အရွေ့လျားခိုင်းပြီး လမ်းထိပ်ပေါ်ရောက် အောင်လာခဲ့ပါတယ်။
"အဒေါ်ကနေ့ ငှက်ပျောထုပ် မရောင်းဘူးလား" လို့ အသိတယောက်က သူ့ကိုလှမ်း မေးတော့-
"နေသိပ်မကောင်းဘူးကွယ်" လို့ သူက ဖြေတယ်။
"ဒါဖြင့် ဆရာဝန်သွားပြလေ၊ ဒေါက်တာ ဝိဆတ်က တကယ်သဘောကောင်းပါတယ်" လို့ အဲဒီလူက ပြန်ပြောတယ်။ အဒေါ်ရွှေက ဖြည်းဖြည်းခေါင်းညိမ့်ပြပြီး ဆက်လာခဲ့တယ်။ နှုတ်ဆက်လိုက်တဲ့သူက ဘာမှန်းမသိ ဆက်ပြောပါသေးတယ်။ သူ့နားက ဘာရယ်မကွဲ တော့ဘူး။ နားထဲက တဝုန်းဝုန်း မြည်နေတာတွေက သိပ်ဆိုးနေပြီကိုး။
အဒေါ်ရွှေ လမ်းကြားက လမ်းမပေါ်ရောက်အောင် နာရီဝက်လောက် လာခဲ့ရတယ်။ မောလွန်းလို့ လမ်းမှာနားနားပြီး ထိုင်နေရတာက အကြိမ်ကြိမ်ပါ။ အတော်ကြာနားပြီးမှ ဆက်နိုင်တာ ချည်းပါ။
ဆရာဝန်ဆေးခန်းကတော့ ဖွင့်နေပါပြီ။ ဆေးခန်းရှေ့မှာ ရပ်ထားတဲ့ မှန်လုံကား အရောင်ရင့်ကြီးက ဆရာဝန်ကားပဲ ဖြစ်မှာပါ။ ဒီလမ်းကို သူလာတိုင်း ဒီကားကြီး ရပ်ထားတာ မြင်နေကျပဲဟာ။ အဒေါ်ရွှေက ကားကြီးကိုကျော်ပြီး ဆေးခန်းထဲ ဝင်ခဲ့တယ်။ ပြီးမှ ဘယ်ထိုင်ရ မှန်းမသိလို့ ငူငူကြီးရပ်နေတော့-
"ထိုင်ပါခင်ဗျာ" လို့ ဆင်နားရွက်တံခါးကို တွန်းဖွင့်ပြီး ထွက်လာတဲ့ အသားညိုညိုနဲ့ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူရွယ်တယောက်က အဒေါ်ရွှေကို လှမ်းပြောပါ တယ်။ သူဝင်လာတာမြင်လို့လေ။
"ဒီနေ့တော့ ကျွန်တော်တယောက်တည်းမို့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်လူနာကို ဧည့်ကြိုလုပ်ရတော့မှာပဲ" လို့ ရင်းနှီးဖော်ရွေတဲ့အပြုံးနဲ့ ပြောပါတယ်။ အဒေါ်ရွှေက တခြားလူနာတွေကို ကျော်ခဲ့ပြီး ခုံရှည်တခုရဲ့ အစွန်မှာ ဒိပြင်လူနာတွေနဲ့အတူ ဝင်ထိုင်လိုက် ပါတယ်။ "ဒီလူဆရာဝန်ဖြစ်မှာပဲ" လို့လည်း ဆင်နားရွက်တံခါးလေးရဲ့ အတွင်းထဲ ဝင်သွားတဲ့ လူရွယ်ရဲ့ နောက်ကျောကိုကြည့်ရင်း အဒေါ်ရွှေက အကဲခတ်လိုက်တယ်။ ပြီးတော့ စိတ် ထဲမှာပေါ့ပြီး စိတ်ချစိတ်အေးသွားတယ်။ ဒီလိုညင်သာတဲ့ ပြုံးရွှင်တဲ့လူနဲ့ ဆရာဝန်အလုပ်နဲ့ လည်း လိုက်ဖက်လိုက်တာလို့လည်း အောက်မေ့ဝမ်းသာမိတယ်။ ဆရာဝန်ဆိုတဲ့အလုပ်က လူတဖက်သားကို ကြင်နာတတ်ဖို့၊ ညင်ညင်သာရှိဖို့ လိုတယ်ဟုတ်လား။ ခုဒီလိုဟာနဲ့ တွေ့တော့ သူ့မှာဆေး မစားရခင် ရောဂါတဝက်ပျောက်နေသလိုပဲ။ အဒေါ်ရွှေက လူနာစမ်းတဲ့ အခန်းကလေးထဲကို မျက်ခြေမပြတ် လှမ်းကြည့်နေမိတယ်။ ဆရာဝန်လဲ ဒီထဲမှာတင် ရှိတယ်လေ။ အထဲမှာ ဘာတွေများ လုပ်ပေးတာပါလိမ့်လို့ တွေးပြီးကြောက်လဲ ကြောက်နေ တယ်။ ဆရာဝန်ရဲ့ ပြုံးနေတဲ့ မျက်နှာနဲ့ ကြင်နာတဲ့ အမူအရာကြောင့်သာ ခံနိုင်တော့တယ်။
သူ့အနားက သူ့လိုစောင့်နေကြသူတွေထဲက တယောက်ပြီးတယောက် ဒီအခန်းလေး ထဲကို တအောင့်လောက်စီတော့ ဝင်သွားကြတယ်။ ပြီးရင် ဆရာဝန်နဲ့အတူ ပြန်ထွက်လာကြ ရော၊ ဆရာဝန်က စပွဲမှာထိုင်ပြီး စာတရွက်နဲ့ရေးရော၊ ရေးပြီးရင် စက္ကူအိတ်ကလေး ၂ အိတ်၊ ၃ အိတ်နဲ့ ဆေးပေးတယ်ထင်တာပဲ။ လူနာက ငွေစက္ကူ အထပ်လိုက်တွေ ပေးပြီး ယူသွားကြတာလည်း မြင်တယ်။
ဆရာဝန်က ငွေယူပြီးရင် နောက်တယောက်လာခဲ့ဖို့ ချိုသာကြင်နာတဲ့ အသံနဲ့ ခေါ်ပြန်ရော။
"အမကြီးလာပါ"တဲ့။ ဆရာဝန်က။ ဒီတခါ အဒေါ်ရွှေကို ကြည့်ပြီး ဆရာဝန်က ပြောတာပါ။ "အမကြီးအလှည့်ပါ" တဲ့။ အဒေါ်ရွှေလည်း ဆရာဝန်ကိုကြည့်ပြီး ကြောင်တောင် တောင် လုပ်နေတော့ ဆရာဝန်က ခေါင်းကလေး အသာညိတ်ပြီး "အမကြီးခေါ်တာ၊ အမကြီးအလှည့်ပါ" တဲ့။
အဒေါ်ရွှေက ဂွတိဂွစာ ထိုင်ရာက ထတယ်။ ဆရာဝန်ဆီ ဒီလိုလာတာ ဒါပထမဆုံး အကြိမ် မဟုတ်ပေမယ့် အရင်တခါလာဖူးတာ ကြာလှပြီမို့ ဆရာဝန်ရှေ့ ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာ သူမ မှတ်မိတော့ပါဘူး။ ဒါကြောင့် တခြားလူတွေ လုပ်သလို ဆင်နားရွက်တံခါးကလေးဆီကို လှမ်းခဲ့ပါတယ်။ ဆရာဝန်ကသူ့ကို အခန်းထဲက စောင့်နှင့် နေပါပြီ၊ အပြုံးကလေးနဲ့။
"အဲဒီအိပ်ရာလေးပေါ် တက်ပါခင်ဗျာ" တဲ့။ နံရံကပ်ပြီးခင်းထားတဲ့ အိပ်ရာကလေးပါ။ အဒေါ်ရွှေက ပလပ်စတစ်ခင်းဖြူဖြူလေးအုပ်ထားတဲ့ အိပ်ရာပေါ်ကို တက်လိုက်ပါတယ်။
"အိပ်ပါ၊ ခြေထောက်ကလေး ဆန့်ထားပါ။- အဲဟုတ်ပြီ၊ အဲဒီလိုပေါ့ အမကြီးရယ်" လို့ပြော ပြောဆိုဆို ဆရာဝန်က ကုတင်ဘေးကိုရောက်လာပြီး အဒေါ်ရွှေလက်ကိုဖမ်းပြီး သူက ဆုပ်လိုက်တယ်။ လက်ကိုခဏ မြှောက်ထားတယ်။ နောက် အခန်းထောင့်မှာ စားပွဲခင်း ဖြူလွလွကလေး ခင်းထားတဲ့ စားပွဲပေါ်က ပစ္စည်းလေး တခုနှစ်ခုယူပြီး အိပ်ရာဘေးပြန် လာတယ်။
"လျှာကလေးထုတ်ပြပါအမကြီး" တဲ့၊ အဒေါ်ရွှေက ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။ ဆရာဝန်က ခေါင်းကလေး အသာညိမ့်တဲ့ပြီး ထုတ်ထားတဲ့ လျှာကို ပြန်သိမ်းခိုင်းတယ်လေ။ ပြီးတော့ လက်ကလေးတွေနဲ့ အဒေါ်ရွေရဲ့ မျက်လုံး(၂)လုံးကို ဖြဲကြည့်တယ်။ ပြီးတော့ ရင်ဘတ်ပေါ်ရွှေ့ ဖိနှိပ်ထားတဲ့သူ့လက်ကို သူ့တဖက်လက်က လက်ချောင်းကလေးတွေနဲ့ ခေါက်တယ်။ ဟိုနေရာရွှေ့ ခေါက်လိုက်၊ ဒီနေရာရွှေ့ ခေါက်လိုက်နဲ့။ အဒေါ်ရွှေက သူ့ခေါင်းထဲ ဝင်ကိုက်ခဲနေတဲ့ ပိုးကောင်ကလေးတွေနဲ့ အခု ဆရာဝန်လုပ်နေတာနဲ့ ဘယ်လိုများ ပတ်သက် သက်ဆိုင်ပါလိမ့်မတုန်းလို့ တွေးနေတယ်။
နောက်ဆုံးအနေနဲ့ သူ့လည်ပင်းဆွဲထားတဲ့ ကြိုးတန်းလန်းနဲ့ အပြားကလေးကိုယူ၊ သူ့နားထဲကို ကြိုးထိပ်က ဘုလေး ၂လုံးထဲ့။ ကြိုးအလယ်ခေါင်က ထွက်လာတဲ့အပြား ကလေးနဲ့ သူ့ရင်ဘတ်ကို လျှောက်ဖိကြည့်တယ်။ အဒေါ်ရွှေက ဆရာဝန်အခုလုပ်နေတာနဲ့ သူ့ခေါင်းထဲက ပိုးတွေနဲ့ ဘယ်လို ဆက်စပ်မှာပါလိမ့်ဆိုတာ တွေးနေတာဘဲ။
ဆရာဝန်က တဖက်လှည့်ပြီး သူ့လက်တွေ ရေပိုက်မှာမဆေးခင် "တော်ပါပြီ" လို့ပြောတယ်။ အဒေါ်ရွှေက မတွေးတတ်ပေမယ့် အိပ်ရာကထ လိုက်ရတယ်။ သူ မခံရပ်နိုင် အောင် နာကျင်ကိုက်ခဲနေတဲ့ ရောဂါကို ဒီလိုစမ်းတာနဲ့ တော်ပြီတဲ့လား။ ဆရာဝန်က ပိုးမွှားလေးတွေ အကောင်တသောင်းလောက်က ဝိုင်းကိုက်နေကြသလိုပါ ဆရာဝန်ရယ် လို့တောင် ပြောပြဖို့ မလိုတော့ဘူးတဲ့လား၊ တယ်တော်တဲ့ ဆရာဝန်ပါလား။
"အပြင်ကြွပါအမကြီး၊ အပြင်ဘက်မှာ ဆေးယူဖို့စောင့်ပါ" တဲ့။ အဒေါ်ရွှေက နားမလည်သလို အူကြောင်ကြောင်နဲ့ အိပ်ရာပေါ်ကို ထိုင်နေသေးတာ မြင်လို့တဲ့လေ။ အဒေါ်ရွှေလည်း ခပ်ဖြည်းဖြည်း အိပ်ရာပေါ်က ဆင်းပါတယ်။ ခြေထောက်က မြေကိုထိတော့ လူကယိုင်သွားလိုက်သေးတယ်။ သူ့မှာဘာခွန်အားမှ ပြန်ဝင်မလာသေးတာတော့ အမှန်ပဲ။
"အမကြီး- ခရမ်းချဉ်သီးတို့၊ အသည်းတို့ များများစားပေး-သိတယ်မှုတ်လား" လို့ပြော ပြီး ဆင်နားရွက်တံခါးလေးကို တွန်းဖွင့်ပြီး အပြင်ခန်းက စားပွဲလေးမှာ တစုံတခုရေးဖို့ ဝင်ထိုင်တယ်။
အဒေါ်ရွှေက ခေါင်းညိတ်ပါတယ်။ ဆရာဝန်စကားကို ကြားတယ်လို့ ဖြေတာပါ။ ဒါပေမယ့် ဈေးမှာက သူစားတဲ့ ငါးမှုန့်ငါးဖွဲ တဆယ်သားကိုပဲ အတော်ပေးမှ ရတာပါ။ ခရမ်းချဉ်သီးတို့၊ အသည်းတို့က သူမစားနိုင်တဲ့ အဆင့်ကပါ။
"ဒီမှာအမကြီး အမကြီးကိုဆွဲမမယ့် အားဆေးတွေ၊ ဟောဒါကို ထမင်းစားပြီးတိုင်း ၂ပြားသောက်" တဲ့။ ပြီးတော့ ပုလင်းကြီးတလုံးထဲက ဆေးညိုညိုကြည်ကြည် အလုံးလေးတွေ ကို စာအိတ်တခုထဲ ရေထဲ့နေပြန်တယ်။ အဒေါ်ရွှေက ဆရာဝန်လုပ်သမျှတွေကို မျက်ခြေမပြတ် ကြည့်နေတာကလား။ ဆရာဝန်ကသူ့ကို ဘာအတွက်ဆွဲ ထူပေးမှာပါလိမ့်၊ သူလိုချင်တာက သူ့ခေါင်းထဲ ကိုက်ခဲထွင်းဖောက် စားသောက်နေကြတဲ့ ပိုးကောင်မွှား ကောင်တွေကို သေစေနိုင်မယ့် ဆေးဝါး မျိုးလိုချင်တာ၊ ပြီး တကယ်ပြောရရင် ဒီအသက်ကြီး ကိုလည်း သူက ရှည်မနေချင်တော့ပါဘူး။
"ဒီဆေးတွေအားလုံးဟာ-အစားစားပြီးမှ သောက်ရမှာနော် အမကြီး" လို့ထပ်ပြောပြီး ဆရာဝန်က ဆေးအိတ်ကလေးတွေကို လှမ်းပေးပါတယ်။ အဒေါ်ရွှေက ဒီဆေးတွေသူ့အတွက် ဘယ်လို အသုံးဝင်လိမ့်မယ်ဆိုတာ မတွေးတတ်ပေမယ့် လက်လှမ်းပြီးယူပါတယ်။
"အားလုံး ဘတ်ရှစ်ဆယ် ကျပါတယ် အမကြီး" တဲ့၊ ပြုံးလို့အဒေါ်ရွှေကို ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့။
အဒေါ်ရွှေက လန့်သွားတယ်၊ တကိုယ်လုံးမှာ ချွေးတွေလည်း ထွက်လာတယ်။ သောက်ကျိုးနဲ အဖိုးကြီးတဲ့ ဆေးတွေပါကလား။ သူ့မှာ ရှိစုမဲ့စု တပြားမကျန်ထုတ်ပေးအုံး ဒီဆေးဖိုးရဲ့ တဝက်တောင် မပြည့်မယ့်ကိစ္စ။ သူ့ဘယ်နှယ့်လုပ်ရပါ့မယ်။ အဒေါ်ရွှေအဖို့ ကမ္ဘာကြီး ပတ်ခြာလည်နေတယ် ထင်ရပါပြီ။ နောက်ဆုံးတော့ ဆရာ့စားပွဲစွန်းကို လက်နဲ့ တအားဆုပ်ထားလိုက်ပြီး၊ ဒီ ဆေးတွေ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
"ဆရာရယ် - ကíန်မဘာဆေးမှမယူရင်မဖြစ်ဘူးလား" လို့ အရဲစွန့် မေးလိုက်တော့၊ ဆရာက သူ့ကို ဖျပ်ကနဲ မော့ကြည့်လိုက်တယ်။ ပြီးတော့ အပြုံးကလေးတချက်သန်းပြီး
"ဘာလို့တုံး" တဲ့။
"ကျွန်မ မှာအားလုံးပါတာက ဘတ် ၃ဝ တည်းမို့ပါ" လို့ပြောပြီး လက်ထဲကဘတ် ၁ဝတန် စက္ကူလေးသုံးရွက်ကို စားပွဲပေါ်မှာတင်လိုက်တော့ "ဒါက ကျွန်တော့် စမ်းသပ်ခ တောင် မပြည့်ဘူး အမကြီး" တဲ့။ အသံအနေနဲ့ ရိုင်းမသွားအောင်တော့ ဆရာက ကြိုးစား ပြောပါတယ်။ ဒါပေမယ့် ပထမလို မချိုတာတော့အမှန်၊ သူ့မျက်နှာမှာ ကြင်နာတဲ့ အရိပ် အယောင်တော့လည်း ရှိပါသေးတယ်။
"ဒီလိုဆိုရင်အမကြီး ဆေးတော့ရမယ် မထင်ဘူး"
"ဟုတ်ကဲ့၊ ကိစ္စမရှိပါဘူးဆရာ၊ ဒါဟာကျွန်မ ရှိတာ အကုန်မို့ပါ။ ဆရာကျွန်မကို သနားရင်ဖြင့် ကျွန်မခေါင်းထဲက ပိုးကောင်ကလေးတွေ သေကုန်မယ့် ဆေးတခွက်လောက် တော့ တိုက်လိုက်ပါ ဆရာရယ်၊ ကျေးဇူးတင်ပါတယ်။ ဆေးလေးတပြား လောက်ဖြစ်ဖြစ်ပေးပါ" လို့ပြောပြီး အဒေါ်ရွှေက ထိုင်းလူဆင်းရဲများက လူ့အထက်တန်း လွှာတွေကို ပေးတတ်တဲ့ အရိုအသေမျိုး လက်စုံပူးပြီး သူ့ခေါင်းပေါ်ကနေ ကန်တော့လိုက် ပါတယ်။
"အဲဒီလိုဆိုလည်း အမကြီးသဘောပေါ့။ ဒါပေမယ့် ဘတ် ၃ဝ ဆိုတာ ကျွန်တော့် စမ်းသပ်ခတောင် မပြည့်ဘူး" တဲ့။ ဆရာ့အသံနဲ့ ဟန်က ဒီတခါတော့ ကောင်းကောင်း ပြောင်းလဲသွားပါပြီ။ စားပွဲပေါ်က ဘတ် ၃ဝ ကိုလည်း လှမ်းယူပြီး သူ့ အံဆွဲထဲ ပစ်ထည့်လိုက် ပါတယ်။ ပြီးတော့ အညိုရောင် ပုလင်းကြီးတလုံးထဲက ပန်းရောင်ဆေးပြား ၂ ပြား ကိုလှမ်းပေးလိုက်ပြီး၊ နောက်လူနာတယောက်ကို ခေါ်လိုက်ပါတယ်။ ပြီးတော့ဆင်နားရွက် တံခါးကို တွန်းဖွင့်ဝင်သွားပါတော့တယ်။
အဒေါ်ရွှေက ခေါင်းငုံ့ပြီး လက်ဝါးထဲက ဆေးပန်းရောင်နှစ်ပြားကို စိုက်ကြည့်နေမိ တယ်။ ဘတ် ၃ဝ ရအောင် သူရက်ပေါင်းများစွာ စုခဲ့ရတာကိုလည်း မြင်ယောင်သေးရဲ့။ သူ့ခေါင်းထဲ ရက်ရက်စက်စက် ကိုက်ဝါးနေကြတဲ့ ပိုးမွှားကလေးတွေကိုလည်း သတိရနေရဲ့။ ပြီးတော့ တခါ မီးဖိုပေါ်မှာ ပစ်ထားခဲ့တဲ့ ငှက်ပျောထုပ်အိုးကြီးကို သတိရပြန်ရော။ ပြီးတခါ ဆရာဝန်ရဲ့ ကြင်နာတဲ့အမူအရာ၊ ချိုသာတဲ့အသံ၊ ယဉ်ကျေးဖွယ်ရာရှိပုံ။ အဒေါ်ရွှေ ဟာ ဆေးပြားနှစ်ပြားကို ငွေ ၃ဝ ဆုပ်ခဲ့တဲ့အတိုင်း လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လာလမ်း အတိုင်းပြန်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ကတော့ လာတုန်းကနဲ့ ဘာမှမခြားနားပါဘူး။ နာကျင် ကိုက်ခဲမြဲပါပဲ။
(ထိုင်းစာရေးဆရာ မာနော့သနုံဆီ ရေးတဲ့ ထိုင်းဝတ္ထုတိုကို အင်္ဂလိပ်လိုပြန်ဆို ထားရာမှ လူထုဒေါ်အမာက ဗမာလိုပြန်တာ ဖြစ်ပါတယ်။)
မာယာအမှာ။ ။{၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလ၊ မာယာမဂ္ဂဇင်းတွင် ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။}
မာယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
http://mayaonlinemagazine.blogspot.com/2008/08/blog-post_06.html
Type the rest of your post here..
Posted by
Niyawdar
at
11:46 PM
0
comments
Labels: ဆွံ့အတိမ်တိုက်များအတွက် အသံ
Tuesday, April 28
တန်ခူး တရက် (သို့) ဧပြီ (ရ)
နီယော်ဓာ
နွေပိတောက်ဖူးဝေပေသိ
မြူးစရာ ဘယ်မတွေ့လေဘု
လေစိမ်းဗွေမွှေ့သည်သို့ ဘရာ။
ဒီအားဒီအင် ချိလေတိုင်း
ဖွားမာတာ ရွှေပြည်သူကြီးကိုလှ
တရ အပြန်ပြန်။
ဗျာပါဒထန် ဒေါသနုရင့်မာန်လှိုင်းတွေကြား
ဥာဏ်ကြီးရှင် ဂရုဏာထက်ပါပေ့
ပြည်သစ္စာ မသွေရအောင် ကြိုးရစ်ခဲ့ရှာ။
မိစ္ဆာဟုန် လောင်ပုံ မငြိမ်းနိုင်ဘု
ပညာပါရမီ သန်လှသူမှ ဖြစ်တိုင်းနော် မှန်စွာချင့်နိုင်လိမ့်
သီတာရှင် ဖွားပဏ္ဍိရယ် ဒီမီးကိုတား။
လောကဓံ အဖုန်ဖုန်မှာ
ဟိုဟိုသည် ဘယ်ညာမယိမ်းလေဘု
လူထု ထံမေတ္တာကဲနိုင်လွန်းပါဘိ ပြည့်သတ္တိခဲ။
သက်ငွေ့အိမ်ချုပ်ပျောက်ငြားသော်တိ
ဖွားအမာ နိုင်ငံပြုဆဲရယ်လို့
ကျေးဇူးကို အဖန်ဖန်ဆင်ခြင်ရပါတဲ့
သြချလောက်သည့်ဇွဲ။
်
၂၀၀၉ခု လူထုဒေါ်အမာ နှစ်လည်သို့ရည်၍ ရိုသေစွာ ရေးဖွဲ့ပါသည်။
ဲ
Type the rest of your post here..
Posted by
Niyawdar
at
12:17 AM
0
comments
Labels: စိတ်ကူးရက္ကန်း
Tuesday, April 7
အတ္တရုပ်ပုံလွှာပုံကြမ်း
ကြည်အောင်
အမေကမွေး ပေးတဲ့နာမည်
ကြည်လင်။
အပေါင်းအသင်း
သူငယ်ချင်း အဖော် ခေါ်ကြတဲ့နာမည်
ကြည်လင်။
ကြည်လင်ဟာ
လီနင်ရဲ့ကျမ်းပေါင်းစုံကို
ယုံကြည်မြတ်နိုး အသိပျိုးတယ်။
ကြည်လင်ဟာ
ဘုန်းကြီးကျောင်းသား
တက္ကသိုလ်ကျောင်းသား
လုပ်စားကိုင်စား
ပြေးလွှားခဲ့ရ
ဘ၀အလွှာ မျက်နှာပေါင်းစုံ
ဇာတ်ခုံပေါ်မှာ ကခဲ့ရာ…။
ဟော… ခုတော့
ကဗျာဆရာ ကလောင်နာမည်
ကြည်အောင်။
ကြည်အောင်ဟာ
ရီမှောင်ပြာစင် စာရေးဖို့ပြင်လျှင်
ကြည်လင်နဲ့ငြင်းခုံတယ်။
ကြည်အောင်ဟာ
ဟော်လန်ပြည်က ပန်းချီဆရာ
ဗင်ဂိုး
မြန်မာပြည်က ကဗျာဆရာ
တင်မိုးတို့ကို နှစ်ခြိုက်သူ။
ကြည်လင်ဟာ
ရုရှားက
မာယာကော့ဖ်စကီနဲ့ ဂေါ်ကီ
အီတလီက ပန်းချီဆရာ
မိုဒီဂလီယာနီ
မြန်မာပြည်က
ဗန်းမော်တင်အောင်နဲ့ ဇော်ဂျီတို့ကို ဖတ်မှတ်သူ။
ကြည်လင်က
ကြည်အောင်ရဲ့
ကလောင်တလက် ဗားတော့ဗရက်လို
ထက်မြက် ထင်ရှားစေချင်တယ်။
ကြည်လင်က
ကြည်အောင်ရဲ့ ၀ိညာဉ်ထဲ
သခင်ကိုယ်တော်မှိုင်း ပန်းရနံ့
မွှေးပျံ့သင်းကြိုင်စေချင်တယ်။
ကြည်အောင်ဟာ
ကြည်အောင်ရဲ့ရုပ်ပုံလွှာကို
ကဗျာဆရာအဖြစ်ထုလုပ်တယ်။
ကြည်လင်ဟာ
ကြည်လင်ရဲ့ရုပ်ပုံလွှာကို
ကြည်အောင်တို့လို ကဗျာဆရာတွေက
အလေးယူစရာ
ဖြစ်လာစေဖို့ ဆေးတို့ကြည့်တယ်။
ရွှေ… အနီ အပြာ အ၀ါ
ဘာရောင်တွေ ခြယ်မလဲ။
ကြည်အောင်နဲ့ ကြည်လင်တို့ရဲ့
ဝိညာဉ် နှစ်ခုစစ်ခင်း
အတွင်းပဋိပက္ခ အားပြိုင်ကြ။
မာယာကော့ဖ်စကီ
မိုဒီဂလီယာနီ
ဂေါ်ကီ ဇော်ဂျီ
လီနင်
ဗင်ဂိုး တင်မိုး။
သခင်ကိုယ်တော်မှိုင်း
ဗန်းမော်တင်အောင်
ကြည်လင့်ရင်ထဲက …
ထာဝရ အလင်းရောင်။
၁၉၇၉၊ ဒီဇင်ဘာ ၃၀
၂၀၀၄ခု နိုဝင်ဘာလထုတ် သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း အမှတ်(၃) သစ္စာဂုဏ်ပြုကဗျာကဏ္ဍမှ ကူးယူဖော်ပြပါသည်။
Posted by
Niyawdar
at
9:34 AM
0
comments
Labels: သူတို့ 
Sunday, April 5
ပိစိဖတ်ဖို့ ကဗျာ
နီယော်ဓာ
ပိရာ..
တရံရောအခါက ဒို့မောင်နှမနှစ်ယောက် ပုံပြင်တွေဟာ
မင်းအကြောင်းတွေကို
ပျော်ရွှင်ကြေကွဲပြ..
မင်းနှလုံးသားလေးကို ငါဒီနေ့စိတ်ကူးပြီးကြည့်တယ်။
မိဝေး ကလေးလေးနေ့ရက်တွေ
အပြုံးမျက်နှာလေးနဲ့ တလွှားလွှားခုန်ကစားခဲ့
အမေ့ရင်ငွေ့လို မထွေးနိုင်ပေမယ့်
ဝရံတာလေးမှာ မင်းဘေးထိုင်ရင်း
ဒုတိယတန်းကျောင်းသားရဲ့ ၀တ္ထုတိုစိတ်ကူးဆန်းတွေအတွက်
မိန်းမော ပိတိဖြာတဲ့ ငါအမာခံ ပရိတ်သတ်တော့ဖြစ်တယ်..
ကိုရင်ကလေးမင်းအတွက်
အိုးဖုတ်နဲ့ ကန်စွန်းရွက်ကြော်ပြီး ကန်စွန်းရွက်ကိုပဲ ချည်ရည်ချက်ကပ်..
ဒကာမကြီးချက်တာပဲ ဘုန်းမယ်ဆိုတော့ ငါကပျော်တယ်..
အမေဝေးသွားတဲ့ ရက်တွေအတွက်
မင်းနဲ့ငါအတူငိုခဲ့ဖူးသလား ငါမမှတ်မိတော့ဘူး..
မင်းက ငါ့ထက်ပို သတ္တိရှိတယ်လို့ ငါအမြဲသိတယ်..
မင်းကို ငါ့အထင်တွေ ပြောပြခဲ့ဖူးသလား ငါမမှတ်မိပြန်ဘူး..
ဆရာစံအကြောင်း၊ ကမူးအကြောင်း၊ ရောနသံ နဲ့ အနုပဋိလောမအကြောင်း
အုန်းလက်ရှည် ကြိုးကြဲကာမှာ သာတဲ့ လရောင်ည
ငါဒီတဘ၀ အဲဒီ ပုံပြင်ဆန်တဲ့ ကွပ်ပျစ်ညကလေးတွေပြန်ရချင်တယ်..
ခေတ်ဆိုးကို ထမ်းပိုးချင်သတဲ့..
မင်းကိုယ်မင်းအရင်ထမ်းပိုးနိုင်ဖို့ ငါတဖွဖွမှာရင်းပဲ..
ငါထားခဲ့ရတယ်..
ထားခဲ့ရာကနေ မင်းထွက်သွားမယ်မှန်း ငါမသိခဲ့ပြန်ဘူး..
ကြယ်မှော်တောထိမျော…
ငါအဲဒီကမ်းပါးရှိရာ အပြေးပြန်ခဲ့တယ်..
မင်းကြားနိုး.. အော်..ငါခေါ်ပါတယ်..
ပိန်းပိတ်မြှုရယ်.. ၀ိုးလွန်းဝါးလွန်းခဲ့..
မင်းကိုနိုးပေးပါ..
ငါ့အသံကို မင်းအမှတ်ရဖို့
ခေတ်ဆိုးဟာ မာန်ဖီပြ
ငါ စိန်ခေါ်ရင်း
ကြိုးဝိုင်းပေါ်မှာ သူတပြန်ငါတပြန်ပေါ့
ငါမင်းအတွက် အောင်နိုင်သူဖြစ်ချင်ပါရဲ့ကွာ..
တရံရောအခါက ပုံပြင်လှလှတွေအတွက်
ဒို့မောင်နှမနှစ်ယောက်ကို အတူအိပ်မောကျခွင့်ပေးပါ..
Posted by
Niyawdar
at
10:56 PM
0
comments
Labels: စိတ်ကူးရက္ကန်း
Saturday, April 4
ခွေးတကောင်
ကြည်အောင်
ကျားသား
စားချင်တဲ့ခွေး။
သစ်ကိုင်းခြောက်
"ဖျောက်"
ကြောက်လန့်လို့ ပြေး။
၁၉၇၀၊ အောက်တိုဘာ -၃၀
ကဗျာဆရာ ကြည်အောင်၏ မိခင်မာရသွန် (ပထမအကြိမ်) ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်။
Type the rest of your post here..
Posted by
Niyawdar
at
8:11 PM
0
comments
Labels: သူတို့ 
Tuesday, March 31
ထားခဲ့ပါ ဆရာ
နုနုရည် အင်းဝ
အိပ်ရာက နိုးနိုးချင်း မျက်လုံးနှစ်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်တာနဲ့ ကျွန်မနှာခေါင်းထဲကို ဂေါ်သဇင်ပန်းနံ့ တိုးဝင်လာတယ်။ လတ်ဆတ်သင့်ပျံ့တဲ့အနံ့။ ကြည်နူးချမ်းမြေ့စေတဲ့ အနံ့။ အိပ်ရာထဲကနေ ကျွန်မလူးလဲထပြီး ခေါင်းရင်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
အို.... ကြည့်စမ်း ဂေါ်သဇင်တွေ အများကြီးပွင့်နေပြီ။
နှင်းရည်သောက်ထားတဲ့ ဂေါ်သဇင်တွေ အဆုပ်လိုက်၊ အခဲလိုက် မန်ကျည်းပင်မှာ နွယ်တက်ပြီး ပွင့်နေလိုက်ကြတာ။
သိပ်လှတာပဲ။
ဂေါ်သဇင်ကို ကျွန်မကြိုက်တယ်။
ခွေထိုးပြီး တခေါင်းလုံး ဖုံးနေအောင် ကျွန်မကပန်တာ။
သူများတွေပန်သလို ယဉ်ရုံလေး တခက်နှစ်ခက် မပန်တတ်ပါဘူး။
'ဘယ်လိုပဲပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော် သိပ်စိတ် ချမ်းသာတာပဲ' တဲ့။
ရင်ထဲမှာ တသိမ့်သိမ့် လှုပ်ရှားရင်း ကျွန်မ သူ့ကို သတိရလာမိတယ်။ ပါဝါမျက်မှန် အောက်က မျက်လုံးမှိုင်းမှိုင်းတွေ။ လုံချည်အစိမ်း၊ အင်္ကျီအဖြူ၊ တိုက်ပုံမီးခိုးရောင်နဲ့ သူ့ဟန်ပန်။
အေးသစ်ကို ချစ်တယ်ဆိုတဲ့ ဆရာရယ်။ ဆရာတို့ ပညာတတ်တွေဟာ သိတ်ပြီးတော့ စကားတတ်တာပဲနော်။ သူတပါးကျေနပ်အောင် သိတ်ပြောတတ်တာပဲ။
တကယ်တော့ ဆရာပဲပြောတာ မဟုတ်လား။ 'ဘာလို့ အများကြီး ပန်တာလဲဟင်၊ တခက်နှစ်ခက် ယဉ်ရုံလေးပန်ပါလား' ဆိုတဲ့စကားလေ။
အေးသစ်တို့က ပညာမတတ်တဲ့ ဈေးသည်တော်ရေ့။
စကားအလှတန်ဆာ မဆင်တတ်ဘူး။
'ဟင့်အင်း.... ကျွန်မက တခေါင်းလုံးဖုံးနေအောင် ပန်ရမှ ကျေနပ်တာ' လို့ ပြောတော့ 'ဘယ်လိုပဲ ပန်ပန် အေးသစ်နဲ့ ဂေါ်သဇင်တွေကို ကြည့်ရတာ ကျွန်တော်သိတ်စိတ်ချမ်းသာ တာပဲ' တဲ့လေ။ ဆရာ့ကို စကားနိုင်လုဖို့ မလွယ်ပါလား ဆရာရယ်။ ပြီးတော့ ဆရာ့ကို ငြင်းပယ်ဖို့လဲ ကျွန်မမှာ မလွယ်လှပါလား။
ဦးဏှောက်နဲ့ စဉ်းစားမိရင်တော့ ကျွန်မ မညာပါဘူး၊ ဆရာ့ကို ကျွန်မ သိပ်ငြင်းချင် တာပဲ။ ဆရာတို့က သားအမိနှစ်ယောက်တည်းပေမယ့် ဘာစီးပွါးရေးမှ မရှိဘူး။ ဆရာ့လခ ကလေးနဲ့ သားအမိနှစ်ယောက် ရုန်းကန်နေရတာ။ မူလတန်းပြဆရာတယောက်ရဲ့ လခဟာ ဘယ်လောက်ဆိုတာကိုလဲ ကျွန်မသိတာပေါ့ ဆရာ။ ကျွန်မက တောမြို့ကလေးရဲ့ ဈေးထဲမှာ အထည်ဆိုင်တဆိုင်နဲ့ လူလူသူသူဆိုပေမယ့် ဒီဆိုင်က ကျွန်မတယောက်ထဲ ပိုင်တာမှ မဟုတ်ဘဲ။ မိဘနဲ့ ညီအကိုမောင်နှမပိုင်လေ။ ဆရာ့ကိုယူရင် ဈေးရောင်းတတ်တာ တခုတည်းနဲ့ ဆရာ့နောက်ကို လိုက်ခဲ့ရမှာ။ ဆရာက ကျွန်မကို ဘယ်အရင်းအနှီး ထုတ်ပေး နိုင်ပါ့မလဲနော်။
ဒါပေမယ့်ဆရာ၊ နှလုံးသားနဲ့ စဉ်းစားမိရင်တော့ ကျွန်မဟာ ဆရာ့ကို ဘယ်လိုပြောမလဲ၊ ဟိုဒင်း ချစ်တဲ့ အဆင့်အထိတော့ မဟုတ်သေးဘူး၊ သိပ်တော့ သနားနေမိတယ် ဆရာ။ ပြီးတော့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ဆရာ့ကို ခင်လဲခင်တယ်။ နောက်တချက်က ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်တန်းအဆင့်ကနေ မတက်နိုင်ခဲ့တဲ့ ကျွန်မဟာ စာပေးစာယူ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသားလဲဖြစ်၊ ကျောင်းဆရာတယောက်လဲဖြစ်တဲ့ ဆရာ့ကို အထင်ကြီးတယ် ဆရာ။ တကယ်ပြောတာ။ ကျွန်မကို ၀ိုင်းပိုးနေကြတဲ့ ဆိုင်နားနီးချင်း ဆန်သည် လူပျိုကြီးတို့၊ ရွှေဆိုင်က မုဆိုးဖိုကြီးတို့ထက်၊ ဆရာ့ကို ကျွန်မအထင်ကြီးတယ်။ မနက်တိုင်း ကျွန်မဆိုင်ရှေ့ကနေ သားအမိနှစ်ယောက်စာ ဈေးအိတ်လေးနဲ့ ဖြတ်သွားတတ်တဲ့ ဆရာ့ကို ကျွန်မ သနားနေမိတတ်တယ်။ နွမ်းနေတဲ့ ဆရာ့တိုက်ပုံရယ်၊ ကော်လံအနားတွေ ဖွါစပြုနေတဲ့ ဆရာ့အင်္ကျီရယ်ကို ကျွန်မအမှတ်ထားမိပြီး၊ ကျွန်မအထည်ဆိုင်က တိုက်ပုံစ ရောင်စုံနဲ့၊ အဖြူစမျိုးစုံကို စိတ်ကူးနဲ့ ကျွန်မ ချုပ်ပေးခဲ့ဖူးတယ် ဆရာ။
ခက်ပါတယ် ဆရာရယ်နော်။ ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။
'ဟဲ့... ခုမှ သတိရတယ်၊ အေးသစ်ကို သွားကြည့်လိုက်ကြစမ်းပါ၊ နေမှကောင်းရဲလား လို့၊ ညကတော့ အဖျားမရှိတော့ပါဘူး ဟဲ့... ညည်းက ဘာလဲ၊ သြော်.. အာလူးကောင်းတယ်၊ ဒီမယ်... ကျုပ်က ကြက်သွန်ချိန်နေတယ်၊ ဟိုကောင်မလေး မိထွေး.... ဟိုမယ် ဆားတပိဿာဖိုး ပိုက်ဆံ ယူလိုက်စမ်း....'
အိမ်ပြင်ဘက် ကုန်စုံဆိုင်က အမေ့အလုပ်ရှုပ်သံနဲ့အတူ ညီမလေး မိထွေးရဲ့ 'မမအေးသစ်ဆီ သွားကြည့်ဆိုလို့လဲ သွားရသေးတယ် ခါထဲမှပဲ' ဆိုတဲ့ စူအောင့်သံကို ကျွန်မ ကြားရတယ်။
'ကျွန်မ နိုးပီ အမေရေ့..... ဖျားလဲ မဖျားတော့ဘူး၊ ဆာပဲဆာတယ်'
ကျွန်မက အခန်းပြင်ဘက် အမေ့ဆီလှမ်းအော်ရင်း... ထွက်လာခဲ့တယ်။ ခေါင်းအုံးဘေး က လက်ပတ်နာရီကလေးကို လှမ်းကြည့်ခဲ့တော့ ဆောင်းနာရီက ကိုးနာရီတောင် ကျော်နေပြီ။ ကျွန်မ ပြတင်းပေါက်နားမှာ အကြာကြီး ရပ်ခဲ့တာပဲ။ သုံးရက် ဖျားထားတဲ့ အရှိန်နဲ့ ဗိုက်ထဲမှာလဲ တုန်တုန်ယင်ယင် ဖြစ်စပြုပြီ။
'မိထွေး... နင့်အမကို ဆန်ပြုတ်သွားခတ်ပေးလိုက်ဦး၊ ထားခဲ့ အဲဒီချိန်လက်စကို၊ ကြောင်အိမ်ထဲက ငါးကြော်လေးလဲ ယူပေးလိုက်၊ ဘာလဲ မဆလာလား၊ ရှိတယ်လေ၊ ဟိုမှာ မမြင်ဘူးလား၊ အတွဲလိုက် ပေါမှပေါ'
'ရတယ်မိထွေး မလာနဲ့ ငါ့ဘာသာ ခပ်သောက်နိုင်တယ်'
ကျွန်မ မျက်နှာသစ်နေတုန်း အလုပ်ရှုပ်နေတဲ့အမေက စီမံခန့်ခွဲနေတယ်။ ကျွန်မတို့အိမ် က အမြဲ အလုပ်ရှုပ်နေတတ်တဲ့အိမ်။ ဒီနေ့က ဥပုသ်နေ့ဆိုတော့ ကုန်စုံဆိုင်က အလုပ်ပိုရှုပ် နေတယ်။ အရင်ဥပုသ်တွေဆို ကျွန်မရော၊ မိထွေးရော၊ အမေရော တချက်မှ မနားရဘူး။ အဖေနဲ့ မောင်လေးကတော့ ဒီလိုအချိန် အားမကိုးရပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်လို့ကောင်းတုန်း။
'မနေ့တုန်းက ဈေးမှာ ဟိုကျောင်းဆရာ နင့်လာမေးသေးတယ်၊ နေကောင်းပြီလားတဲ့'
မိထွေးက ကျွန်မကို ဆန်ပြုတ်ခပ်ပေးရင်း တိုးတိုးပြောတယ်။ ကျွန်မဈေးမထွက်နိုင်တဲ့ သုံးရက်လုံး သူလာမေးရှာတယ်ဆိုတဲ့အသိနဲ့ ကျွန်မရင်တွေ လှုပ်ရှားနေမိတယ်။ မိထွေးမရိပ်မိ အောင် ဆန်ပြုတ်ကို တဇွန်းပြီးတဇွန်း ခပ်သောက်နေမိတယ်။
'ဟော အချိန်မှန် မခင်လှသမီးလာပြီ၊ ဆွမ်းတော်တွေတောင် သွားပြီ၊ သူက ခုမှ ထမင်းချက်မှာ၊ ဟဲ့ ဆန်ဘယ်နှစ်လုံးလဲပြော'
'တလုံး'
အမေရဲ့ 'ဘာဟဲ့' ဆိုတဲ့ အသံနဲ့အတူ၊ ကျွန်မရော မိထွေးပါ ဆိုင်ရှေ့က ပုဆိုးစုပ်ကလေး ကိုင်ရင်း ရပ်နေတဲ့ မခင်လှ သမီးလေးကို ကြည့်မိကြတယ်။
'ဟဲ့.... လူက ငါးယောက်၊ ဆန်က တလုံး နင်တို့ဘယ်လိုချက်စားကြမှာလဲ'
အမေက ဆန်တလုံးချိန်ထည့်ပေးရင်း မသိသားဆိုးဝါး ပြောနေတာကို မိထွေးက 'ကျွပ်' ခနဲ စုတ်သပ်ပြီး 'အမေကလဲနော် လူငါးယောက်နဲ့ ဆန်တလုံးဆိုကတည်းက ဘာလုပ်စားမယ် ဆိုတာ မသိဘူးလား၊ မခင်လှတို့ လင်မယားနှစ်ယောက်လုံး အလုပ်မရှိတော့တာကိုလဲ သိလျက်သားနဲ့' လို့ ပြောတယ်။ ပြီးတော့ မခင်လှသမီးလေး နောက်ကို လိုက်ငေးနေမိတဲ့ ကျွန်မဘက်လှည့်လာပြီး-
'နင့်..... အဲဒီဆရာကလဲဟယ် စိတ်ညစ်ဖို့ ကောင်းတာ၊ ဘယ်တော့ ကြည့်လိုက်ကြည့် လိုက်၊ ဒီပုဆိုးနဲ့ ဒီတိုက်ပုံချည့်ပဲ'
ရှုံ့မဲ့နေတဲ့ မိထွေးမျက်နှာကို ကြည့်ရင်း ကျွန်မရင်ထဲမှာ ကျဉ်ခနဲ ဖြစ်သွားမိတယ်။ အမြဲတမ်း ညှိုးညှိုးနွမ်းနွမ်း နိုင်လှတဲ့ ဆရာ့ကို ကျွန်မ မြင်ယောင်လာတယ်။ လူငါးယောက်နဲ့ ဆန်တလုံးတဲ့။ ဆရာတယောက်ကော ဟင်။ ဆရာ့လခလေးနဲ့......
'ဟဲ့.... အေးသစ် ညည်းနေကောင်းလို့ သွားနိုင်ရင်၊ အ၀င်းတို့ အမေ အသုဘလေး သွားပို့လိုက်ဦး၊ သွားနိုင်မလား၊ မနက်က ညည်းအိပ်နေတုန်း အ၀င်းတခေါက်လာသေးတယ်'
ဟုတ်ပါရဲ့ ခုမှပဲ အမှတ်ရတော့တယ်။ ကျွန်မက ကဗျာကရာ ထရပ်မိတယ်။
'ကျွန်မ သွားနိုင်တယ်အမေ၊ ခုပဲ သွားမှ၊ မသွားလို့ ဘယ်ကောင်းမလဲ'
အ၀င်းနဲ့ ကျွန်မက ၀လုံးတန်းကတည်းကသူငယ်ချင်း၊ ခုထိလဲ ဈေးထဲမှာ ဈေးတူတူ ရောင်းရင်း ခင်ကြတုန်း။ အ၀င်းအမေက နာတာရှည်ဖြစ်နေရှာတာ။ ကျွန်မ စဖျားတဲ့နေ့က ဆုံးတာ။ အ၀တ်အစား အမြန်လဲပြီး စက်ဘီးလေး ဆွဲထွက်တော့ အမေက ပူပန်ပြန်တယ်။
'ညည်း စက်ဘီးနင်းနိုင်ပါ့မလား၊ မိထွေးလိုက်ပို့ခိုင်းရမလား'
'ရတယ်အမေ... ကျွန်မနင်းနိုင်တယ်' ဆိုပြီး၊ ကျွန်မထွက်ခဲ့တယ်။ အမှန်က ကျွန်မ ဒိထက်ပိုပြီး အစောကြီး ရောက်ရမှာ။ ဒါပေမယ့် အ၀င်းက ကျွန်မထက်ပိုပြီး သွက်ပါတယ်။ လုပ်လဲလုပ်နိုင်တယ်။ သူတို့မှာ ဆွေအုပ်မျိုးအုပ်လဲ တောင့်ပါတယ်လေ။ အ၀င်းတို့ အိမ်ရှေ့ရောက်တော့ လူတွေတောင် တော်တော်ရောက်နေပြီ။ ဒါပေမယ့် အသုဘချမယ့် အချိန်ကတော့ စောပါသေးတယ်။ တချက်တီးမှ ချမှာဆိုတော့ ခုမှ ဆယ့်နှစ်နာရီတောင် မထိုးသေးဘူး။
'ဟဲ့... အေးသစ် နင် နေကောင်းသွားပြီလား'
စက်ဘီးတစီးနဲ့ အိမ်ထဲက ထွက်လာတဲ့ အ၀င်းနဲ့ ကျွန်မ အိမ်ပေါက်ဝမှာ ဆုံတယ်။ စက်ဘီးစီးလာရလို့ နည်းနည်းမောနေတဲ့ ကျွန်မ အသက်ပြင်းပြင်း ရှူလိုက်ရင်း....
'နင်.... မနက်က လာသေးတယ်ဆို၊ ငါအိပ်ရာထ နောက်ကျသွားလို့ဟယ်... နင်ခုဘယ် သွားမလို့လဲ'
'အမေ့အတွက် မြေနေရာ သွားကြည့်မလို့၊ ဘယ်နားမှာလဲဆိုတာ သိချင်လို့ဟာ နင်လိုက်ခဲ့မလား....'
'နင်တယောက်ထည်းလား'
'ဟင့်အင်း... ငါ့မောင်လေးလဲ လိုက်မယ်၊ လာပါ၊ လိုက်ခဲ့ပါ၊ ဒီမှာ ဘာမှ လုပ်စရာလဲ မရှိပါဘူး'
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ အစက မလိုက်ဘဲ နေမလို့ဘဲ။ ဒါပေမယ့် ဘာလို့ရယ်မသိ၊ ကျွန်မစိတ်မှာ ဖြတ်ခနဲ အမှတ်ရလာတာက ဆရာနေတာ မြို့ပြင်ရပ်ကွက်မှာ။ သင်္ချိုင်းနားက ရပ်ကွက်မှာလေ။ ဘာလဲ ... သုံးရက်မတွေ့ရလို့ သူ့ကို ကျွန်မတွေ့ချင်လို့လား။ မသိပါဘူး။ သူနဲ့ကျွန်မက ဘာဆိုင်တာမှတ်လို့နော်.....။
အ၀င်းရယ်၊ ကျွန်မရယ်၊ အ၀င်းမောင်လေးက ရှေ့ဆုံးက မြိုပြင်ဘက်သင်္ချိုင်းဆီကို ကျွန်မတို့ စက်ဘီးနင်းခဲ့ကြတယ်။ ဟော.. ရှေ့နားမှာ ဆရာတို့နေတဲ့ ရပ်ကွက်။ ကျွန်မ ရင်ထဲလှိုက်ခနဲ ခုန်သွားတယ်။ ခက်တာက ဆရာတို့အိမ်ကို ကျွန်မ မသိဘူး။ အ၀င်းလဲ ဘယ်သိပါ့မလဲနော်။ ဆရာတို့ ရပ်ကွက်ကလွန်ရင်ပဲ သင်္ချိုင်းအ၀င်အ၀ကို လှမ်းမြင်နေရပြီ။ သင်္ချိုင်းအ၀င်အ၀မှာ ကလေးတွေ အတော်များများ စုရုံးနေကြတယ်။
'အေးသစ်ရေ... မမကြီး ကမ်းမယ့်ဆပ်ပြာကတော့ မလွယ်ကြောဘဲ၊ ဟိုမှာ သတင်းကြားနဲ့ လာစောင့်နေကြတာတွေလေ'
အ၀င်း မေးငေါ့ပြတဲ့ မည်းညစ်ညစ် ညှိုးနွမ်းနွမ်း ကလေးတွေနဲ့ မိန်းမတချို့ကို ကြည့်ပြီး ကျွန်မရင်ထဲ မကောင်းဘူး။ အ၀င်းတို့ မမကြီး၊ သူ့အမေအတွက် ကုသိုလ်အဖြစ် ကမ်းမယ့် ဆပ်ပြာတွေကို သူတို့ နှစ်ခါ သုံးခါပြန် ၀င်ယူကြမယ်၊ ပြီးတော့ ရောင်းစားမယ်၊ ရောင်းစားလို့ ရတဲ့ ပိုက်ဆံနဲ့ သူတို့ ဆန်ဝယ်ကြလိမ့်မယ်။ အရင်တုန်းကထက်လဲ လူတွေပိုများလာသလိုပဲ။
ကျွန်မတို့ သင်္ချိုင်းထဲ ၀င်ခဲ့ကြတော့ သင်္ချိုင်းထဲက ဟိုနေရာ ဒီနေရာတွေမှာ မြေမြှုပ်ဖို့ နေရာ လာကြည့်တဲ့ သူတွေနဲ့ သုဘရာဇာတွေကို မြင်ရတယ်။ အ၀င်းမောင်လေးက 'ဟိုမှာ ငါပြောထားခဲ့တဲ့ သုဘရာဇာကြီး' လို့ လက်ညှိုးထိုးပြရင်း ကျွန်မတို့ကို ခေါ်သွားတယ်။
'ဦးကြီး... ကျွန်တော်တို့ အမေ မြေနေရာ ကြည့်ချင်လို့ ဘယ်နားမှာလဲ' သုဘရာဇာဦးကြီးက ကျွန်မတို့တွေကို ခပ်အေးအေး ကြည့်တယ်။
'နာမည်ပြောလေကွာ.. ဒီနေ့ မိန်းမနှစ်ယောက်ရှိတာကွ'
အ၀င်းဆီက 'ဒေါ်သိန်းခင်' ဆိုတဲ့ အသံ တိုးတိုးလေး ထွက်လာတယ်။
'အော်.... ဒေါ်သိန်းခင်လား၊ ဟောဟိုနားမှာ လာလေ လိုက်ပြမယ်၊ ကျင်းတောင် တူးပြီးလုနေပြီ'
အ၀င်းမောင်လေးက အိတ်ထောင်ထဲ လက်နှိုက်ပြီး....
'ဦးကြီးကို ကျင်းတူးခ မပေးရသေးဘူး၊ ရော့ဦးကြီး ပြောထားတာ ငါးဆယ်နော်'
'အေးပါ'
သုဘရာဇာကြီးက ငွေငါးဆယ်ကို မမှုသလို လက်ထဲကိုင်လာတယ်။ နည်းနည်း လျှောက်မိတာနဲ့ တူးထားတဲ့ မြေစာပုံတပုံကို လှမ်းမြင်ရတယ်။ သုဘရာဇာကြီးက မေးငေါ့ရင်း
'အဲဒါပဲကွ' တဲ့။ နေရာလေးက ကောင်းပါတယ်။ ကုန်းမြင့်မြင့်လေးပေါ်မှာ။
'ကျင်းကို သွားကြည့်ဦးမလား၊ လာလေ ကျင်းက ပြီးလောက်ပါပြီ'
'ငါ့ကောင်တွေကို ပိုက်ဆံပေးရအုန်းမယ်ကွ'
အ၀င်းက ကျင်းကို မကြည့်ချင်တာနဲ့ မြေစာပုံနားမှာပဲ ကျွန်မတို့ ရပ်ကြတယ်။ သုဘရာဇာကြီးက ပေါက်တူးနှစ်လက်ကိုင်ပြီး ကျင်းထိပ်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆီ သွားတယ်။ လက်ထဲကိုင်ထားတဲ့ ပိုက်ဆံ ငါးဆယ်ထဲက နှစ်ဆယ်ကို သူ့အိတ်ထဲထည့်တယ်။ ဟိုလူနှစ်ယောက်ကို တယောက်တဆယ်စီပေးရင်း ကျင်းထဲကိုလဲ ဆယ်တန်တရွက် လှမ်းချပေးတယ်။ ပြီးတော့ ကျင်းထဲလက်လှမ်းပေးရင်း သူ့အသံကျယ်ကျယ်ကြီးနဲ့ တဟားဟား ရယ်နေသေးတယ်။ သုဘရာဇာကြီးရဲ့ လက်ကို ခိုတွယ်ပြီး ကျင်းပေါ်ကို လူတယောက်တက် လာတယ်။ အို... ဘုရားရေ.... ကျွန်မတို့ကို ကျောပေးပြီး စကားပြောနေတဲ့ အဲဒီလူဟာ မြေကြီးတွေ ပေကျံနေတဲ့ အရောင်လွင့်လွင့် ပုဆိုးစိမ်း၊ ကုပ်ဖွာနေတဲ့ အင်္ကျီအဖြူ။ မဟုတ်ဘူး၊ မဟုတ်ဘူး။ ကျွန်မရင်တွေ တထိတ်ထိတ်ခုန်လာတယ်။ အားကိုးရာတခုလို အ၀င်းလက်ကို ကျွန်မ တုန်တုန်ယင်ယင် လှမ်းဆုပ်လိုက်တုန်းမှာပဲ သူ.... သူ အဲဒီလူက ကျွန်မတို့ဘက်ကို လှည့်ကြည့်လိုက်တယ်။
'ဆရာ'
အို.... ဒီခဏကို ကျွန်မ ဘယ်လိုလုပ် မေ့နိုင်ပါတော့မလဲ၊ ချွေးတွေနဲ့ မြေကြီးတွေ၊ ရှက်ခြင်းနဲ့ နာကျည်းခြင်းတွေ ရောနှော ပေါင်းစပ်ပေကျံနေတဲ့ မျက်နှာ။ မြေကြီးတွေ စွန်းထင်းနေတဲ့ ပုဆိုးစိမ်းနွမ်းနဲ့ အင်္ကျီဖြူနွမ်း။ ပြီးတော့ ပေါက်တူးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ မြေဖြူကိုင်နေကျ သူ့လက်ချောင်းတွေ။ သူတွေ့ချင်နေတဲ့ ကျွန်မကို တွေ့လိုက်လို့ ဖျတ်ခနဲ ၀င်းလက်သွားတဲ့ ပါဝါမျက်မှန်အောက်က မျက်လုံးမှိုင်းမှိုင်းတွေကို မြင်လိုက်ရတာက ခဏလေးရယ်။ ခေါင်းကို အမြန်ငုံ့ချရင်းသူထွက်သွားခဲ့ပြီ ဆရာရယ်....။
ကျွန်မ နှလုံးသားတွေ ပေါက်ထွက်လုမတတ် ခုန်နေပါတယ်ဆရာ။
ကျွန်မလေ ဆရာ့ကို ချစ်တယ်ဆရာ။ သိပ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မလေ ကျွန်မ သိတ်ဝမ်းနည်းတယ် ဆရာ၊ သိပ်ငိုချင်တယ်။ ကျွန်မ ငိုပါရစေနော်။
နုနုရည် (အင်းဝ)။
ပေဖူးလွှာမဂ္ဂဇင်း၊ ၁၉၉၀ နိုဝင်ဘာ။
လွန်ခဲ့တဲ့ ၁၈ နှစ်၊ ၁၉၉၀ နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပေမယ့် စာဖတ် ပရိသတ် ဖတ်ခွင့်မရခဲ့တဲ့ ၀တ္ထုလေးပေါ့။
ဤစာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://mayaonlinemagazine.blogspot.com/2008/11/blog-post_1981.html
Type the rest of your post here..
Posted by
Niyawdar
at
8:20 PM
0
comments
Labels: ဆွံ့အတိမ်တိုက်များအတွက် အသံ
ရေဒီယိုလေးထဲ ကျွံကျနေတဲ့ ကဗျာဆရာရဲ့ကြေကွဲမှု
စောဝေ
ငါးကျပ်တန်တရွက်
တယ်လီဖုန်းဆက်ခ ပေးလိုက်တော့
WTC ၀မ်းနည်းမှုတွေ
တ၀ုန်းဝုန်း ပြိုကျလာ၊ အဲဒီအပြိုပုံကြီးထဲက ဆဲလ်ဖုန်း
ကူပါ၊ ကယ်ပါ၊ ဘုရားတသံ၊ နှုတ်ဆက်သံ
ငါ နားကန်းပါရစေ။
ထိတ်လန့်ကြေကွဲ အမြွာလောင်မီးပေါ်က ပ၀ါဖြူလေး ဝှေ့ယမ်းပြ
ဒုက္ခတိုက်ညီနောင် အမြင့်က
ဒုက္ခသုညမြေပြင်ပေါ်ကို ခုန်ဆင်း
ငါ မျက်စိကန်းပါရစေ။
စစ်မရှိစေရ ဂျွန်ရေ - - -
ငြိမ်းချမ်းရေးနှင့် ဂျွန်ရေ - -
ပန်းနံ့မွှေးသော လောကသစ်သို့ ဂျွန်ရေ - -
ငါ့ချစ်သူက ငါ့ကို အကြမ်းမဖက်ပါ
အမုန်းများနဲ့ ဘယ်သူ့ကိုမှ အကြမ်းမဖက်ပါနဲ့။
တန်ဖိုး
မြန်မာ = မေတ္တာအနန္တစကြ၀ဠာ
ကမ္ဘာ = စကြ၀ဠာအနန္တမေတ္တာ။
တရားမဲ့ အကြမ်းဖက်စွမ်းအားမှန်သမျှ
ကမ္ဘာမှာ မရှိစေရ - - - -
ပုံ။ ။
စောဝေ
- - - ၁၀၊ ၂၀၀၁
(မူရင်း - Beauty မဂ္ဂဇင်း၊ ၂၀၀၂ ဇန်န၀ါရီ)ို
ဤစာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://sawwai.blogspot.com/
Type the rest of your post here..
Posted by
Niyawdar
at
7:04 PM
0
comments
Labels: သူတို့ 
Saturday, March 28
သွေးစာလုံးနဲ့ မြေစက္ကူ
ကြည်အောင်
(ဖက်ဆစ်တော်လှန်ရေး နွေဦးရက်တမ်းတမှု)
သွေးတစက်က၊ အက္ခရာထင်
မြေပြင်စက္ကူ၊ လက်ရေးမူကို
ပြည်သူတွေသာ ဖတ်နိုင်တယ်။
လယ်ကျွန်ရဲ့သား၊ ညပြောက်ကျားဟာ
တရားစစ်ပွဲ၊ တိုက်ခိုက်ဆဲတွင်
သူရဲကောင်းအဖြစ်၊ ကျဆုံးရစ်တယ်။
ပြောက်ကျားရဲဘော်၊ ဇာတ်ကြောင်းဖော်တဲ့
မြေပေါ်သီကုံး၊ သွေး စာလုံးကို
ပြီးဆုံးအောင်ဖတ်၊ သူ့စိတ်ဓါတ်အား
လေးမြတ်ရည်စူး၊ ညွတ်တဲ့ဦးနဲ့
ရွှင်မြူးအားသန်၊ သံဓိဋ္ဌာန်ကြ
တော်လှန်သူတို့ရဲ့
စစ်ထွက်ည။ ။
၁၉၆၈၊ မတ်-၁၇
Type the rest of your post here..
Posted by
Niyawdar
at
12:56 AM
0
comments
Labels: သူတို့ 
မိခင် မာရသွန်
ကြည်အောင်
သားသယ့်အမေ
မိုင်ရှည်တာဝေး
အပြေးသမား။
သားသမီးချစ်
သက်လုံဖြစ်အောင်
ပြောင်းပစ် သလား။ ။
၁၉၇၉၊ မတ်-၂၁
(ရှုမ၀၊ ၈၁၊ ဒီဇင်ဘာ)
Type the rest of your post here..
Posted by
Niyawdar
at
12:53 AM
0
comments
Labels: သူတို့ 
Thursday, March 26
သစ္စာဖောက်
ရဲရင့်သက်ဇွဲ
ကွေးနေသလား
ကောက်နေတာလား
ဖြောင့်နေရဲ့ လား ။
သုံးရာသီ ရေစိမ်ခံရဲ့ လား
အနစ်နာခံရဲလား
ဝန်ချတောင်းပန်နိုင်ပါ့မလား။
ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား
ဘေးတိုက်သွားနေတာလား ။
သစ္စာရှိရဲ့ လား
သစ္စာဖောက်မှာလား
နှစ်ဖက်ချွှန်တော့မှာလား ။
နောက်ကြော ဓါးနဲ့ ထိုးမှာလား
ရှေ့ ကနေ မျက်စိထဲ သဲနဲ့ ပက်မှာလား
သွားပုပ် လေလွှင့် ပလဲပနံသင့်နေမှာလား ။
အာဏာရူးတို့ ရဲ့ မစင်နံ့ မှာ
မြူးတူးပျော်ပါး
အရှက်မရှိသူများအတွက်
မေးခွန်းများက အဆိပ်ရည်များသဖွယ်
ပြေးစရာမြေမရှိသလို
ပြည်သူလူထုရဲ့  တံတွေးခွက်မှာ
မင်းတို့ ရဲ့ သမိုင်း
ရိုင်းစိုင်းအကျည်းတန်လာလိမ
(၂၀၁၀ ရွေးကောက်ပွဲဝင်မည့်သူများအ
ဤစာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://yeyintthetzwe.blogs
Type the rest of your post here..
Posted by
Niyawdar
at
9:56 AM
0
comments
Labels: ပဏ္ဍာကာရ
Sunday, February 15
ရာဇ၀င်
ရဲရင့်သက်ဇွဲ
ကမ္ဘာဦးလူသားတွေထက်
အိုင်တီ ခေတ်ကြီးထဲမှာ
ရွှေဝါရောင် ပိုင်ရှင်များရဲ့
၂၀၀၇ခု ၁၂လ ၂၂ရက်
Type the rest of your post here..
Posted by
Niyawdar
at
10:12 PM
0
comments
Labels: ပဏ္ဍာကာရ
Sunday, January 4
ထောင်ချောက်
မောင်နေသစ်
"အစာ" လတ်လတ်ဆတ်ဆတ်
ညှပ်လို့
လာတတ်တဲ့ နေရာများ
"ထောင်" သွားခဲ့ကြ
ငါတို့
"သားကောင်" မဟုတ်ကြောင်း
သူတို့ ကောင်းကောင်း မသိလေ။ ။
၁၉၉၅ အောက်တိုဘာ စာပေဂျာနယ်
Type the rest of your post here..
Posted by
Niyawdar
at
8:03 PM
1 comments
Labels: သူတို့ 
Sunday, December 28
အများအကျိုး ကိုယ့်အကျိုး
တင်မိုး
မနီကလေးပန်းပန်ချင်
ပန်းဥယျဉ်ကိုဝင်
ပန်းပန်ချင်ယင် ပန်းပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ထမင်းဆာ
လယ်တောဆီကိုလာ
ထမင်းဆာယင် ကောက်ပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ချွေးစိုစို
စရပ်ရိပ်မှာခို
နေခိုချင်ယင် စရပ်မိုး
အများအကျိုး ကိုယ့်အကျိုး။
စာမျက်နှာ (၁၉) တတိယအကြိမ်ထုတ် ထီးကလေးနဲ့မနီ ကဗျာစာအုပ်မှ
Type the rest of your post here..
Posted by
Niyawdar
at
6:37 AM
0
comments
Labels: သူတို့ 
Friday, December 19
အနိုင်မခံ (ဘာသာပြန်)
ဗိုလ်ချုပ်အောင်ဆန်း
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။
(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)
အင်္ဂလိပ်ကဗျာဆရာ ဝေလျီယံအာနက်စ်ဟန်လေး ၁၈၇၅ခု၌ရေးသားခဲ့သော မူရင်း အင်ဗစ်က်တက်စ် ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်ဆိုသည်။
မူရင်းအင်္ဂလိပ်ကဗျာ
Invictus
William Ernest Henley
Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeoning s of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Lies but the horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
Engrave this quote in Our Store! Rate this Quote! Tell a Friend.
1875.
ချစ်တဲ့မနောမြေစာမျက်နှာမှ ကူးယူဖော်ပြပါသည်။
http://chittemanawmyae.blogspot.com/2008/02/blog-post_13.html
Type the rest of your post here..
Posted by
Niyawdar
at
11:20 AM
0
comments
Labels: သူတို့ 
Tuesday, December 16
ဆောင်းဆိုးရှရာ
နီယော်ဓာ
ကိုခင်လွန်းရဲ့ မီးဖိုကလေးနား တခဏဖိုပြီးပြန်လာတော့..
ဆောင်းဒဏ်ရာရတတ်တဲ့ နှင်းပွင့်တွေ ဟိုဒီခိုလို့ပါခဲ့တယ်..
ယာယီဆိုပေမယ့်..
သံမဏိနှင်းလို ရဲဘော်နဲ့ ရဲမေကြီးတွေ
ကိုယ်ရော၊ စိတ်မှာပါ
ဆောင်းဆိုးရှရာတွေ ပြေပါ၊ ပျောက်ပါစေ။
ပုလင်းကလေးတလုံးလွတ်ကျသလို
ဖြစ်တည်မှုတွေ အစိတ်စိတ်အမွှာမွှာနဲ့
သူငယ်ချင်းတယောက်ကတော့
ယုံကြည်မှုဆိုတဲ့လက်ချောင်းလေးတွေ ထိမိခိုက်မိရက်က
သူ့ကိုယ်သူလိုက်ကောက်ရင်း ပြောဖူးတယ်..
ရေခဲခြင်းဆိုတာလဲ ကန္တာရတမျိုးပါပဲတဲ့လေ..
၂၀၀၈ခု ဒီဇင်ဘာလ ၁၆ရက် မနက် ၂နာရီ ၃၆မိနစ်
ကဗျာဆရာ ခင်လွန်း၏ ယာယီနှင်းများ ကဗျာရှည်ကြီးကြောင့် ဝေဒနာပေါ်ပြီးရေးပါသည်။
http://thitkhetthanlwin.blogspot.com/
Select ပေးပြီးရေးပါ...
Type the rest of your post here..
Posted by
Niyawdar
at
1:50 AM
0
comments
Labels: စိတ်ကူးရက္ကန်း
Tuesday, December 9
အမေ့အနက်
ပျို
"မေမေ့ဘ၀ရဲ့ နံပါတ်တစ် အရေးကြီးဆုံးဟာ သမီးလေးပါ။
နံပါတ်နှစ်ဟာလဲ သမီးလေး..
နံပါတ်သုံးဟာလဲ သမီးလေး..
မေမေ့ရဲ့ နံပါတ်စဉ်တိုင်းဟာ သမီးကလေးပါပဲ သမီးရေ.."
ကော်ဖီခါးခါးတခွက်ကို မော့ရင်း
ကုန်ဆုံးခဲ့ရတဲ့ မနက်တိုင်းမှာ..
ရဲရင့်စွာပေးဆပ်ခြင်းရဲ့ အနက်တွေဖွင့်ဖို့
ကျမအပတ်တကုတ် ကြိုးစားမိသမျှ
ခိုင်းနှိုင်းခံ နိမိတ်ပုံတွေအားလုံးဟာ
အမေ့အသက်ရှုသံမျှင်းမျှင်းလေးအောက်မှာ
သိမ်ငယ်လွန်းစွာ ဖျော့တော့သွားရတော့တာပါပဲ...
သိမ်မွေ့လွန်းတဲ့ အတွေးစိတ်ကူးတွေကို စားသုံးရင်း
လရောင်ငြိမ်ငြိမ်အောက် အေးမြမှုတွေကောက်မိတဲ့ ညတိုင်းမှာ
ကျမရခဲ့တဲ့ လေပြေနုနုနဲ့ သမာဓိတိတ်တိတ်ကြားက
လကလေးရဲ့ အရိပ်တွေဟာ
အမေ့ရင်ခွင်ထဲက မေတ္တာငွေ့တွေကြားမှာ
ခပ်ဝါးဝါး မှိန်ကျသွားတဲ့ မီးခဲလေးတွေသာသာ
အေးမြနေရရှာတော့တာပါပဲ...
ဒီလိုနဲ့...
ကုန်ခဲ့ရတဲ့ နာရီလက်တံအစုအပုံတွေကြားမှာ..
အမေ့လက်ချောင်းလေးတွေက..
ကျမပန်းချီကားရဲ့ အပြောင်မြောက်ဆုံးစုတ်ချက်တွေအဖြစ်နဲ့
အမေ့ရီသံလွင်လွင်လေးတွေက..
ဖွဲ့မရတဲ့ ကျမကဗျာတွေအတွက် နရီကိုက်ကာရံတွေအဖြစ်နဲ့
အမေ့သွေးလည်ပတ်နှုန်းတွေက..
ဆိုညည်းခွင့်မရတဲ့ ကျမသစ္စာတေးတွေအတွက်
အထိရှဆုံး အဖွင့်သံစဉ်တွေအဖြစ်နဲ့
အမေ့ဆံစလေးတွေက..
ကျမနဲ့လောကကြားက နှောင်တင်းမရတဲ့ ပြတ်တောက်မှုတွေအတွက်
အခိုင်ဆုံးကြိုးစမျှင်လေးတွေအဖြစ်နဲ့
. . . . . . . . . . . . . . .
ကျမကတော့ အရွယ်လွန်အဘွားအိုကလေးတယောက်
ဖြစ်လာချိန်မှာတောင်
အမေ့အတွက်
ကလေးသာသာ ကလေးလေးတယောက်ထက်
ဘာမှပိုနိုင်ခဲ့မှာ မဟုတ်ပါ...
ကျမဘ၀ရဲ့နံပါတ်တစ် အရေးကြီးဆုံးဟာ...?
နံပါတ်နှစ်ဟာ.....................?
နံပါတ်သုံးဟာ.....................?
ကျမရဲ့ နံပါတ်စဉ်တိုင်းဟာ........မေမေ.....
မဖြစ်နိုင်ခဲ့ရင်တောင်
အမေ့ရဲ့ ခွင့်လွှတ်ခြင်းတွေက
အရှိုက်ခက်နေတဲ့ ကျမရဲ့ ငိုကြွေးခြင်းတွေအတွက်
သစ္စာအမြဲဆုံး သားချော့တေးတပုဒ်အဖြစ်နဲ့...............
၁၉၉၇ခု မေလ ၁၅ရက်
မေမေ့အတွက် အမှတ်တရ ရေးဖွဲ့ခဲ့ပါသည်။
Type the rest of your post here..
Posted by
Niyawdar
at
10:57 PM
0
comments
Labels: ပဏ္ဍာကာရ
Saturday, December 6
မေမီ
နီယော်ဓာ
မေမီ
ညီမလေးဟာ ကမ္ဘာမြေအတွက်
ကံကောင်းခြင်းတွေကို
ခြွေပေးနိုင်မယ့်သူကွယ့်...
အသက်ရှုမှု ယန္တယားမှာ
ကဗျာတွေဟာ ထိုးဆီမို့
ဒီတပုဒ် မင့်အတွက်..
ယုံကြည်မှုတွေကို အထပ်ထပ်ဖုန်ခါကြစို့ရဲ့
တန်ဖိုးအစိပ်အကျဲတွေအတွက်
သစ္စာမျက်လုံးကိုငှား..
စကြာဝဋ္ဌာကြီးတောင်ဖျားနာတတ်လေတော့..
မေမီရေ..
နေ့ခင်းအိပ်မက်တွေအတွက်
ဖန်ပုလင်းအဖုံးလေး ဖန်ဆင်းပေးချင်ပါရဲ့ ...
ဒီအကွေ့လေးမှာ.. ဒို့အတ္တတွေကို
အပြန်အလှန်ထမ်းပိုးကြရင်း..
သန်းခေါင်ဘ၀ထုထဲ တိုးလိုက်ကြစို့ရဲ့ ...
အဲဒီအခါ..
ညီမလေးဟာ ကြယ်မှုန်ကလေးဖြစ်လိမ့်..
ညတွေကွဲအက်အောင်..
လင်းလိုက်..လောင်လိုက်စမ်း..
မနက်ခင်းတွေက မင်းကို
ကောင်းကောင်း..မှတ်မိနေပါလိမ့်မကွယ်..
အေးချမ်းစေ..
၂၀၀၇ခု သြဂုတ်လ ၂၁ရက်
Type the rest of your post here..
Posted by
Niyawdar
at
12:38 PM
0
comments
Labels: စိတ်ကူးရက္ကန်း
Wednesday, November 19
သစ္စာအမှာ
သျှမ်းလေး
ရိုင်းသည့်ကောင်းကင်
ထိုးဖောက်ဝင်သည်
တော်လှန်ရဲရင့်
တိုက်ပွဲဖွင့်သူ
အသင်လူသည်
ရွှေတောင်ပံထက်
သွေးစက်ယိုစီး
ခေတ်သစ်ခရီးဆီ
ဒို့တွေညီစွာ
ပွဲခင်းသာမှ
သမိုင်းသစ်ကို
မှော်ကွန်းစိုက်ယူ
မှတ်တိုင်ထူဖို့
ပေးဆပ်သူတို့၏ သစ္စာအမှာ...
၂၀၀၈ခု နိုဝင်ဘာလ ၁၉ရက် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ တက္ကသိုလ်ဆေးရုံ အရေးပေါ်ဋ္ဌာန
Type the rest of your post here..
Posted by
Niyawdar
at
9:58 PM
0
comments
Labels: ပဏ္ဍာကာရ
Thursday, September 25
ဝါဒ
နီယော်ဓာ
အသိတရားရိုးတံတို့
ဆည်းပူးမှု အဆစ်ဆက်ရင်းကိုင်းညွှတ်
ဖြတ်သန်းမှုတွေ သိပ်သည်းစေတဲ့အခါ
ခံစားမှု ဖူးတွေ ဝေတယ်..
ယုံကြည်ရပ်တည်ရာဟာ ဒီအတိုင်းသာ ရှင်သန်ရ..
စိတ်ဝိဉာဉ်တို့နဲ့ ရေလောင်းပေါင်းသင်..
သက်ထား၍ ပျိုး
ငြိုးခဲ နွမ်းခဲလေသည်။
လူ့ရွာမှသည် လူ့စကြာထိ
မွှေးတရှရှ မြမြ လှကြစေ။
၂၀၀၈ စက်တင်ဘာလ ၂၅ရက်နေ့ ည၈နာရီ ၅၀မိနစ်
Type the rest of your post here..
Posted by
Niyawdar
at
8:01 PM
0
comments
Labels: စိတ်ကူးရက္ကန်း
Tuesday, July 1
သူလျှိုကြီး
နီယော်ဓာ
သူလျှိုကြီးဟာ
အကောင်ကြီးကြီး၊ အမှီးရှည်ရှည်
တောမီးလောင်အောင် ရှို့တယ်။
ဘာလင်တံတိုင်းပြိုခဲ့တာလဲ အမှတ်မရဘူး။
ဗုဒ္ဓ၊ ယေရှုတော်နဲ့ ပိဋိကပ်တွေ၊ သမ္မာကျမ်းတွေကို
မျက်နှာဖုံးချုပ်ဝတ်
ပါးတဖက်တောင် မလုံချင်ဘူး။
သူလျှိုကြီးမှာ အရွယ်အပိုင်းအခြားမရှိဘူး။
တကိုယ်လုံး အရည်တစိုစိုနဲ့လောက်ကိုက်နေတဲ့
အတ္တဆွေးတွေကို အယားပြေရုံ
မီးမြှိုက်ဖို့ တောမီးကိုသာရှို့တယ်။
မျက်နှာဖုံးအောက်မှာ
အဖာတရာ ကွာလုကွာခင်ဖြစ်နေတဲ့
အင်္ဂါလှိုက် အနာဖေးတက်
မျက်နှာဘေးသက်သက်သာရှိတယ်။
သူလျှိုကြီးဟာ မငိုတတ်တော့
အသံနက်ကြီးနဲ့ အာအာအီအီ
အော်ဟစ်မြည်တမ်း
ချာလပတ်ရမ်းရမ်းပြီး ခုန်တတ်တယ်။
သူလျှိုကြီးဟာ ပုစ္ဆာတပုဒ်မဟုတ်။
အိပ်ရေးပျက်ခံရလောက်တဲ့
အိပ်မက်ဆိုးလဲ မဟုတ်လေဘူး။
သူလျှိုကြီးဟာ ကျုပ်တို့တောကြီးရဲ့
နိယာမအမှုန်အမွှားတခုသာဖြစ်တယ်။
အဲဒီ သူလျှိုကြီးဟာ မှန်ကိုအကြောက်ဆုံးပဲ။
Type the rest of your post here..
Posted by
Niyawdar
at
7:44 PM
1 comments
Labels: စိတ်ကူးရက္ကန်း
Sunday, June 22
ပုဝါ မကူ ရေ မရူ
သားဗမာ
ညီစေဟေ့ ညီစေ
အာဇာနည်တို့ရေ။
သမိုင်းမျက်နှာတရွက် ကုန်လို့
အရေးတော်ပုံ ဆိုက်ရောက်ပြီ။
ဒို့တိုင်း ဒို့ပြည် သာယာလှဖို့
နောင်လာသားတို့ ကောင်းစားဖို့ရေး
ဒီစစ်ခွေးမိုက်အုပ် ဒို့မောင်းထုတ်ကြစို့။
ငါတို့အရေး ငါတို့ ထမ်းမယ်
တွဲလက်တို့ တင်းထားညီရင်းနှမတို့ရေ။
ဒင်းတို့ ၀ါးရင်းတုတ်မှာ ငါတို့ဒူးမတုံ့
လှံစွတ်သေနတ် ငါတို့ရင်စိုက်လဲ
ပုဝါ မကူ ရေ မရူ
သခင်စိတ်နဲ့ ငါတို့ သရဏဂုံတင်မယ်။
တဘ၀ တခါသာသေ
ငါ့ညီ နှမတွေဘဝ
စစ်ကျွန်နင်းပြားမကျစေရ။
သောင်းထိုက်က ဘ၀ဂ်ညံ
လူထုထောက်ခံတဲ့ တပ်ဦးအားမာန်
တဗိုလ်ကျရင် နောက်တဗိုလ် တက်မယ်။
အလံတံခွန် မြေမခ
ငါတို့သွေးသာ မြေကျခံမယ်
အရေးတော်ပုံ ဒီစခန်း
ဦးလည်မသုန် ချီတက်ကြစို့။
လူသေရင်တောင်
ဝိဉာဉ်တွေ မုန်တိုင်းဆင်မယ်။
စက်တင်ဘာလ ၂၈ရက် ၂၀၀၈
Type the rest of your post here..
Posted by
Niyawdar
at
4:20 PM
0
comments
Labels: ပဏ္ဍာကာရ
Friday, May 16
လွတ်လပ်သောနိဗ္ဗာန်
ရာဝိန္ဒြာနတ်တဂိုး
စိတ်ကမကြောက်ဘဲနှင့် ခေါင်းကိုမတ်စွာ
ထားနိုင်သောအရပ်၌လည်းကောင်း၊
ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊
ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုနံရံများဖြင့်
တောက်စိတ်ပိုင်းခြားမှု မရှိရာ၌လည်းကောင်း၊
စကားသည် နက်ရှိုင်းသော သစ္စာတွင်းမှလာသော
အရပ်၌လည်းကောင်း၊
မနေမနားသော အားထုတ်မှုသည်နိဗ္ဗာန်သို့
လက်လှမ်းသောအရပ်၌လည်းကောင်း၊
ဆင်ခြင်မှုချောင်းရေသန့်သည် အကျင့်ဆွေး သဲကန္တရတွင်
ခရီးလမ်းစ မပျောက်ရာ၌လည်းကောင်း၊
စိတ်ကို အစဉ်ပျံ့ပျူးသော တွေးဆပြုလုပ်မှုတို့သို့
အရှင်ရှေ့ဆောင်ရာ၌လည်းကောင်း၊
ထိုလွတ်လပ်သော နိဗ္ဗာန်၌တပည့်တော်၏ တိုင်းပြည်သည်
နိုးကြားနိုင်ပါစေ အရှင်ဘုရား။ ။
(ဂီတဉ္စလီ အမှတ်၃၅)
မိုးမခမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။
Posted by
Niyawdar
at
10:08 AM
0
comments
Labels: သူတို့ 
အံမကျဘူး
မင်းကိုနိုင်
တိုက်ပိတ်လို့
ဝစီပိတ်ခဲ့ရ
အဲဒီနှတ်ခမ်းနဲ့ဖွဲ့ကြည့်တဲ့ဂီတ
အံမကျဘူး....
ဆယ်နှစ်ဆယ်မိုးခေါက်ရိုးကျိုး
အဖြူရောင်ကသိုင်းရှုခဲ့ရ
အဲဒီ့မျက်လုံးတွေနဲ့
ဖန်တီးချင်တဲ့ရောင်စုံရှုခင်းအလှ
အံမကျဘူး....
လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့
လောကကိုပြန်ပြုံးပြနေရတာကိုက
အံမကျဘူး....
Q မှတဆင့်
မအိရွှေစင်ညွန့် (ခ) မေအိခင်(လယ်ဝေး)မှ တော်လှန်ရဲသူအားလုံးအတွက် အရောက်ပေးပို့ပါသည်။
Posted by
Niyawdar
at
10:08 AM
0
comments
Labels: သူတို့ 
Monday, April 7
အလွမ်းတထွာ
နီယော်ဓာ
ဘယ်ပုံအသက်ရှုသွားမယ်ဆိုတာနဲ့
အလွမ်းတွေကို မြေးကလေး ပြဋ္ဌာန်းပါရစေ။
နူးညံ့သော၊ ရဲရင့်သော၊ စွမ်းသော ဖွားကြီးမာသို့ (နိုဝင်ဘာ ၂၉ရက် ၁၉၁၅- ဧပြီ ၇ရက် ၂၀၀၈)
Type the rest of your post here..
Posted by
Niyawdar
at
5:26 PM
0
comments
Labels: စိတ်ကူးရက္ကန်း
Friday, April 4
စိန်
နီယော်ဓာ
ဦးရီးရင်နဲ့ ပျိုးခဲ့သမျှအတွက်
အလွယ်တကူ အချိုးခြေမခံသေး..
ဒီနေ့
သေမင်းတမန်ကိုရော..
ယစ်မျိုးတရာကိုရော..
အမိုက်ဆုံး အမှောင်ထုကြီးကိုရော..
စိန်
မကြာသေးမီက မြစ်ကြီးနားထောင်တွင်းကျဆုံးသွားသော ဦးလေး ဦးမျိုးအောင်သန့်သို့
Summary
Rest of your post
Posted by
Niyawdar
at
12:21 AM
0
comments
Labels: ဒေါင်းကျူးနဘေ
Sunday, March 30
တကယ့်ခရီး
နီယော်ဓာ
တွေးခေါ်မြော်မြင်မှု တိမ်အိုရိုင်းတွေ၊
အိမ်ဝေး သွေးခြေဥ ခြုံထည်ကြမ်းတွေ၊
ခြိမ်းခြောက်မှုသော့တံကြီးကြီးနဲ့
အသေခတ်ပိတ်ပစ်ထားတဲ့ နေသာထိုင်သာရှိမှု ဘာသာတရားတွေ..
ဝိဉာဉ်ထိနှောင်ရင်း ပျော်ကျစီးထန်း။
သွေးစင်ညတွေမှာ အိပ်ပျော်တတ်ပါမှ၊
အော်ဟစ်ခြောက်ခြားရမှုတွေမှာ ဖွဲ့သီတတ်ပါမှ၊
ဟိုဒီဘယ်ဆီမရေရာတော့တဲ့ နံရံတွေကြားမှာ လုံခြုံတတ်ပါမှ၊
ကူးစက်ပိုးတွေလှိုင်နေတဲ့ရာသီဆိုးမှာ အိပ်မက်သက်လုံမွေးတတ်ပါမှ..
စမ်းကြည့်လိုက်တော့..
အိပ်ကပ်ထဲက နေ့တွေဟာ..
မိုင်တိုင်တွေအားလုံးအတွက်..မလောက်သလိုပဲ။
ရေကြည်စီးရာ ငါးစုံမြှူးရာသို့..
ခြေတလှမ်းတိုင်း ခရီးတွင်တယ်။
၂၀၀၈ခု မတ်လ ၂၈ ရက် နေ့ခင်း ၃ နာရီ
Summary
Rest of your post
Posted by
Niyawdar
at
12:24 AM
0
comments
Labels: စိတ်ကူးရက္ကန်း
Tuesday, March 4
ဒို့တိုင်းပြည်
ဇော်ဂျီ
ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ၊ ဒို့ရွာမြေဝယ်
စေတီ စပါး၊ များလည်း များ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြို ကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ၊ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းစောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့ လုပ်ငန်း
ဉာဏ်ရှေ့ ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။
၁၉၃၅ ခုနှစ် သြဂုတ်လ ကြီးပွားရေး အတွဲ - ၃၊ အမှတ် - ၁၁
Summary
Rest of your post
Posted by
Niyawdar
at
10:12 AM
0
comments
Labels: သူတို့ 
Wednesday, February 20
ခွေးဋီကာ
ဝါးလုံးခေါင်းထဲလကသာ
အို့ .... အို့ ချော့လည်းမရ
တပ်မတော်အင်အားရှိမှ
မီးကင်နှင့်ပေါင်မုန့်ထောပတ်သုတ်
Summary
Rest of your post
Posted by
Ng Ag
at
2:13 AM
0
comments
Labels: ဒေါင်းကျူးနဘေ
Monday, February 18
ဗန္ဓုလပန်းခြံ
မစိမ်းပင်
ငုဝါတွဲလဲ
အခဲအဆုပ်၊ လေလှုပ်ယိမ်းခါ
အလှရှာသူ ကြည်မောနိုင်။
နီပြာဝါရွှေ
ပန်းတွေ ပန်းတွေ၊ နေရာပတ်ချာ
ဒီမှာအနီး၊ ဟိုမှာအဝေး
အတွေးယောက်ယက် ခတ်နိုင်သေး။
ကောင်းကင်အပြာ
ကဗ္မလာမြေကွက်၊ မြက်ခင်းပြင်ညီ
နေရီဆည်းဈာ၊ အလှသာမော
အမောဖြေမလား။
မြို့ပြပန်းခြံ
ဟန်အပြည့်ရှိ၊ အလှရှိရဲ့
ကြည့်လိုနားလို၊ ဘယ်သူမဆို
ကြိုဆိုတံခါး ဖွင့်ထားတယ်။
ဟို တနေရာ
ခရစ်အပြာ၊ ကားဝါကားပြာ
ပတ်ချာကွင်းပြည့်၊ ကြည့်နေရွှန်းပြက်
လက်လက်လင်းသော ပိုးဖဲရောင်။
အရောင်ညစ်မွဲ
စက်ရုံထဲက အလုပ်သမား
ဈေးရုံထဲက အထမ်းသမား
လမ်းမပေါ်က နင်းပြား
ဆင်းရဲသားမြို့ပြ ဗိန်မ အေးသာ
မလာ ဘာကြောင့်အပန်းမဖြေ။
မြို့လယ်ပန်းခြံ
ဟန်အပြည့်ရှိ
ကြည့်လိုနားလို၊ ဘယ်သူမဆို ကြိုဆိုတံခါး
ဖွင့်ထားသားလေ။ ။
၂၀၀၆ခု ဖေဖော်ဝါရီလ သစ္စာတော်လှန်ရေးစာပေ မဂ္ဂဇင်း အမှတ် (၈)
Summary
Rest of your post
Posted by
Niyawdar
at
12:51 AM
0
comments
Labels: သူတို့ 
Sunday, February 10
ရင်ကြားစေ့ဆောင်း
စောမာန် (မန္တလေး)
နှင်းမှုန်တွေ တဖွဲဖွဲကျနေလေပြီ။
နောင်မွန်းမြို့လေးထဲမှာ အနမ်းတွေနဲ့ ခလုတ်တိုက်မိ
လွမ်းစိတ်တွေ ဖိတ်ကျကျန်ရစ်ပေါ။့
ကျမဟာ..ပန်းချီဆရာ ရမ်းဘ်ရန့် ဖြစ်ချင်သလား
သိပ္မံပညာရှင် နယူတန်ဖြစ်ချင်သလား
အချစ်ကိုကိုးစားရင်းပဲ..ရင်ခွင်စောင်းကြိုး အဖြတ်ခံခဲ့ရသူမို့
မသေချာ။
ကျမဟာ..
မောင်ချစ်တဲ့ ဗမာမလေးလဲ မဖြစ်ချင်
ကချင်မလေးလဲ မဖြစ်ချင်
ကရင်မလေးလဲ မဖြစ်ချင်
်ကယားမလေးလဲ မဖြစ်ချင်
ချင်းမလေးလဲ မဖြစ်ချင်
ရှမ်းမလေးလဲ မဖြစ်ချင်
ပအို့ဝ်မလေးလဲ မဖြစ်ချင်
ပဒေါင်မလေးလဲ မဖြစ်ချင်
လူသားလေးတယောက် အဖြစ်ပဲ..
မောင်က လက်ကိုဆွဲပြီး
ခရောင်းမြေကို ထွန်ရက်လို့
လွတ်လပ်ရေး အသီးအပွင့်
လူ့အခွင့်အရေး ပန်းဆွဲပန်းခိုင်
မြိုင်မြိုင်ဆိုင်ဆိုင် သီးရေးပွင့်ရေး
မောင့်ဘေးမှာ ဖြစ်တည်မှုလေးတခုဆိုတာနဲ့တင်
လုံလောက် ကျေနပ်ချင်စရာကောင်းပါပြီ မောင်ရေ။
မောင်က..
မေခနဲ့ မလိခက တပ်ပေးတဲ့
ငွေကြက်ခွပ် တောင်ပံလေးတွေနဲ့
လှပတဲ့လိပ်ပြာကလေး ဖြစ်လာသူဆိုရင်..
ကျမကလည်း..
ဧရာဝတီရဲ့ ရွှေရောင်ပွင့်ဖတ်တွေကို
ရင်ရှား(လျား)ထားတဲ့
မွေးထုံသင်း ပန်းတခင်းပေါ့။
မောင့်ကမ္ဘာမှာ ရွှေရောင်ပန်းတွေ ပွင့်ခွင့်မရှိဘူး “အားနန်” လို့
မောင့်တခွန်းစကား စိမ်းထားရက်သူ။
သမိုင်းကပူတဲ့ ကြွေး
လူမျိုးရေး အညှိုးအတေးတဲ့လား
အကျေဆပ်စရာ ရင်ခွင်တညွှတ်စာ
မျှော်လင့်ခြင်းအိပ်မက်တွေသာ ရှိပါရဲ့။
ကျမဟာ..
မောင်နဲ့ကွဲပြားစွာ မွေးဖွားလာခဲ့ပေမယ့်
မောင့်အတောင်ပံလေးတွေအကြောင်း
တမြတ်တနိုး ကဗျာဖွဲ့တတ်သူပါ။
အမုန်းတွေကို
ခါကာဘိုရာဇီရဲ့ ချောက်နက်ကြီးထဲ
ပစ်ချမြှုပ်နှံကြပါစို့။
ခွဲခြားမှုတွေကို
ကြိုးတံတားလေးအဖြစ် သိုင်းပြီး
စည်းလုံးကြပါစို့ မောင်ရေ။
အတိတ်ရဲ့ အမှားတွေ
မောင်နဲ့ ကျမခေတ်မှာမှ
ဝန်မချ..၊ ခွင့်မလွှတ်ကြရင်
အနာတရတွေနဲ့ မိခင်တိုင်းပြည်အတွက်
ဆေးဖက်ဝင်တဲ့ မေတ္တာတွေပျောက်ဆုံး
ဒီမိုကရေစီရေးလည်း ပျက်သုဉ်း
အနာဂတ်တွေ လုံးပါးပါးလိမ့်မယ်။
အမှတ်ရပါ ရဲ့ ..
“စု”စကား နားမှာကြားမိ
လူနည်းစုတွေ..၊ လူများစုတွေ
ယဉ်ကျေးမှုအသွင် ဘယ်လိုခြားလည်း
တခုတည်းသော
ငြိမ်းချမ်းရေးဓလေ၊့ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆီ
ဦးတည်ရမတဲ့။
ပြည်ထောင်စုရဲ့ အနှစ်သာရဟာ ဒါပဲမောင်။
ဖေဖော်ဝါရီ ၁၂ရက်ဟာ
ဗမာမလေးတယောက်ကို
မေခနဲ့ မလိခက ကြည်ဖြူလက်ခံတဲ့ “ငွေလိပ်ပြာလေး” အဖြစ်ဖန်ဆင်းပြီး
ဧရာဝတီရဲ့ ရင်ခွင်က “ရွှေရောင် မနောပန်းလေးတပွင့်” ဖူးပွင့်ခွင့် ပေးလိမ့်မယ်။
နောင်မွန်းမြို့လေးထဲမှာလေ
မောင့်အနမ်းတွေနဲ့ ခလုတ်တိုက်မိ
ကျမရဲ့ လွမ်းစိတ်တွေ ဖိတ်ကျကျန်ရစ်ပေါ့
နှင်းမှုန်တွေ တဖွဲဖွဲကျနေလေပြီ။ ။
၂၀၀၅ ခု ဖေဖော်ဝါရီလ သစ္စာ တော်လှန်ရေးစာပေမဂ္ဂဇင်း အမှတ် (၄)
Summary
Rest of your post
Posted by
Niyawdar
at
11:40 PM
0
comments
Labels: သူတို့ 
Saturday, February 9
အမှောင်ထဲကအလင်းတစက်
ဂုရုကွေး
မနှစ်က ငါတို့မြေမှာ
သံဃာတွေရဲ့သွေးနဲ့
သမိုင်းစာမျက်နှာသစ်ကို ရေးထွင်း၊
အမှောင်ထဲက အလင်းတစက်။
ငါတို့ရဲ့အနာဂတ်အတွက်
အသက်နဲ့ရင်းပြီးပေးဆပ်သွားခဲ့။
နိဂုံးမှာတော့
ငါတို့မပြုံးခဲ့ကြရဘူး။
စနစ်ဆိုးကနေ ရုန်းထွက်၊
သွေးကြွေးကို ဆပ်ဖို့
ငါတို့အချိန်တန်ပြန်ပြီ။
သွေးနဲ့ရေးတဲ့မော်ကွန်းတွေနဲ့
ရဲရဲတောက်သွေးသောက်တို့
ငါတို့လက်တွေခိုင်ခိုင်မြဲ
အတူတူတွဲလို့
အနာဂတ်ထဲကိုတိုးဝင်ကြမယ်။
Summary
Rest of your post
Posted by
Ng Ag
at
3:51 PM
0
comments
Labels: ပဏ္ဍာကာရ
Friday, February 8
အလှဆုံး ရိုမီယိုနဲ့ ဂျူးလိယက်
နီယော်ဓာ
လူတန်းစားဘာသာနဲ့
တဖွဖွ တတွတ်တွတ်
ရွတ်နေတဲ့ သမိုင်းဘဝ
ငါ သူ့အစား မောလှပြီ..
ရေခဲမြစ်တွေ အရည်ပျော်တဲ့အခါ
အဲဒီထဲ မင်းနဲ့ငါ့သမိုင်း
တောင့်တင်းစွာ မျောပါလိမ့်..
ချစ်သူတွေ
မျက်လွှာချပြီး ကျောခိုင်းသွားရတဲ့အခါ
ဖြတ်သန်းသွားရတဲ့ ခရီးတွေက
ပိုရှည်သွားလေရဲ့  ..
ငါ့ချစ်သူရယ်..မုန်းတော့ မမုန်းပါနဲ့
အမုန်းဆိုတာ မကောင်းဘူး..
မင်းရွတ်ထမ်းသွားရတဲ့
လည်တံရှည် အိပ်မက်သေတွေ
အသက်သွင်းဖို့က ရှိသေးတယ် မဟုတ်လား..
ငါ့ဘ၀ကတော့ မင်းသိတဲ့အတိုင်း
သမုစ္ဆေဒ၀ိရတီတွေကို..
အခါခါချနင်းပြီး
ငရဲကို..သွားရမယ့် အဖြစ်..
ဒီတော့လဲ..ရှိစေတော့
ငါ့ရင်ခွင် အကျိုးကြီးကို..
ပြင်ဖို့ မကြိုးစားတော့ပါဘူး..
နီယော်ဓာ
၂၀၀၃ ခု ဒီဇင်ဘာလ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၄၇မိနစ်
Summary
Rest of your post
Posted by
Niyawdar
at
5:14 PM
0
comments
Labels: စိတ်ကူးရက္ကန်း
Thursday, February 7
သားကောင်
ငအောင်
မှတ်မှတ်ရရ။ အဲဒီနေ့က ကျွန်တော့်မွေးနေ့။ ဇန်န၀ါရီရဲ့ နေ့တနေ့မှာဖြစ်သည်။ မွေးနေ့မတိုင်ခင်ကတည်းက အမေကကျွန်တော့်ကိုမေးပါသည်။ "သား... ဒီနှစ်မင်းမွေးနေ့မှာ မင်းဘာလုပ်ချင်သလဲ" ဟု။ "ထူးထူးခြားခြားကုသိုလ်ကောင်းမှူတခုခုလုပ်ပါလား”ဟုလဲဆိုသည်။ အဲသည်တော့ ကျွန်တော် စဉ်းစား၏။ သူများအတွက်လည်း အကျိုးရှိ ၊ ကိုယ်လည်းကုသိုလ်ရမည့်ဟာ တခုခုပေါ့။ ကျွန်တော်ဆိုသည့်ကောင်ကလည်း တနှစ်လုံးနေမှ ဘုရားဆယ်ခါပြည့်အောင် ရှိခိုးသည်မဟုတ်။ ဒီတခါတော့ ကောင်းမှုလေးတခုလောက် လုပ်ဦးမှပါလေဟုတွေးပြီး ဘာလုပ်လျှင်ကောင်းမလဲဟု စဉ်းစားပါသည်။
ရုတ်တရက် အတွေးတခုပေါ်လာ၏။ ကျွန်တော်တို့အိမ်ရှေ့မျက်နှာခြင်းဆိုင်တွင် ဆင်းရဲသားပျံကျရပ်ကွက်တခုရှိသည်။ အများစုမှာ လက်လုပ်လက်စား အောက်ခြေလူတန်းစားများဖြစ်ပြီး လူလတ်တန်းစားအနည်းငယ်သာရှိသည်။ ကျွန်တော်တို့အခေါ်အရဆိုရင် "အပေအတေ" တွေပေါ့။ စရိုက်တွေကကြမ်းသည်။ ဘဝရဲ့ဒဏ်ရာတွေပါ။ အဲသည်တုန်းကတော့ စနစ်ဆိုးတွေဘာတွေ မစဉ်းစားခဲ့မိ။ အဲသည်ရပ်ကွက်ကကောင်တွေနဲ့လည်း ရန်မကြာခဏဖြစ်ဖူး၍ ရန်ငြိုးရှိသည်။ သည်တော့ ထိုရပ်ကွက်ထဲသို့ ကျွန်တော်သိပ်မသွားဖြစ်ခဲ့။ ထိုရပ်ကွက်ထဲမှဘဝတွေကိုလည်း အနီးကပ်မသိခဲ့။
ရုတ်တရက်ပေါ်လာသောစိတ်ကူးအရ ထိုရပ်ကွက်ထဲရှိ ဆင်းရဲသောအိမ်တအိမ်စီကို ဆန်တပြည်စီဝေငှရန်ကြံစီသည်။
ကျွန်တော့်အတွေးမှာ ထိုရပ်ကွက်ထဲမှကောင်တွေနှင့် ဆက်လက်ရန်ဖြစ်ချင်စိတ်မရှိတော့။ ရန်လည်းပြေမည် ၊ ကုသိုလ်လည်းရမည် ၊ ထိလည်းထိရောက်မည်။ တချက်ခုပ် လေးငါးချက်ပြတ်သော အစီအစဉ်ပင်ဖြစ်သည်။ ထိုအကြံကို အမေ့အားပြောပြသည်။ အမေကလည်းသဘောကျ၏။
ထို့ကြောင့်ထိုရပ်ကွက်မှ ရပ်ကွက်လူကြီးနှင့်တိုင်ပင်သည်။ ရပ်ကွက်လူကြီးက "ကျွန်တော်တို့ဝေပေးမယ်လေ ၊ အစ်မကြီးတို့ဒုက္ခခံဝေနေစရာ မလိုဘူး" တဲ့။ "ဟင်း... ဟင်း.... ဟင်း.... ဒါမျိုးလာမလုပ်နဲ့လေ။ သမဆိုင်က အလေးကိုပဲသွေးလို့ရမယ်။ ကိုယ်တို့ကိုဂွင်လာမဖန်နဲ့။ ဒါမျိုးတွေရိုးနေပြီ။"
အဲဒီလို ရပ်ကွက်လူကြီးနဲ့ညှိလို့မရတော့ ကိုယ့်ဟာကိုယ်ပဲ မရ,ရအောင်လှူမယ်ဆိုပြီးတော့ ဆန်ငါးတင်းဝယ် ၊ ကြွပ်ကြွပ်အိပ်ထဲ တပြည်စီထည့် ၊ ပြီးတော့ ဆန်ထုပ်တင်ဖို့ကားတစ်စီးငှါး အစစ အရာရာ ပြင်ဆင်ကြပါသည်။ နောက်နေ့ (ကျွန်တော့်မွေးနေ့) ရောက်တော့ စီစဉ်ထားသည့်အတိုင်း ကားတစီးဖြင့် နေ့ခင်း (၁)နာရီလောက်တွင်အိမ်မှထွက်၏။ ထိုရပ်ကွက်ထဲစ,ဝင်တော့ စိတ်ကတထင့်ထင့်။ ငါတို့လှူတာ သူတို့မှယူကြပါ့မလားမသိဘူးပေါ့။
ကျွန်တော့်အထင် တက်တက်စင်လွဲခဲ့ပါ၏။
ရပ်ကွက်ထဲရောက်တော့ ထူးထူးခြားခြားဆိုင်တဆိုင်ကို ကျွန်တော်တွေ့လိုက်ရသည်။ ပထမတော့ မုန့်ဟင်ခါးဆိုင်ထင်မိ၏။ လူစီကားလှသည်။ လူများမှာ လက်စွဲချိုင့်လေးတွေကိုယ်စီနှင့် ဆိုင်ထဲဝင်သွားကြ၏။ ပြီးတော့ပြန်ထွက်လာကြ၏။ လူတယောက်မဟုတ် ၊ နှစ်ယောက်မဟုတ် ၊ သုံးယောက်မဟုတ်။ ထူးဆန်းလှသဖြင့် ထိုဆိုင်အနီးသို့သွား၍ စူးစမ်းမိသည်။ ဖတ်လိုက်ရသောဆိုင်ဘုတ်ကြောင့် ကျွန်တော်အသက်ရှူမှားမတတ်ဖြစ်သွား၏။ ဟုတ်ပါ့မလား.... သေချာအောင်နောက်တခေါက် ပြန်ဖတ်မိသည်။ "သေချာပါတယ်.... ဒါ "ထမင်းရည်"ရောင်းနေတာပါ။ ဘယ်လိုတွေဖြစ်နေကြပြီတုန်း....... လူတွေထမင်းမစားနိုင်ကြတော့လို့ ထမင်းရည်တောင် ဝယ်သောက်နေကြရပြီ။ ဒါဆို ထမင်းရည်တောင် မသောက်နိုင်တဲ့လူတွေလည်းရှိမှာပဲ".....တွေးရင်း ၊ တွေးရင်း ...ကျွန်တော် စိတ်ထိခိုက်လွန်း၍ မျက်ရည်ကျမိသည်။
ဆန်တကယ်ဝေသောအခါ လာလိုက်ကြသည့်လူတွေမှမနည်း.... ထိုအထဲမှ ကလေးငယ်မလေးတစ်ယောက်ကို လက်ဆွဲလာသည့် အမယ်အိုကြီးတယောက် ဆန်လာယူ၏။ ဆန်ယူရင်းနှင့် သူ၏မြေးမလေးကို "သမီးလေး... မငိုနဲ့တော့နော်.... အဘွားတို့ဒီနေ့ထမင်းစားရတော့မယ်နော်" တဲ့။ ကျွန်တော်ဘယ်လိုမှမချုပ်ထားနိုင်တော့ပါဘူး။ ပြီးတော့မြေးမလေးက ကျွန်တော့်ကို "ဦးဦး ... သမီးတို့ကို ဒီလိုမျိုး နေ့တိုင်း ဆန်ဝေမှာလားဟင်" တဲ့ ...
အဲသည်နေ့က ဆန် (၁၅) တင်းကုန်ပါသည်။ တွေးစရာများလည်းရခဲ့သည်။ စနစ်ဆိုးရဲ့သားကောင်များပါ။ ကျွန်တော် ဆုံးဖြတ်ချက်တခု ချလိုက်မိသည်။
ထိုနေ့ညက ကျွန်တော် အိပ်မပျော်ခဲ့ပါ။ ။
Summary
Rest of your post
Posted by
Ng Ag
at
3:25 PM
1 comments
Labels: ဆွံ့အတိမ်တိုက်များအတွက် အသံ
အကျဉ်းစံ
ခြေရင်းက အစာခွက်......
ငါ့အတွက်ကတော့ ဖြစ်တတ်ပါတယ်ကွာ
လွပ်လပ်မှူကို ဖိနှိပ်မှူအောက်မှာ ရင်းထားတယ်
အပမ်းမကြီးရင် ဆုတော့တောင်းပေးကြပါ
ခင်ဗျားမြင်ချင်ရင် ကြည့်စရာတွေအများကြီးပါ
Summary
Rest of your post
Posted by
Ng Ag
at
9:54 AM
0
comments
Labels: ဒေါင်းကျူးနဘေ
Wednesday, February 6
အရူး
နီယော်ဓာ
ခရီးမိုင်နှင်၊်
ရထားထင်၍
သွားပင်သော်ငြား ရဟတ်ချား။ ။
Summary
Rest of your post
Posted by
Niyawdar
at
8:37 AM
0
comments
Labels: စိတ်ကူးရက္ကန်း
Tuesday, February 5
သွေးကြွေး
နံရံကြားမှ ဘဝများအတွက် ကျွန်ုပ်တို့ဂုဏ်ယူပါ၏။
တောတောင်ကြားမှ အိပ်မက်ဆိးုများအတွက် ကျွန်ုပ်တို့ဂုဏ်ယူပါ၏။
မြေကြီးပေါ်တွင် သူတို့၏သွေးများ နီနေပါသေးသည်။
လေထုထဲတွင် သူတို့၏ဟစ်ကြွေးသံများ မြည်နေပါသေးသည်။
ရေပြင်ထဲတွင် သူတို့၏မျက်ရည်များ စီးနေပါသေးသည်။
ထိုမြေကြီးကို သင်......... နင်းရက်ပါသလား....
ထိုလေထုကို သင်......... ရှူရှိုက်ရဲပါသလား....
ထိုရေကို သင်......... သောက်မျိုဝံ့ပါသလား....
ပြည်သူတချက်တတိုင်း သူတို့မျက်ရည်တပေါက်ကျ၏
အသည်းဆတ်ဆတ်ခုန်၏။
တချိန်တွင်...........
ထိုဝိဥာဉ်များ၊ဘဝများနှင့် အိပ်မက်ဆိးုများတို့သည် သံသရာတကွေ့ပြန်လည်ဆုံ၍
မဟာပထဝီမြေကြီး တုန်ဟီးမြည်ကာ
နေလစုံညီ ပေါ်ထွက်ပါလိမ့်ဦးမည်။ ။
Summary
Rest of your post
Posted by
Ng Ag
at
4:49 PM
0
comments
Labels: ဒေါင်းကျူးနဘေ
ချုပ်ရိုးသီခြင်းနှင့် မေတ္တာသီလ
စောမာန် (မန္တလေး )
သားရယ် မင်းမလဲဒုက္ခ
အသက်ထွက်လု
သွေးစုအိုင်လို့
အရိုးသွင်ကျိုး...
မင်းအမေပေးတဲ့ မျက်နှာကလေးပေါ်
အယောက်နှစ်ဆယ်ကျော်
ဖိနပ်တွေနဲ့ ခုန်ဆောင့်
တိုင်းတပါးက လမ်းကြားမှောင်ထဲ...
မင်းအသားအရောင် သူတို့နဲ့ကွဲလို့
သေစေချင်တာ ခံရသတဲ့
သူတို့မလဲ ဒုက္ခ
နာဇီဗိုင်းရပ်စ် ဦးနှောက်ကို ကိုက်ဖြတ်
အမိမနိုင် အဖမနိုင်
တိုလှတဲ့ဘဝ
ချစ်ခြင်းနဲ့မေတ္တာမသိ
ကိုယ်စားပြု လူမျိုးမရှိ
ကြောင်တောင်တောင် အတွေးမှိုင်းတွေပိလို့
အသားအရောင်ထက် အရေးကြီးအံ့ဖွယ်တွေ လောကထဲ ရှိတာမသိ
ဝက်ရူပျံတာထက် ဆိုး
ဒီလူမမာတွေကို
အမျိုးစွဲ အမျိုးခွဲ ရောဂါစင်ရအောင်
ဘယ်လိုဂရုဏာမျိုးတွေနဲ့ထွေးပွေ့ ကုသပေးရပါ့။
မေတ္တာဝါဒဟာ ဒီလောက်ကြီးကျယ်သတဲ့လား
အဘ ဂန္ဓီကြီးရေ..
ရဲရင့်သူသာ မေတ္တာဝါဒီ ဖြစ်နိုင်သတဲ့
သူရဲဘောကြောင်တဲ့ လူ့နလဗိန္နလေးတွေကို
ကမ္ဘာက ဝိုင်းဝန်းလို့
မေတ္တာဆေးတိုက်ကျွေး
ဂရုဏာလက်တွေနဲ့
စိတ်ကျန်းမာသန်စွမ်းရေး
ပျိုးထောင်ပေးနိုင်ကြပါစေ။
စက်တင်ဘာလ ၁၆ရက်၊ ၂၀၀၅၊ ည ၁၁နာရီတွင် လန်ဒန်မြို့၌ မပြီးသေးသော လူမျိုးရေးခွဲခြားမှု အမုန်းစိတ်ဖြင့် လူအရောက်၂၀ကျော်၏ ရိုက်နှက်ခြင်းကိုခံရရှာသော ဗမာလူငယ်လေး ၃ဦးအကြောင်းကြားမိရာမှ ကမ္ဘာလောကအတွက် စိတ်မကောင်းကြီးစွာ ဖြစ်မိသောကြောင့် ရေးစပ်ပါသည်။ မိမိရင်သွေးတို့အား လုံခြုံမှုငြိမ်းချမ်းမှုပေးစွမ်းနိုင်သော ဗမာနိုင်ငံတော်သစ်ဆီ အမြန်ဆုံးအရောက်လှမ်းကြရမည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလ သစ္စာ တော်လှန်ရေးမဂ္ဂဇင်း အမှတ် ၇
Summary
Rest of your post
Posted by
Niyawdar
at
9:13 AM
0
comments
Labels: သူတို့ 
Saturday, February 2
မေမေ့အတွက်
မေမေ့အတွက်
အရင်လို.. နှင်းဆီပန်းဝါတွေ မရှိဘူး…
ခရမ်းရောင် နှင်းဆီလေးတပွင့်တော့ ပန်ထားတယ်..
ပန်းချီကားတွေလဲ ခပ်ဖန်ဖန်မြေ၀ါရောင်တွေချည်း မဟုတ်တော့ဘူး..
အရက်ပုလင်းတွေလဲ ဘီရိုထဲမှာ ဒီအတိုင်းဘဲ
ဆေးလဲ မှန်မှန်သောက်တယ်…
လိုချင်တာတွေလဲ သိပ်မများတော့ မာနပိုကြီးလာတယ်ထင်တယ်..
ညဆိုအိပ်တယ်…
ဟိုအရင်ကလို မဟုတ်တော့ဘူးလို့.. မေမေတွေးနေသလား..
ဒီနေ့…..မေ့မေ့ကို သမီး စင်ဒရဲလားလေး ဖြစ်ချင်တယ်ဆိုတဲ့အကြောင်း….
ပြောရင်း….နှုတ်ဆက်မလို့ပါ……အချစ်ကအရေးကြီးတယ်ဆိုတော့..
တခုဘဲ …
မေမေနဲ့ကဗျာတွေလေ... မပြောင်းဘူး…
ဒီနေ့… မေ့မေ့လက်ရေးလေးတွေ အငွေ့ပျံပြီး…
တိမ်ညွန့်တွေ ဖြစ်သွားထင်ပ…
ကောင်းကင်တခုလုံး ကာရံတွေချည်းပဲ...
မေမေ့အတွက်..
Summary
Rest of your post
Posted by
Niyawdar
at
3:19 PM
0
comments
Labels: ပဏ္ဍာကာရ