နီယော်ဓာ
သူလျှိုကြီးဟာ
အကောင်ကြီးကြီး၊ အမှီးရှည်ရှည်
တောမီးလောင်အောင် ရှို့တယ်။
ဘာလင်တံတိုင်းပြိုခဲ့တာလဲ အမှတ်မရဘူး။
ဗုဒ္ဓ၊ ယေရှုတော်နဲ့ ပိဋိကပ်တွေ၊ သမ္မာကျမ်းတွေကို
မျက်နှာဖုံးချုပ်ဝတ်
ပါးတဖက်တောင် မလုံချင်ဘူး။
သူလျှိုကြီးမှာ အရွယ်အပိုင်းအခြားမရှိဘူး။
တကိုယ်လုံး အရည်တစိုစိုနဲ့လောက်ကိုက်နေတဲ့
အတ္တဆွေးတွေကို အယားပြေရုံ
မီးမြှိုက်ဖို့ တောမီးကိုသာရှို့တယ်။
မျက်နှာဖုံးအောက်မှာ
အဖာတရာ ကွာလုကွာခင်ဖြစ်နေတဲ့
အင်္ဂါလှိုက် အနာဖေးတက်
မျက်နှာဘေးသက်သက်သာရှိတယ်။
သူလျှိုကြီးဟာ မငိုတတ်တော့
အသံနက်ကြီးနဲ့ အာအာအီအီ
အော်ဟစ်မြည်တမ်း
ချာလပတ်ရမ်းရမ်းပြီး ခုန်တတ်တယ်။
သူလျှိုကြီးဟာ ပုစ္ဆာတပုဒ်မဟုတ်။
အိပ်ရေးပျက်ခံရလောက်တဲ့
အိပ်မက်ဆိုးလဲ မဟုတ်လေဘူး။
သူလျှိုကြီးဟာ ကျုပ်တို့တောကြီးရဲ့
နိယာမအမှုန်အမွှားတခုသာဖြစ်တယ်။
အဲဒီ သူလျှိုကြီးဟာ မှန်ကိုအကြောက်ဆုံးပဲ။
Type the rest of your post here..
1 comment:
This is a very incredible poem.
Thanks.
Tea
Post a Comment