Saturday, March 28

သွေးစာလုံးနဲ့ မြေစက္ကူ

ကြည်အောင်
(ဖက်ဆစ်တော်လှန်ရေး နွေဦးရက်တမ်းတမှု)
သွေးတစက်က၊ အက္ခရာထင်
မြေပြင်စက္ကူ၊ လက်ရေးမူကို
ပြည်သူတွေသာ ဖတ်နိုင်တယ်။

လယ်ကျွန်ရဲ့သား၊ ညပြောက်ကျားဟာ
တရားစစ်ပွဲ၊ တိုက်ခိုက်ဆဲတွင်
သူရဲကောင်းအဖြစ်၊ ကျဆုံးရစ်တယ်။

ပြောက်ကျားရဲဘော်၊ ဇာတ်ကြောင်းဖော်တဲ့
မြေပေါ်သီကုံး၊ သွေး စာလုံးကို
ပြီးဆုံးအောင်ဖတ်၊ သူ့စိတ်ဓါတ်အား
လေးမြတ်ရည်စူး၊ ညွတ်တဲ့ဦးနဲ့
ရွှင်မြူးအားသန်၊ သံဓိဋ္ဌာန်ကြ
တော်လှန်သူတို့ရဲ့
စစ်ထွက်ည။ ။
၁၉၆၈၊ မတ်-၁၇



Type the rest of your post here..

No comments: