Friday, May 29

ကာလနှယ် ဆိုးပါဘိ

စလေဦးပုည
ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊ တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊
တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊ တူရိယာ နတ်စည်စောင်း၊ သူဖုန်းတောင်းချင်းကတဲ့သွင်။ ၀ါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်းပလေး။ ။



Type the rest of your post here..

No comments: