Saturday, May 30

နဂါးနီ

တေးရေး- ရွှေတိုင်ညွန့်

ဆင်းရဲသား ပျံကျအလုပ်သမားကြီးတဦး ညနေရီတရောမှာ အသက်ဆက်ရှင်ချင်စရာမရှိတဲ့ လူမှုစီးပွားမွန်းကျပ်မှုတွေအတွက် မျက်ရည်တွေဝေပြီး နဂါးနီသီချင်းကို ငြီးနေတဲ့အခိုက်ဟာ ကျုပ်တို့တမျိုးသားလုံးအတွက် ကဗျာတပုဒ်ဖြစ်သွားခဲ့ပါတယ်။

[(ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ
တို့အမျိုးသားတိုင်းပြည်) ၂
မွဲတဲ့လူ လှူဒါန်းနိုင်မည်
ကျောင်းဆောက်ကာ ဘုရားပါတည်
ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့ မတဲ့ကိန်းဆိုက်ပြီ)]၂

(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်)၂
( ဒို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့ မညှိုးမီ
အကျိုးထူးပေးတော့မယ်တဲ့ဗျ(မည်) )၂

ခေတ်သစ်ထူထောင်မည်
အေးချမ်းသာယာသည်
နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။

( နေရေးနဲ့ စားသောက်ရေးပါ မနှေးအောင်ပင် ချောင်လည်ရမည်
လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်မည် ဒို့နဂါးနီ )၂
( ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်မည် )၂
ကောင်းစားမယ့် ဒို့မြန်ပြည်
ရွှေမိုးရွာမည်။

(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်)၂
( ဒို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့ မညှိုးမီ
အကျိုးထူးပေးတော့မယ်တဲ့ဗျ(မည်) )၂

ခေတ်သစ်ထူထောင်မည်
အေးချမ်းသာယာသည်
နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။

( သိဒ္ဓိအဖုံဖုံလုံခြုံစေမည်
နေ့စဉ် (ညစဉ်) ဖိုမထိုးဘဲ အကျိုးပေးနိုင်မည် )၂


( ဗမာပြည် နဂါးနီတန်ခိုးနဲ့ မြေလျှိုးပါလို့ မိုးပျံနိုင်မည် )၂

မွဲတဲ့လူတွေ ငွေမရှားရအောင်
ကြိုးစားလို့ ဆောင်ရွက်ခါမှန်း
ထွက်ရပ်လမ်းပြမည်။

(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်)၂
( ဒို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့
ဆင်းရဲသားတို့ မညှိုးမီ
အကျိုးထူးပေးတော့မယ်တဲ့ဗျ(မည်) )၂

ခေတ်သစ်ထူထောင်မည်
အေးချမ်းသာယာသည်
နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။

No comments: