တာကောဒီ
(၁)
ရာဇဝင်လို အိုမင်းတဲ့
တောင်ပူစာ တလုံးရဲ့ နဘေးမှာ
ရေမစီးတဲ့ ခဲခြစ်ကောက်ကြောင်းရှိတယ်
အဲဒီနံဘေးမှာ
အဖုံးမပါတဲ့ မှော်သေတ္တာတလုံးရှိတယ်
မှော်သေတ္တာထဲမှာ . . .
ကြယ်ရောင်တွေကို မြှုပ်ထားတယ်
ဝတ်စုံပြည့် သတို့သမီးတွေကို မြှုပ်ထားတယ်
ခြေတဖက်ကျိုးနေတဲ့ အနာဂတ်ကို မြှုပ်ထားတယ်
ဒိုမိနစ်လာပီယဲရဲ့ “သုခမြို့တော်” မြှုပ်ထားတယ်
မှော်သေတ္တာထဲမှာ
ကမ္ဘာကြီးအတွက်
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပန်းချီကား
ချန်ထားရစ်တဲ့
ကိုချိုကြီးကို မြှုပ်ထားတယ်
တန့်ဆည်သပိတ်က ကိုချိုထွန်းကို မြှုပ်ထားတယ်
သတင်းထောက်ကြီး ဦးကျော်ညွန့်ကို မြှုပ်ထားတယ်
ရွှေကူသပိတ်က ဦးကိုလေးကို မြှုပ်ထားတယ်
. . . .
. . . .
မြှုပ်ထားတယ် . . မြှုပ်ထားတယ် . . . .
မှော်သေတ္တာထဲမှာ
လူသေတွေထုတ်လုပ်တဲ့
ဆေးရုံ တစ်ရုံ မြှုပ်ထားတယ်
(၂)
သင်္ချိုင်းမြေမှာ တည်ခဲ့လို့များလားမသိ
ဆေးရုံဟာ
အစားကြူးလွန်းလှတယ်
ရှေ့တည့်တည့်က လှမ်းကြည့်ရင်
လူခေါင်းခွံပေါ် နာဇီစစ်ခမောက်ဆောင်းထားသလိုမျိုး
အမိုးခုံးခုံးတို့ ကုန်းရုံးထ
ပြတင်းပေါက်တွေက ဟောက်ပက်ပက် မျက်တွင်းတွေ
တံခါးမကြီးက . .
အစွမ်းကုန်ဟထားတဲ့ ပါးစပ်ပေါက်
နီရင့်ရင့် သံတိုင်တွေက
သွေးအလူးလူး စွယ်သွားတွေနဲ့ . .တူ . .တူ . .နေချေသေးတော့
အပေါ်ထပ်က လှမ်းကြည့်ရင်
စိမ်းစိုလယ်ကွင်း . . မှိုင်းညို့တောအုပ်
ခြေတံရှည်တဲစု
ဗျိုင်းဖြူတကောင်နှစ်ကောင်ကြဲပက်ထား
နွားတချို့မြက်စား အေးအေးလူလူ
ဒီ . . သက်ငြိမ် ပန်းချီကားချက်
ညနေ . . ညနေ . . မှုံငေး
မျက်လုံးတွေနဲ့ လှမ်းပွေ့ဖက်ကြ
အိမ်ရာရဲ့ရနံ့ကို စိတ်ကူးနဲ့ လွမ်းရှိုက်ကြ
ရဲဘက်စခန်း မပြန်ချင်လို့
ဒီနေရာကနေ
ခုန်ချ အသေခံသွားသူတွေ ရှိခဲ့တယ်
ခါးလျားရှည် လှေကားနှစ်စင်းဟာ
သူ့အပေါ်နင်းဖြတ်သွားသူတွေလို
အိုမင်း . . ချိနဲ့
တကျိုးကျိုး တကျွတ်ကျွတ် ညည်းညူ
အပေါ်ထပ်နှင့်အောက်ထပ်ကို
အလျားမှောက် ဆက်သွယ်ထားတယ်
အောက်ထပ်မှာ . .
အနံ့တလှောင်းလှောင်း . . မှောင်အိုက်အိုက်
မာသာထရီဆာနဲ့
လူထုဒေါ်အမာ သိမသွားရှာတဲ့
ခေါင်းတလားလိုမျိုး
ရှည်မျောမျော အခန်းတစ်ခန်းရှိတယ်
အဲသမှာ . .
သေအံ့မူးမူး လူနာတွေ
တွား . . တွား . .တက်လာတဲ့
ဆင်သင်္ချိုင်းလို့ခေါ်တဲ့
ကွပ်ပျစ်တလုံးရှိတယ် . .
အဲသမှာ . .
အခင်းမရှိ . . စောင်မရှိ
ရက်စက်တဲ့ လာနီညာ ဆောင်းညများ
ရိုးတွင်းချဉ်ဆီဖေါက် . .ကိုက်ခွဲ
ယမ်းနံ့စွဲ သစ်ရွက်ကြွေတွေလို
လူ့အဖွဲ့အစည်းရဲ့အံဖတ်တွေ . . .
နေ့စဉ် . . ညစဉ် . .
တဖြုတ်ဖြုတ်ကြွေ . . .
အဲသမှာ . .
နိုင်ငံရေးအကျဉ်းသား
ဆေးဖက်ပညာသည်တွေ ဆေးကုပေးခဲ့ကြတယ် .
ဆရာသင်း ဆေးကုပေးခဲ့တယ်
ဆရာဝင်းအောင် ဆေးကုပေးခဲ့တယ်
ဆရာစိုးမြင့် ဆေးကုပေးခဲ့တယ်
ဆရာခင်မောင်ဆွေ ဆေးကုပေးခဲ့တယ် . . .
အဲသမှာ . .
အကြောင်းထူးမရှိ . . ကောင်းဗျား တဲ့
အခွင့်အရေးကို ဆေးစွဲသလိုစွဲနေသူတစ်ယောက်
သံကြောင်ဟစ်ကြေညာနေတုန်း
ဖင်စီဒိုင်း တခါသာသယ်ရောင်းဘူးတဲ့
ကလေးမြို့က . .
ရှစ်တန်းကျောင်းသားလေး “မောင်မောင်လတ်”
သွေးပွက်ပွက်ထိုးအံ . . လဲကျသေရှာ
ပိတောက်လမ်းသီချင်း အဆိုကောင်းတဲ့
အိမ်ခြေရာခြေမဲ့ . .
သာတီဖိုက် မောင်ကို
အသက်ငင် . . နေရှာ . .
ဒါဟာ ဒီနေရာမှာတော့  အကြောင်းထူးမဟုတ်ခြေဘူး
ကုလသမဂ္ဂ ရဲ့
လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ . .
စာကြောင်းတကြောင်းအဖြစ် ပါမပါတော့မသိ . .
မနက်လင်းရင် ခရမ်းခင်းထဲ ပစ်ထည့်ထားမယ့်
ဖျာလိပ်ခေါင်းထဲမှာ
ခြေလေးချောင်း ရှိနေမှာသေချာ . . ။
ဆေးရုံဟာ
အခင်းအကျင်းတွေ
အတင်းအဖျင်းတွေ
အတင်းအဖျင်းတွေနဲ့
အသက်မရှူတော့တဲ့ “ဆောင်ပုဒ်” တွေကို ဝတ်ဆင်ထားတယ် . . .
ဆေးရုံရဲ့ . .
သွေးခုန်သံတွေမှာတော့ . . .
မင်းတို့အကျဉ်းသားတွေဟာ
ငါ့မိန်းမ ပစ္စည်းလောက်မှ တန်ဘိုးမရှိတဲ့ . .
မတ္တရာက . .
လာဘ်စား အလုပ်ပြုတ် ထောင်မှူး တင်မော်ရဲ့ “အကြွား”
မင်းတို့ အကျဉ်းသား (၁) ယောက်သေရင် (၁၀၀) လာမယ်
(၁၀၀) သေရင် . . (၁,၀၀၀) လာမယ်တဲ့
နမ့်ဆန်ထောင်ပိုင် ဗိုလ်ကြီးစိုးအောင်ရဲ့ “စကား”
ထောင်ဝက်တကောင်သေရင် . . .
စာရွက် (၃)ရွက် ကုန်တယ် . .
မင်းတို့အကျဉ်းသား တယောက်သေရင်
စာရွက်တရွက်ဘဲကုန်မတဲ့ . .
ညွှန်ကြားရေးမှူး . .ဗိုလ်မှုးဘမှန်ရဲ့ တရား
ဒီ . . ငရဲကောင်တွေရဲ့ .
စကြာတံဆိပ် ဝိညာဉ်တွေ . . ပူးကပ်စွဲဝင်နေတယ် . .
ဘော်ဒါတေဝါးမယ်ဟေ့ . . .
ရေချိုးတန်းစီမယ်ဟေ့ . . .
အော်သံစူးစူးရဲ့ လက်များက
ကန့်လန့်ကာကိုဆွဲဖွင့်လိုက်တော့ . . . ။
အရောင်လွင့်နေတဲ့
သူတို့ဘဝလိုမျိုး . . .
မျက်နှာတွေ . .
မျက်နှာတွေ . .
မှိန်ဖျော့
ပိန်ချိုင့်မျက်တွင်း ဟောက်တွေထဲ
ခြေချော်ကျ မျက်လုံးတွေမှာ . .
ပြာကျအိပ်မက်တွေ ချိတ်ဆွဲလို့ . .
အသက်ရှူနေတဲ့ . .
လူသေကောင်တွေစီတန်း လှည့်လာကြ . . .
တချို့ဝတ်လစ်စားလစ်
တချို့အောက်ပိုင်း ဗလာ . .
ဒါနာဇီအကျဉ်းစခန်း အော့ဇဝစ်မဟုတ်
ရှင်ဒဲလား စာရင်း ရုပ်ရှင်မဟုတ်
အီသီယိုပီးယားမဟုတ်
မဟုတ် . .
မဟုတ် . .
မဟုတ် . .
ခပ်တဲတဲတေ့ဆက်ထားတဲ့
ဖဲထီးသံကိုင်းနံရိုးတွေ
ပုလွေရိုးပေါင်တံတွေ
ကျူပင်ရိုး လက်မောင်းလက်ဖျံတွေကို
လောကဓံ ပြင်းပြင်းစိမ်ထားတဲ့
အရေပြားတွေနဲ့ထုပ်ပိုး . .
သူတို့ဘဝလိုချိုငဲ့တဲ့ . .
ထမင်း တပုံစံ စားဘို့ . . .
သူတို့ဘဝလို ညစ်ထေးတဲ့
ရေ . . တပုံစံ ချိုးဘို့
ပါးလှပ်လှပ် စက္ကူလူတွေ
အဖြူအမဲ ရုပ်ရှင်အနှေးပြကွက်လိုမျိုး
တရွေ့ရွေ့ လှမ်းထွက်လာကြ
ဒါ . .
ကဘော်မှာ
ကြိမ်ခရန်ခမှာ . .
နမ့်ဆန်မှာ . .
တောင်လေးလုံးမှာ . .
ထုံးဘိုမှာ . .
ရာဇဂြိုဟ်မှာ . .
ဘဝသစ်စခန်းမှာ . .
ဒီ . . သေမင်းတမန် ရဲဘက်စခန်းတွေမှာ
ငတ်မွတ်မှုက တတိတိ တိုက်စား
ကျောက်တုံးတွေက တအိအိဖိပြား
ပေါက်တူးတွေက ဒရစပ်ဝါးမျိုပစ်လို့
နွားတကောင်အဖြစ် ထွန်ယက်ရင်း . .
ပဲစင်းငုံခင်းထဲအားပြတ်လဲကျ . .
ကျောက်မိုင်းထိ ခြေပြတ်လက်ပြတ် . .
ဝါး တလုံး . .
နှီးသုံးချက်ချည်
အလောင်းတလောင်းအဖြစ်
လက်ယက်တွင်းထဲ ခွေးဖော်စားမခံခဲ့ရလို့
မသေလို့ကျန်ခဲ့သူတွေ . . .
ဒါမှမဟုတ် . .
သေဘို့ကျန်ခဲ့သူတွေ
ဒါမှမဟုတ် . . သေဘို့ပြန်ခဲ့သူတွေဖြစ်ကြတယ် ။
ကပ္ပိလဝတ် နန်းဆောင်လယ်
လရောင်ပြက် . . ည . .
မှိုင်ငေး . . တွေးမော
သူအိုသူနာတွေ့ခဲ့သူ . .
မင်းသားသိဒ္ဓတ္ထ
ဒီလူတွေသာမြင်ခွင့်ရခဲ့ရင် . .
ဒီမင်းသား . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .
ဆယ်ခါပြန် ဘုရားပွင့်လောက်ရဲ့ . .။
(၃)
စားဖိုရဲ့ညှော်နံ့တွေကိုရှုရှိုက်
ထိုးခွာနေတဲ့ မီးကျွမ်းထမင်းချိုးတွေကိုငေးစိုက်
ဖိုခေါင်းရဲ့ကြောင်စားနေတဲ့ . .
သူတို့ “ပုံစံ” ထက်များတဲ့
အသားတုံးတွေကို
အာသာငမ်းငမ်းလှမ်းမျှော်
လူတန်းကြီးရဲ့ . . .
ဗို့အားကျ မျက်နှာတွေမှာ . .
အရောင် နဲနဲ . .
လက်လာ . . .
ငရဲသားတွေကတော့
ပုခုံးပေါ်
သတ္တုကြယ်တွေထိုးချိတ်
တဝါးဝါး ရယ်ပွဲဖွဲ့လိုက်ကြ
တရွှမ်းရွှမ်း ကြိမ်စွမ်းပြလိုက်ကြ
သေလူလည်ချောင်းထဲက
နို့ပေါင်မုန်ု့ကြက်ဥတွေကို
လုယက်နှိုက်စားလိုက်ကြနဲ့
“ကောင်းဗျား”
ဂီတသံစဉ်ကို
မြိန်မြိန်ယှက်ယှက် စင်တင်နေတယ်
(၄)
တူတူတူတူ . .
တူတူတူတူ . . .
တတူတူနဲ့
ကြေကြေကွဲကွဲ ညည်းရှိုက်
ဒီလူနာတွေကို တင်ခေါ်မသွားနိုင်လို့
တဂျုံးဂျုံး တဂျုတ်ဂျုတ် စုတ်သပ်ရင်း
မတ္တရာ ရထား ဖြတ်ခုတ်သွား
ဒါ . .
ပြင်ပကမ္ဘာကြီးနဲ့ စည်းခြားထားတဲ့
အနားသတ် ငရဲမျဉ်းပေါ့ . .
ဆေးရုံကတော့
ဒီလူနာတွေရဲ့ ဘဝကို
တစက်စက်လောင်းငှဲ့
တစက်မကျန် တရှိန်ထိုး ကောက်မော့ချလိုက်ရင်း
အကြွင်းအကျန်တွေကို
စားဖိုမီးနဲ့ လောင်ကျွမ်းပစ်
ဝိညာဉ်တွေကိုတော့
စားဖိုမီးခိုးခေါင်းတိုင်ကနေ
အန်ထုတ်ပစ်လိုက်ပါတော့တယ်
(၁၉၉၉ ဖေဖော်ဝါရီ၂၅ - မတ် ၁၅)
တာကောဒီ
မူရင်းစာမျက်နှာ။ ။https://www.facebook.com/uzaw1/videos/804432216272393/?pnref=story
နီယော်ဓာ
ကိုယ့်ကိုယ်ကို စည်းရုံးထားရုံထက် ဘာမှ မပိုပါ။
Thursday, April 23
Sunday, April 19
နီပြာမှုန်ရီ
ရေးသူ- သျှင်နေ၀င်းဇော်
ကျမမှာ ကြောင်လေးတကောင် အငှားရှိခဲ့ဖူးတယ်။ သူ့နာမည်က နီပြာမှုန်ရီလို့ ခေါ်တယ်။ ကျမမှည့်ပေးထားတဲ့နာမည်။ ကြောင်လေးက ဘယ်နေရာကမှန်း မသိ ကျမဆီအလည်လာရာက ကျမနဲ့ ရင်းနှီးကျွမ်းဝင်သွားတဲ့ တိရစ္ဆာန်ကလေး။ သူ့ကို ကြည့်ရတာ သူ့ကိုချစ်တဲ့ သခင်တယောက်ယောက်တော့ရှိပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူကျမဆီလာတိုင်း သန့်ရှင်းပြီးလှပနေလို့ပါပဲ။
သူက သူလာပြီဆိုအိမ်ရှေ့ သံပန်းတံခါးကို သူ့ဘယ်လက်လေးနဲ့ ပုတ်ပြီး အချက်ပေးတံခါးခေါက်တတ်တယ်။ အဲဒီလို သံတံခါးရဲ့ အောက်နားဆီက ဒုံဒုံနဲ့ အသံမကျယ်တကျယ်လေးမြည်နေပြီဆို နီပြာမှုန်ရီပဲ။ သူက ၀တုတ်တုတ် ခပ်ထွားထွား ကြောင်လေးဆိုပေမယ့် မြေပေါ်မှာ ဖင်ထိုင်ချပြီး တံခါးခေါက်ရတော့ သံတံခါး အောက်ခြေလေးကိုသာမှီတာပေါ့။ ကျမက အတွင်းက မှန်တံခါးကို ဘေးတိုက်ဆွဲဖွင့်ပြီး သံတံခါးကို မဖွင့်သေးပဲ သူ့ကိုနှတ်ဆက်လိုက်တဲ့အခါ ကျမကို ကြည့်နေကြအတိုင်း တချက်ကြည့်လိုက်တယ်။ အသိအမှတ်ပြုတဲ့ မျက်နှာပေမယ့် ကြောင်ဆိုတော့ မထုံတက်သေးပုံတော့ မျက်နှာပေးမှာ ပေါ်နေတတ်တယ်။ အဲဒါ သူ့ပုံစံပဲ။ ပြီးရင် သူ့ခေါင်းနဲ့ သံပန်းတံခါးကို ပွတ်တော့တာပဲ။ ဟိုဖက်ယိမ်းပွတ်လိုက်၊ ဒီဖက်ယိမ်းပွတ်လိုက်နဲ့။ ကျမက သံတံခါးကိုဖွင့်ပြီး သူ့ကို စကားတွေပြောရင်း သူ့ကိုယ်ကို ပွတ်ပေးရင်တော့ အမြီးလေးထောင်ပြီး ဟိုဖက်သွားလိုက် ဒီဖက်သွားလိုက်နဲ့ ကျမလက်ကို သူ့ကိုယ်လုံးရော သူ့ရဲ့ပူနေတဲ့ဗိုက်မှာပါ ထိအောင် လိုက်ပွတ်သပ်နေတော့တာပဲ။ ကျမက သူ့ကို ပုစွန်ခြောက် ကျွေးရင် သူမစားဘူး။ ဗမာဆီပြန်ချက်ချက်ထားတဲ့ ၀က်သားဟင်းကျွေးရင်တော့ ကြိုက်မှကြိုက်။ ကြောင်ကို ၀က်သားဟင်းကျွေးရင် အဆီတွေပါတတ်လို့ အမွေးကျွတ်တတ်တယ်လို့ ကြားဖူးပေမယ့် သူကြိုက်တော့ ကိုယ်ကလဲ ကျွေးချင်တယ်။ ဒါနဲ့ ၀က်သားဟင်းရှိတဲ့နေ့နဲ့ ကြုံရင် ၀က်သားတုံးကို ရေဆေးပြီး အသားချည်း ရွေးနွှင်ကျွေးရတယ်။
အိမ်မှာ အတူနေတဲ့ အခြားအိမ်သားတွေနဲ့တော့ သူက မတည့်ဘူး။ သူ့ကို အိမ်ထဲကနေ ဆွဲဆွဲထုတ်လို့ ထင်တယ်။ ကျမနဲ့တော့ အတော် အဖွဲ့ကျနေပြီ။ ကျမစာဖတ်နေရင် သူက ဘေးက အဖော်လုပ်တယ်။ သူ့အတွက် ၀ယ်ပေးထားတဲ့ အိပ်ယာက သေးနေပေမယ့် ကျမစိတ်ချမ်းသာအောင် အိပ်ပြတယ်။ တော်တော် အလိုက်သိတတ်တဲ့ကြောင်ပဲ။ တခါတလေ ကြောင်လို့တောင် စိတ်ထဲ မထင်မိအောင်ပဲ။ လူအို အဖိုးကြီး ကျနေတာပဲ။ သူနဲ့ စကားပြောရင် သူက သူသိပြီးသားကိစ္စတွေကို ကျမကျေနပ်အောင် အဖိုးက မြေးကို မျက်စိလေး ခဏမှိတ်လိုက် ပြန်ကြည့်ပြီး နားထောင်ပေးလိုက် လုပ်နေသလို မျက်နှာထား၊ အပြုအမူနဲ့ သေချာနားထောင်တယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်လဲ သိတယ်။ ငြိမ်ငြိမ်နေတယ်။
တနေ့တော့ မိုးဖွဲတွေ ကျနေတဲ့ ညနေထဲမှာ သူအိမ်ကိုလာလည်ပြီး ပြန်မယ့်အချိန် ကျမလဲ သူဘယ်က လာတာလဲဆိုတာ သိချင်ဇောနဲ့ သူ့နောက်က ဖြေးဖြေးလေးလိုက်ပြီး အသာခေါင်းထောင် ကြည့်မိတယ်။ သူက ကျမနောက်ဖေး ခြံစည်းရိုးကို ခုန်ပြီး ကျော်ထွက်သွားပြီ။ ဒါနဲ့ ကျမလဲ ခြံစည်းရိုးနားထိသွားပြီး ခြေဖျားထောက်ကြည့်လိုက်တော့ သူက ကျမလိုက်လာတာ သိသွားတယ်။ သွားလက်စကနေ ဆက်မသွားတော့ပဲ အဲဒီနေရာတင် ကျမကို ကျောပေးပြီး ထိုင်ချလိုက်ပါရော။ ပြီးတော့ သမင်တွေ လည်ပြန်ကြည့်သလို ကျမကိုလည်ပြန်ကြည့်နေတာ အကြာကြီး။ သူ့မျက်နှာက သူ့အကြောင်းသိသွားမှာ ရှက်နေသလိုလို၊ အားနာနေသလိုလို။ ကျမမိုးရေထဲ ဘာချောင်းနေတာလဲလို့ သိချင်စိတ်နဲ့ အိမ်သားနောက်တယောက်ကပါ ဘေးကလာကြည့်တော့ နီပြာမှုန်ရီရဲ့ မျက်နှာပေးကိုသူပါတွေ့သွားတာပေါ့။ ကျမတို့ ကြုံတိုင်း အဲဒီအကြောင်း ပြောလို့မဆုံးဘူး။ လူအတိုင်းပဲ။
အတူကြည့်နေတဲ့သူကတော့ စိတ်မရှည်လို့ အိမ်ထဲပြန်ဝင်သွားပြီ။ သူကလဲ မဲပြီး အဲဒီအတိုင်း ကျမကို လည်ပြန်ကြည့်ရင်းထိုင်ချထားတုံး။ ကျမကလဲ ခြံစည်းရိုး ဒီဖက်ကနေ သူ့ကိုစောင့်ကြည့်နေတုံး။ သူလဲစို ကျမလဲမိုးရေတွေစို။ ဒါနဲ့ ကျမလက်လျော့ပြီး အိမ်ထဲပြန်ဝင်ချင်ယောင်ဆောင်လိုက်တယ်။ သူမိုးစိုပြီး ဖျားမှာစိုးတာကြောင့်။ သူ့ကို ကျောခိုင်းပြီး နှစ်လှမ်း သုံးလှမ်းလောက် ဟန်ပြလှမ်းပြီး ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်တော့ ကိုယ်တော်ချောက မရှိတော့ဘူး။ နေ့တိုင်းနီးပါး တလလောက်လာလည်နေကျကြောင်လေးကို အဲဒီညနေက နောက်ဆုံးတွေ့လိုက်ရတာပါပဲ။
သူဘာကြောင့် နောက်နေ့တွေက စပြီးလုံးဝပေါ်မလာတော့တာလဲ ဆိုတာတော့ ကျမဒီနေ့ထိ အဖြေပေါ်အောင် စဉ်းစားလို့မရပါဘူး။ အိမ်က အိမ်သားတွေကတော့ မျိုးစုံဝိုင်းတွေးပေးကြတယ်။ အကောင်းရော၊ အဆိုးရောပေါ့။ သူ့သခင် အိမ်ပြောင်းသွားလို့။ ကားများတိုက်ခံရလို့ သေပြီလား မသိဘူး။ အိမ်ခြေမဲ့ တိရစ္ဆာန်တွေကို စောင့်ရှောက်တဲ့အဖွဲ့က ဖမ်းသွားပြီလား မသိဘူး။ စသဖြင့်ပေါ့လေ။ ကျမကတော့ ကျမကိုချစ်တဲ့ အဖိုး၊အဖွား၊အမေ တယောက်ယောက်က တမလွန်ကနေ ကြောင်ယောင်ဆောင်ပြီး ကျမဆီခဏလာလည်တယ်လို့တောင် ထင်ချင်မိတယ်။ သူ့နောက်လိုက်ကြည့်မိလိုက်တော့ သူဖုံးထားတဲ့ သူ့ဘ၀သရုပ်အမှန်ပေါ်သွားမှာစိုးလို့ ဆက်ပြီး အယောင်ဆောင်ဖန်ဆင်းပြီး မလာတော့တာ ဖြစ်မယ်လို့ထင်နေမိတယ်။ သူနဲ့ကိုယ်က ကြောင်နဲ့ လူပေမယ့် အဲဒီလိုရင်းတာကိုး။ နီပြာမှုန်ရီ ဘယ်ရောက်သွားတယ်ဆိုတာကိုတော့ နီပြာမှုန်ရီသာ အသိဆုံးဖြစ်ပါလိမ့်မယ်။
ကျမကတော့ သံယောဇဉ်တွယ်ငြိတတ်တဲ့ ပုထုဇဉ်ရဲ့ သဘာဝအတိုင်း ဒီကြောင်လေးနဲ့ ရေဆက်ဆုံရတဲ့ တခဏတာအတွင်း ခင်သွားတာကြောင့် အမြဲ အလည်လာစေချင်နေတော့တာပေါ့။ ကျမသူ့ကို အင်တာနက်စာမျက်နှာတွေမှာ လိုက်တောင်ရှာမိသေးတယ်။ မတွေ့ပါဘူး။ သြော် ပုထုဇဉ်ဆိုတာ ငြိတတ် တွယ်တတ်သမျှ အဲဒီနောက်လဲ လိုက်တတ်ပါလား။ တဖြေးဖြေး နီပြာမှုန်ရီကို သတိရစိတ်မပြင်းထန်တော့ပေမယ့် တခါတခါ သတိရမိတဲ့အခါတွေလဲရှိပါတယ်။ အခု ဒီစာလေးကို သူ့ကိုသတိရစိတ်နဲ့ရေးမိတဲ့ အဖြစ်မျိုးပေါ့။ နီပြာမှုန်ရီ ဘေးရန်ကင်းပြီး ကိုယ်ရော စိတ်ပါ ချမ်းသာပါစေ။ ဘာပဲ ဖြစ်ဖြစ် ဒီစကြ၀ဋ္ဌာကြီးထဲတော့ ကျမနဲ့သူ အတူရှိနေကြတာပဲ။
၂၀၁၄ ဒီဇင်ဘာလ ၁၂ရက်
ည ၈း၅၈
Saturday, August 23
၃၆ ရထား
အေးချမ်းလရောင်
တရွေ့ရွေ့ထွက်ခွာလာတဲ့ ရထား
ဒုက္ခတရားတွေနဲ့ ခုတ်မောင်းနေရဲ့
ဖြတ်ကျော်မိတဲ့မြစ်ကူးတံတားလေးက
အမေဘယ်တော့မှပြန်မလာနိုင်တော့တဲ့အကြောင်း
မြစ်ရေစီးသံလို အဆက်မပြတ်အော်မြည်လို့
ဖြတ်သန်းလာခဲ့ရ
လယ်ကွင်းစိမ်းများမစိမ်းစိုနိုင်ရှာ
အဖေနဲ့ထမင်းလက်ဆုံမစားရတာကြာပြီဆိုတဲ့အကြောင်း
ညည်းညူရင်းခြောက်သွေ့လို့
ရထားကခုတ်မောင်းမြဲခုတ်မောင်းေ
တာင်စဉ်တောင်တန်းကိုသူ ဖြတ်ရ
ချောင်းသွယ်မြောင်းစွယ်ကိုဖြတ်ရ
ကန္တာရဆူးခြုံတွေကိုလည်းဖြတ်ရ
အတက်လိုလိုနဲ့ဆင်းလိုက်ရတဲ့
လွန်းထိုးတွေကိုလည်းဖြတ်ရ
သူသွားရာလမ်းမှာ
အလံပြမယ့်သူမရှိတော့တဲ့
တောဘူတာစဉ်တွေကိုလည်းဖြတ်ရ
ရေကမ်းရင်း ရေငတ်နေရတဲ့ဘဝတွေကိုလည်းဖြတ်ရ
ဖြတ်သန်းခဲ့ရသမျှသောကမီးခိုတွေအူလာရာလမ်းတလျှောက်
မျှော်လင့်ခြင်းဟွန်းသံနဲ့သူခုတ်မောင်းလာခဲ့
သံလမ်းအမှတ် ၃၆
ရထားလေးတစ်စင်း
၃၆ သံလမ်းပေါ်မှာ
တစ်စင်းတည်းသောရထားလေး
ဆိုက်ကပ်မယ့်ဘူတာဆီ
ခုတ်မောင်းနေဆဲ မွေးနေ့ အမှတ်တရ
၁၇ ၈ ၂၀၁၄
Type the rest of your post here..

'' . . . . . . . မှ ကြိုဆိုပါ၏ ''
ညီမိုးဆက်
ဒီမြို့မှာ
မျှော်လင့်ချက်တွေကို
အလောင်းလို လိုက်ကောက်နေရတယ်။
ရံဖန်ရံခါတော့
မျှော်လင့်ချက်ဟာ အပိုင်းပိုင်းခုတ်ထစ်ခံရပြီး
ချောင်းစပ်၊ ကမ်းစပ်မှာ ပစ်ထားခံရတယ် ..... ။
ညနေစောင်းတာနဲ့
အမောကြမ်းတွေကို
အမူးနဲ့ ဖြေကြတာလဲ ဒီမြို့မှာပဲ ..... ။
အလွန်အကျွံအိုဗာတိုင်းတွေကို
ကော်ဖီမစ်ပြင်းပြင်းတွေနဲ့ကျော်ဖြတ်ရင်း
ရူးသွားတဲ့စက်ရုံအလုပ်သမလေးတွေရဲ့
စကားသံတွေနဲ့ ဒီမြို့က အလှပြင်ထားတတ်တယ် .... ။
ကားတာယာစွပ် မီးရှို့သတ်ခံရတဲ့
ဆယ်နှစ်သားလေးရဲ့အော်သံအတွက်
ငါတို့ ဘာဝင်ပြောလို့ရခဲ့လို့လဲ .....
အပြစ်ကတော့ ကြီးကြီးမားမား
သရက်သီးဝင်ခိုးလို့ပါတဲ့ .... ။
အလုပ်ကအပြန်
ဘယ်သူမှ မသိလိုက်ပဲ
ပျောက်သွားတဲ့ မိန်းကလေးတွေရဲ့ အလှနဲ့ဘ၀တွေကို
ဒီမြို့က ဖွက်ထားတတ်တယ် .... ။
ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ကတော့
ဒီမြို့ရဲ့ ရှင်သန်မှုအတွက်
ငါတို့ဘ၀တွေနဲ့ထမ်းပိုးရင်း အသက်ကိုရှုနေကြတုန်း ...... ။
ညီမိုးဆက်
ကျနော့်ရဲ့ ကဗျာရွာလေးမှ မွေးနေ့ အမှတ်တရ ကဗျာလက်ဆောင်။ ။http://mypoemvillage.blogspot.com/2013/05/blog-post_21.html?m=1
Type the rest of your post here..
ညီမိုးဆက်
ကျနော့်ရဲ့ ကဗျာရွာလေးမှ မွေးနေ့ အမှတ်တရ ကဗျာလက်ဆောင်။ ။http://mypoemvillage.blogspot.com/2013/05/blog-post_21.html?m=1
Type the rest of your post here..
Thursday, May 23
ပုထုဇဉ် ငါ့အတွက် ကဗျာဆရာမ ကိုယ်တိုင် ဖတ်ပြသွားတဲ့ကဗျာ
နီယော်ဓာ
ပြာမှုန်တွေ။
လွင့်.................
တဖွဲဖွဲ.......
မှိုင်းခို..
ဝေ.....။
တကိုယ်တည်း..ရှေ့တည့်တည့်က မရေရာမှုတခုထံ..တလှမ်းချင်း
ကောင်းကင်ဆီ မော်...ဟိုကြည့် ဒီကြည့်..
တဖြုတ်ဖြုတ်နဲ့
ကြွေလေရဲ့..
ကြွေလေရဲ့..
.ကြွေလေရဲ့...
စံပယ်တွေ....။
မိုးလုံးပြည့်..
ပြာတွေလိုပဲ..တဖွဲဖွဲ..
ဒါပေမယ့် စံပယ်တွေ။
နီယော်ဓာ
၂၀၁၃ ဧပြီ ၁၃
စက္ကူမီးအိမ်အတွက် အမှတ်တရ။
... Type the rest of your post here..

Tuesday, February 26
မုန်တိုင်း ကောင်းကင် ပျံဝဲ အဘိဓမ္မာ
နီယော်ဓာ
ကိုငှက်ရဲ့.. ""ရင်ခုန်သံ သီချင်းလေး ညည်းရင်းနဲ့....""
ကိုယ့်ကိုယ်ကို အမေက တွေးသလို ထွေးထားလိုက်စမ်းပ..
အမေက အကြွင်းမဲ့ အပြစ်မမြင်ရက်သလို ခွင့်လွှတ်လိုက်စမ်းပ..
အမေက ဆွဲထူလိုက်သလို မတ်မတ်ရပ်..တည်။
အမေ့ကို ကြွေးဟောင်းဆပ်ခြင်းဆိုတာ
ကိုယ့်ကိုယ်ကို ကြင်နာခြင်းက စတယ်..
ကြင်နာလိုက်စမ်း.. ခွင့်လွှတ်လိုက်စမ်း.. တလေးတစား တန်ဖိုးထားလိုက်စမ်းပါ..
အတိတ်တွေဟာ ပြီးသွားပြီ။
မယုံဘူးလား။
အခု ပစ္စုပ္ပန်မှာ အရှင်သခင်ဖြစ်နေခွင့်ကို အသေအချာနားလည်
မလွှတ်တမ်းစုပ်ကိုင်လိုက်တဲ့အခါ
မန်နဗာ နတ်ဘုရားမကိုယ်တိုင် မင်းဆီ နာကြားဖို့ ရောက်လာလိမ့်မယ်။
ချစ်ခြင်းတွေဝေ......အပြုံးတွေဝေ......
တစိုက်မတ်မတ်လုံ့လစိုက်ထုတ်မှုတွေ...ဝေ..
စိတ်နှလုံးငြိမ်းအေးမှုတွေ ဝေ..
အနာတွေ ဗလပွနဲ့ဆို ခရီးမတွင်ပေဘူး။
တကယ်ပါ..
အမေ့ကို ကြွေးဟောင်းဆပ်ခြင်းဆိုတာ
ကိုယ့်ကိုယ်ကို ကြင်နာခြင်းက စတယ်...
အခု ဒီအချိန်လေး လက်ရှိ ပျံ.....၀ဲ......။

Monday, February 18
အိပ်ရေးပျက်သူ
ညီမိုးဆက်
ကျွန်မက
ဝယ်ရောင်းမလုပ်တတ်ပဲ
စီးပွားရေးလုပ်ခဲ့တာတဲ့ .... ။
အလှက ကျွန်မပညာ
အလှက ကျွန်မအရင်းအနှီး .....
ရောင်းရတာတော့ ကျွန်မခန္ဓာ
ဝယ်ရတာ သူတို့ တဏှာတဲ့ ...... ။
အိပ်ယာအမျိုးမျိုးက မင်းဝေဒနာ
မင်းအသိဆုံးပေါ့။
အမှောင်ထဲမှာကို မှောင်နေတဲ့မင်းအဆင်ပြေမှုဟာ
မင်းမိသားစုကို
ဘယ်အချိန်ထိ ထမ်းထားနိုင်မှာလဲ ..... ။
မျက်တွင်းကျလေးနဲ့ ညီမလေးရယ်
အိပ်ရေး၀၀ အိပ်ပါအုန်း ...... ။

ရှပ်အင်္ကျီအဟောင်းကလေးတထည်
နှင်းခါးမိုး
နေလောင်လွန်းလို့
နေလောင်လွန်းလို့
အကွက်မပေါ်တော့ဘူး
နေလောင်ဒဏ်ကိုတော့
ခံနိုင်တုန်းပါပဲ
ခါးလှဖို့မဟုတ်ဘူး
ဝမ်းဝဖို့ဝတ်ထားတာပါ
နဖူးကချွေး ခြေမမကျခင်
ရင်ဘတ်မှာကြယ်သီးလေးတလုံးကလည်းပြုတ်နေသေး
သနပ်ခါးထူထူ
အုတ်သဲကျောက်ဘိလပ်မြေမှုန့်ထူထူ
ဆေးသုတ်ပြီးစတိုက်အသစ်ကြီးကို လည်ပြန်ငေး
ဘယ်သူမှမကြားခဲ့ကြတဲ့ရှိုက်သံသဲ့သဲ့လေး
သံချည်သံကွေး သူ့ကောင်ကလေး။ ။
စိတ်ကူးတေးသီ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ ။http://nykomme.blogspot.com/2012/10/blog-post.html

သစ္စာပန်းများနဲ့ မေလ
မောင်ချောနွယ်
တစ်ဘ၀ ကဗျာဆရာ
မဟုတ်ခဲ့တာ သေချာပြီ။
ဘာတစ်ခုမှ မရှိတော့တဲ့ မေလမှာ
နောက်ထပ် ဘာမဆို ပေးလိုက်ရပြန်တဲ့ မေလမှာ
အဆင်မပြေမှုတွေ
အစီအစဉ်ကျနလွန်းတဲ့ မေလမှာ
အလကားရတဲ့ ညနေခင်းကတောင်
မထေမဲ့မြင်ပြုခံရတဲ့ မေလမှာ
ဒုက္ခတွေ အဆုပ်လိုက် အဆုပ်လိုက်
ပွင့်အားကောင်းတဲ့ မေလမှာ
အားကြီးဖုန်ထတဲ့ လေပူထဲ
အနှံ့ပြားစီပွချင်တိုင်း ပွနေ လွင့်နေတဲ့
လဲမှို့တွေလို မေလမှာ
အဆုပ်ပွပွ ညတွေရသူ မေလမှာ
သလိပ်ဖတ်လို
လမင်းကြီးကို မြင်မိသူ မေလမှာ
အပ်တစ်ဖျားထောက်စရာ မလပ်အောင်ဘဲ
ဒဏ်ရာအပြည့်ခန္ဓာနဲ့ မေလမှာ
မေလပေါင်းများစွာ ပြန်လည်စုစည်းမိသူ မေလမှာ
အချိန်မှန်အတွင်း
လူနာအဖြစ် တင်ပို့ခံရသူ မေလမှာ
အပ်ဖျားတစ်ခုပေါ် ရောက်ခဲ့ပေမယ့်လည်း
ပြန်လည်ကျန်းမာခွင့်မရှိတော့တဲ့ မေလမှာ
အသက်ရှင်တစ်ချက် မရှင်တစ်ချက် မေလမှာ
မေလက မေလကို
အသေသာ ပြန်ရလိုက်တဲ့ မေလမှာပေါ့။
ချော်ရည်ပူ ကျိချွဲချွဲ နေ့လည်စာတွေ
ငါးမန်းတောင် ဆူးကြမ်းပြင်တွေ
ဆာတေးရီးယန်း မြက်ပင်ရှည်လက်တွေ
လူအဖြစ် သရုပ်ဆောင်ရသူ မေလ
လောကဘရိတ်သွားပေါ်
တွားသွားသတ္တ၀ါဖြစ်ရသူ မေလ
တစ်နေ့ထဲ
သင်္ဘောအကြိမ်တစ်ရာ မှောက်ရတဲ့ မေလ
တောအလှူတစ်ခုမှာ
လူချင်းတိုက်မိလို့
မတော်တဆ ပန်းကန်ထဲ ဖိတ်ကျတဲ့
အသားတုံး အကျလေးတောင်မှ မစားရသူ မေလ
မနက်လင်းရင်
ကိုယ့်အသုဘကိုချပြီး
မြို့ကြီးထဲ ထွက်ခွာသွားသူ မေလ
သူတစ်ပါးရဲ့ အသုဘမှာ
အငှားလိုက်ငိုရတဲ့ ငိုချင်းသည်မ မေလ
သူ့ကလေးတွေကို မုန့်ဝယ်မကျွေးနိုင်လို့
သူ့လက်မောင်းသွေးတွေ ဖောက်တိုက်ရရှာသူ မေလ
နေ့ပြန်တိုးတွေ ၀က်အူစုပ်ခံရသူ မေလ
ဘ၀ရဲ့ ဘက်ထရီအိုးတွေ
တော်တော်များများ ဖျက်ဆီးခံရသူ မေလ
အင်မတန် အကြွေရဲတဲ့ ငုပင်တွေအပေါ်
သူ့အသက်ရှူငွေ့ကလေး
သွားတင်ထားမိတဲ့ မေလပေါ့။
မေလထဲကနေ
အသည်းနှလုံးကို ဆတ်ကနဲ ဆွဲထုတ်ပြီး
ဖဲသမားတစ်ယောက် ဖဲချပ်ကိုဆွဲထုတ်
လက်ဝါးထဲထည့်
ဖျန်းခနဲ ရိုက်ချလိုက်သလိုမျိုး
ရိုက်ချကြည့်လိုက်တဲ့အခါ
မေလရာသီဟန်ဆောင်နေတဲ့ မေလကိုသာ
တွေ့ရတဲ့ မေလပေါ့၊
ဖြူတစ်ကောင်လို ခါချလိုက်လို့
ဖြူဆူးတွေ အကုန်ကွာကျသွားမယ့်
ဖြူဘ၀ရောက်ပြီ။
မေလရာ
ခါချလိုက်ပါဆိုရင်တောင်
အကြိမ် ၂ သိန်း ၄ သောင်းခါမှ
တစ်ကြိမ်သာ သူ့ဒုက္ခဖြူဆူးများ ကွာကျနိုင်မယ့် မေလပေါ့။ ။

Monday, October 8
ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်။
ဂျူး
အောက်တိုဘာလထုတ် 'ကျန်းမာရေး မဂ္ဂဇင်း' မှ ဆရာမ ဂျူး၏ 'ကိုယ့်ဘ၀ခဏဘယ်သူယူပါ့မယ်။'
ကျွန်မငယ်ငယ်တုန်းက မေမေက ဈေးဝယ်ခိုင်းသည့်အခါ ဘဲဥအလတ်ကွဲလေး နှစ်လုံး၊ သုံးလုံးလောက် ၀ယ်ခဲ့ဟု ပြောတာ မှတ်မိနေပါသည်။ အလတ်ကွဲဆိုသည်မှာ ဘဲဥက အက်နေပြီ။ တစ်နေရာတွင် ချ
ကျန်းမာရေး မဂ္ဂဇင်းမှ။ ။ https://www.facebook.com/pages/Health-Magazine-%E1%80%80%E1%80%BA%E1%80%94%E1%80%B9%E1%80%B8%E1%80%99%E1%80%AC%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%80%82%E1%81%A2%E1%80%87%E1%80%84%E1%80%B9%E1%80%B8/438472672843780?ref=ts

ိုင့်နေပြီ။
သို့သော် အလတ်ကြီး ရှိသေးသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်မည် ထင်သည်။ ထိုဘဲဥက
တခြားဘဲဥအကောင်းတွေထက် ပိုပြီးဈေးလျော့သည်။ ကွဲပြီး သားကိုး။
ကျွန်မတို့အတွက်တော့ ဈေးသက်သာတာကို ရှာဝယ်မှ ကျန်သည့်နေရာတွေမှာ
သုံးစွဲစရာ ငွေလောက်ငမည်။ ဒါက ကျွန်မတို့ကိုယ်တိုင်၏ ဈေးနှုန်းကိုကြည့်ပြီး
ရွေးချယ်မှုဖြစ်သည်။ အိမ်ရောက်သည့်အခါ ထိုဘဲဥအလတ်ကွဲတွေကို ချက်ချင်း
ကြော်စားကြရသည်။ အလတ်ကွဲသည် ကြော်ရုံထက်ပိုပြီး ဘာမှလုပ်လို့မရနိုင်။
ပြုတ်ကြည့်ပါလား။ အကွဲအချိုင့်ထဲကနေ အထဲက အကာတွေ ယိုစိမ့်ထွက်လာမှာပေါ့။
ဘဲဥကို ခွဲပစ်ပြီး ချက်ကြော်မှ ဖြစ်မှာ။
တကယ်တော့ ထိုဘဲဥအကွဲသည် ကျန်းမာရေးအတွက် ဘယ်လောက်ထိ အန္တရာယ်ဖြစ်စေမလဲ။ မေမေလည်း မသိခဲ့။ ကျွန်မတို့လည်း မသိခဲ့ပေ။ အရွယ်နည်းနည်းရောက်လာလို့ စာဖတ်တာတွေများလာလို့ နောက်ပြီးဆေးတက္ကသိုလ် ကျောင်းသူ လေးဖြစ်လာတော့မှ ဘဲဥအခွံတွင် ကပ်နေလေ့ရှိသော ရောဂါပိုးများအကြောင်း သိလာသည်။ ဘဲဥ၊ ကြက်ဥကို မခွဲခင် ရေစင်စင် ဆေးပစ်ရမည်။ ဒါမှသာ အခွံမှာရှိနေသော အညစ်အကြေးတွေက ခွဲလိုက်သည့် အအက်ထဲမှတစ်ဆင့် အတွင်းက အကာအနှစ် တွေထဲသို့ စိမ့်ဝင်ခြင်းမရှိမှာ။ အမယ် ...ဒါတောင် ဆယ်လ်မိုနဲလား ခေါ်သည့် ရောဂါပိုးဆိုလျှင် ဘဲဥ၊ ကြက်ဥအခွံကို ဖောက်ထွင်း ပြီး အတွင်းသို့ စိမ့်ဝင်နိုင်သည်တဲ့။ ကြောက်စရာကောင်းလိုက်တာ။ ဒီလိုဆိုတော့ ငယ်ငယ်က ကျွန်မတို့ စားခဲ့ရသည့် အလတ်ကွဲ ဆိုလျှင် အကွဲကြီးအချိုင့်ကြီးကနေတစ်ဆင့် အပြင်ကအညစ်အကြေးတွေ ၀င်နေပြီးသားတောင် ဖြစ်မည်။ နောက်ပြီး ဘဲဥက အကွဲမို့ ရေစင်စင်ဆေးပစ်ဖို့ မဖြစ်နိုင်တော့။ ဒီအတိုင်းပဲ အ၀တ်လေးနှင့်သုတ်ပြီး ခွဲကာ ကြော်လိုက်ကြရသည်။
ကျွန်မတို့ အနီးအနားတွင် ရောဂါဖြစ်စေသည့် အစားအစာတွေ များစွာရှိနေသည်။ မသိနားမလည်လျှင် ထိုအန္တရာယ် ထဲသို့ ၀င်မိမည်။ ဈေးကိုသွားသည့်အခါ ဈေးကနေ၀ယ်ယူကြမည့် ပစ္စည်းတွေမှာ အန္တရာယ်တွေရှိနေသည်။ ငရုတ်သီးခြောက်၊ ငရုတ်သီးမှုန့်၊ မြေပဲဆံတို့တွင် မှိုအနည်းငယ်ရှိနေလျှင် အယ်ဖလာတောက်ဆင်ခေါ် အဆိပ်တစ်မျိုး ဖြစ်နေတတ်သည်။ ထို အဆိပ်သည် လူ့ကိုယ်ထဲရောက်လျှင် ကင်ဆာဖြစ်စေတတ်သည်။ စားသုံးဆီအနေနှင့် စားအုန်းဆီက နှလုံးရောဂါနှင့် သွေးတိုး ရောဂါတို့ ဖြစ်စေပြီး နှမ်းဆီနှင့် ပဲဆီက ကျန်းမာရေးနှင့် ညီညွတ်သည် ဆိုစေကာမူ ထိုပဲဆီကို မှိုပါသည့်မြေပဲဖြင့် ကြိတ် ထားသည်ဆိုလျှင် အယ်ဖလာတောက်ဆင်တွေပါပြီး ထိုဆီကို စားသူအား အန္တရာယ်ဖြစ်စေနိုင်သည်။ အမေရိကန်တွေက ပေါင်မုန့်နှင့်စားရန် မြေပဲထောပတ်ကို သုံးကြသည်။ ထိုမြေပဲထောပတ်မှ အယ်ဖလာတောက်ဆင်ပါဝင်ပြီး ကင်ဆာဖြစ်စေသည့် ရာခိုင်နှုန်းမှာ တော်တော်နည်းသော်လည်း ဖြစ်နိုင်ခြေတော့ရှိနေသည်။ ကျွန်မတို့နိုင်ငံသည် နှလုံးရောဂါအဖြစ်များဆုံး အာရှ ပစိဖစ်ဒေသနိုင်ငံတွေထဲတွင် ထိပ်နားလေးက ပါဝင်သည်။ ၂၀၀၄ ခုနှစ်က ကောက်ယူထားသော စစ်တမ်းအရ မြန်မာနိုင်ငံသည် နှလုံးရောဂါဖြင့် သေဆုံးသည့်နှုန်းက လူတစ်သိန်းတွင် (၄၁၉)ရှိသည်။ ထိုင်းနိုင်ငံက (၁၆၄)ဟု ဆိုပါသည်။ မွန်ဂိုးလီးယားက ထိပ်ဆုံးကဖြစ်သည်။ (၄၇၅)ဟု ဆိုပါသည်။ ကျွန်မကတော့ နှလုံးရောဂါဆိုလျှင် အဓိကတရားခံက စားအုန်းဆီဟုပင် တွေးလိုက် မိသည်။ ထောပတ်တို့၊ ချိစ်တို့သည် မြန်မာမိသားစုအများစု မစားနိုင်ကြဘူး မဟုတ်လား။ အလွန်ဆုံးစားနိုင်လျှင် ၀က်ဆီဖတ်၊ အမဲအူ၊ ဆိတ်အူ လမ်းဘေးကြော်သည့် အကြော်အလှော်တွေ။ ထိုအကြော်တွေကတော့ စားအုန်းဆီကို ပေါပေါများများသုံးသည့် အပြင် နှစ်ခါပြန် သုံးခါပြန် အပြန်ပြန်အလှန်လှန် ကြော်ထားသည့် ဆီတွေ မဖြစ်နိုင်ဘူးလား။ ထိုဆီများသည် ပိုလီ ပြည့်ဝဆီ အထပ်ထပ်ဖြစ်နေသည့်ဆီတွေ မဟုတ်ဘူးလား။ ကျွန်မတို့ မြန်မာလူမျိုးကလည်း ဆီဖြင့်ကြော်တာကို တော်တော်ကို နှစ်သက် ကြသည်။ တို့ဟူးကြော်ကို နှစ်ပြန်ကြော်တဲ့။ တစ်ခါနှင့် အားမရလို့ ပိုကြွပ်ရွအောင်ဖြစ်မှာပေါ့။ လက်ဖက်နှင့်စားသည့် ပဲကြော်၊ အကြော်စုံကိုလည်း နှစ်ပြန်ကြော်တဲ့။ အေးပေါ့ နှစ်ပြန်ကြော်ဆိုတော့ နှစ်ဆပိုတာပေါ့။ ပိုလီ မပြည့်ဝဆီဖြစ်တာပေါ့။
ကိုယ်စားဖို့ ၀ယ်တာ ဘာဆီလဲ။ ပဲဆီလား၊ စားအုန်းဆီလား။ ပဲဆီယောင်ဆောင်ထားတဲ့ စားအုန်းဆီလား။ စားအုန်းဆီ မှာမှ ဆပ်ပြာချက်ဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားဖို့ လုပ်ထားတဲ့ စားအုန်းဆီလား။ စားတဲ့မုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီ၊ ပြန်ကြော်ဆီတွေနဲ့ ကြော်ထားတဲ့မုန့်၊ ထရန့်စ်ဖက်ဆိုသော တိရစ္ဆာန်အဆီ။ အချိုရည်တွေမှာ ဘင်ဇိုးဝစ်အက်စစ်ပါသည်။ သကြား ပါသည်။ သကြားက လူကိုဝစေရုံပဲ၊ သွေးထဲ သကြားဓာတ်များစေရုံပဲလို့ အနိမ့်ဆုံးအန္တရာယ်ကိုပဲ တွေးထားလိုက်ပါဦး။ ဘင်ဇိုးဝစ် အက်စစ်ကတော့ ကင်ဆာဖြစ်စေသည့်ဓာတ်ပါ။ အချိုရည်တွေသည် ကလေးများအတွက် အန္တရာယ်မကင်းသည့်အကြောင်း မိဘတွေမသိပေ။ အရောင်အမျိုးမျိုး ခြယ်လှယ်ဆေးဆိုးထားသည့် အချိုရည်တွေတွင် အန္တရာယ်ရှိသည့်ပစ္စည်းတွေ ပါဝင်နေမှန်း မိဘတွေမသိပေ။ လူကြီးတွေအတွက်လည်း အချိုရည်သည် ဘေးအန္တရာယ်ရှိစေသည်ဟု မသိပေ။ အချိုရည်တွင်ပါဝင်သည့် တာရှည်ခံဆေးတို့နှင့်အတူ ဘင်ဇိုးဝစ်အက်ဆစ်သည် ကင်ဆာဖြစ်စေနိုင်သည်ဆိုတာကို ထားလိုက်ပါဦး။ အချိုရည်တွေ သောက် ပြီး အ၀လွန်သည့်ရောဂါ ဖြစ်စေနိုင်သည်ကိုပင်လျှင် အများစုက သတိမထားကြပေ။ အချိုရည်တွေကိုမသောက်ဘဲ လက်ဖက် ခြောက် ရေနွေးကြမ်းကိုသောက်လျှင် ပိုမကောင်းဘူးလား။ လက်ဖက်စိမ်းရေနွေးကြမ်းက ကင်ဆာကိုကာကွယ်နိုင်သည်ဟုပင် တွေ့ထားသည်ဆိုပါလား။
ကျွန်မတို့စားသုံးသူတွေသည် မသိနားမလည်လျှင် ရောဂါတွေကို ၀ယ်ယူသုံးစွဲနေသူများ ဖြစ်မနေနိုင်ဘူးလား။ ဒါကြောင့် လည်း စားသုံးသူအခွင့်အရေးဆိုသည့် စကားလုံးပေါ်လာခြင်းဖြစ်မည်။ စားသုံးသူဟု အလွယ်ပြောလိုက်ပေမဲ့ ဒါကသုံးစွဲသူကို ရည်ညွှန်းခြင်းဖြစ်သည်။ အင်္ဂလိပ်လိုတော့ Consumerပေါ့။ ဈေးဝယ်သူဟု ရိုးရိုးရှင်းရှင်း ပြောလို့လည်းရ၏။ ကျွန်မတို့အားလုံးက ဈေးဝယ်သူတွေပဲပေါ့။ အင်္ဂလိပ်ဆိုရိုးတစ်ခုရှိသည်။ Consumer is always right! တဲ့။ စားသုံးသူ ဈေးဝယ်သူဟာ အမြဲမှန်တယ် တဲ့။ အားရစရာကောင်းလိုက်တာ။ ကျွန်မတို့ဆီမှာဖြင့် ဈေးဝယ်သူက အမြဲမှားနေသလို ခံစားရသည်။ ခေါင်းလျှော်ရည်ဘူးလေး တစ်ခုကနေနှစ်ခု ပြခိုင်းလျှင် အရောင်းစာရေးမလေး၏ မျက်နှာက အိုသွားပြီ။ သူတို့ဖက်က တွေးကြည့်ပေးလျှင် အိုမှာပေါ့။ သူတို့ခမျာလည်း တစ်နေကုန် မတ်တတ်မတ်တတ်နှင့် ၀ယ်သူတွေကို ပစ္စည်းတွေ ထုတ်ပြနေရတာ ကိုယ့်အလှည့်ရောက်တော့ သူတို့၏ စိတ်ရှည်မှုက ကုန်သွားပြီ။ ကျွန်မ ကိုယ်ချင်းစာစိတ်ဖြင့် သူတို့ကို အပြုံးလက်ဆောင်လေး ပေးခဲ့ပါသည်။
နိုင်ငံသားအခွင့်အရေး Citizen's right ဆိုတာကိုတောင် ဘာမှန်းမသိသေးသည့် ကျွန်မတို့အတွက် စားသုံးသူ အခွင့် အရေးဆိုတာက နည်းနည်းတော့ အလှမ်းဝေးနေသလိုရှိပါသည်။ ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာခိုင်နှုန်း တော်တော် များများက နိုင်ငံသားအခွင့်အရေး မရကြသူတွေ။ လျှပ်စစ်မီးဆိုတာကို အသာထားလိုက်ပါဦး။ သန့်ရှင်းသည့် သောက်သုံးရေကို မရတာ၊ အန္တရာယ်ကင်းသည့် ကျန်းမာရေးနှင့် ပြည့်စုံသည့် အိမ်တစ်ခုကို မပိုင်ဆိုင်နိုင်တာ ဒါတွေက နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေခြင်းဟု ယေဘုယျ ပြောနိုင်ပါသည်။ အာရှနိုင်ငံတွေမှာ ရွာသားငါးယောက်မှာ တစ်ယောက်သာ တစ်ကိုယ်ရေ သန့်ရှင်း (Sanitation)သည့် လူနေမှုဘ၀ကို ရသည်ဟုဆိုသည်။ အဲဒါက အရေးကြီးလားဆိုတော့ အရေးကြီးတာပေါ့။ တစ်ကိုယ်ရေ သန့်ရှင်းသည့် လူနေမှုအဆင့်ကို မရလျှင် ကျန်းမာရေး ထိခိုက်မည်။ ပထမဆုံးခံရတာတော့ ငါးနှစ်အောက် ကလေးလေးတွေပဲ ပေါ့။ ငါးနှစ်အောက်ကလေးတွေ ကမ္ဘာကြီးမှာ တစ်ရက်ကို ငါးထောင် သေနေကြသည်။ ကျွန်မတို့ မြန်မာနိုင်ငံတွင် ကလေး တစ်ထောင်မွေးလျှင် တစ်ရာ့လေးယောက်က ငါးနှစ်မပြည့်မီ သေကြရသည်။ အကြောင်းရင်း အမျိုးမျိုးရှိသည်။ အာဟာရ ချို့တဲ့ လို့၊ ရောဂါဖြစ်လို့။ ငါးနှစ်အောက်ကလေးတွေ သေကြရသည့်အကြောင်းရင်းထဲမှာ နံပါတ်တစ် အကြောင်းကတော့ နျူမိုးနီးယား ဟုခေါ်သည့် အဆုတ်ရောင်ဖျားနာခြင်း၊ နံပါတ်နှစ်ကတော့ ၀မ်းလျှော ၀မ်းပျက်ခြင်းတဲ့။
၂၀၀၈ ခုနှစ်က ငါးနှစ်အောက်ကလေးတွေ သေနှုန်းကို အာရှပစိဖစ်ဒေသအတွက် စစ်တမ်းကောက်ထားတာရှိသည်။ မြန်မာနိုင်ငံက အများဆုံးသေ၏။ ဒါတောင် အရင် ၂၀၀၄ ခုနှစ်တွေတုန်းက ကျွန်မ သိထားသည့် ၁၀၆ ယောက် ဆိုတာထက် နည်းသွားလို့ တော်သေးသည်။ ၉၅ယောက်ဟု ဆိုပါသည်။ ကျွန်မတို့က ကလေးသေနှုန်းတွင် ထိပ်ဆုံးကဖြစ်သည်။ ကလေးတွေ ပဲလား မဟုတ်သေးပါ။ ကျွန်မတို့မြန်မာနိုင်ငံတွင် လူကြီးတွေ၏ သေနှုန်းကလည်း တခြားသောနိုင်ငံတွေထက် ပိုမြင့်ပါသည်။ ၂၀၀၈ ခုနှစ်က အသက် ၁၅ နှစ်မှ ၆၀ နှစ်အတွင်း သေနှုန်းအစီရင်ခံစာတွင်လည်း ကျွန်မတို့နိုင်ငံက သေနှုန်းအမြင့်ဆုံးပါပဲ။ ကျွန်မတို့၏နောက်မှာ လာအိုနိုင်ငံဖြစ်ပါသည်။ ထိုသေနှုန်းသည် လူ (၁၀၀၀)တွင် တွက်ချက်ထားခြင်း ဖြစ်ပါသည်။ နောက်တော့ ကျွန်မ သက်သာလိုသက်သာငြား အကျိုးအကြောင်း ရှာဖွေကြည့်သည်။ ၂၀၀၈ ခုနှစ်ဆိုတော့ ကျွန်မတို့ဆီမှာ နာဂစ်မုန်တိုင်း ကြောင့် လူတွေ တစ်သိန်းသုံးသောင်းကျော် သေကြေပျောက်ဆုံးကြရတာမို့ ကိန်းဂဏန်းတွေက အဲဒီလောက်မြင့်တက်နေတာ လား။ ၂၀၀၈ ခုနှစ် တစ်နှစ်လုံးအတွက် တွက်ထားပြီး ၂၀၀၉ ခုနှစ်မှာ ကြေညာတာမို့ များနေတာလား။ ဒါမှမဟုတ် ...အင်းလေ ဒါက ပညာရှင်တွေနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ ပုဂ်္ဂိုလ်တွေသာ သိမှာပေါ့။ စိတ်မကောင်းစရာပါပဲ။ တစ်နှစ်အောက်ကလေး (နို့စို့ကလေးဟု ခေါ်မလား။ ဆေးပညာအခေါ်တော့ infant mortality rate ဟုပဲခေါ်သည်။) သေနှုန်းကလည်း မြန်မာက ဒုတိယ အမြင့်ဆုံး ဖြစ်နေပြန်သည်။ တော်သေးတာပေါ့လေ။ ကိုယ့်အထက်မှာ ပါကစ္စတန်နိုင်ငံ ခံနေပေလို့။ ဒါတောင် တစ်ယောက်ပဲ လျော့တာ။ ပါကစ္စတန်က နို့စို့တစ်နှစ်အောက်ကလေး ၁၀၀၀ တွင် ၇၂ ယောက် သေသည့်အချိန်တွင် ကျွန်မတို့ မြန်မာနိုင်ငံက ၇၁ ယောက် သေတာဆိုပဲ။
ဘ၀သက်တမ်း တွက်ချက်မှုတွင် ဟိုတုန်းက ကျွန်မတို့ မြန်မာနိုင်ငံက အမျိုးသား ၅၈ နှစ်လောက်ပဲ ရှိခဲ့ဖူးသော်လည်း ယခုအခါ ၆၁နှစ်ထိ တက်သွားပြီ။ (ယောက်ျားထက် မိန်းမက နှစ်နှစ်လောက် ပိုသက်တမ်းရှည်တာ တွေ့ရသည်။) ဒါကတော့ ကောင်းသည့်အချက်ဖြစ်သည်။ ဒါတောင်မှ ကျွန်မတို့သည် အာရှပစိဖစ် ဒေသတွင် ဘ၀သက်တမ်း တတိယအတိုဆုံးဖြစ်သည်။ ကျွန်မတို့အောက်မှာ ပါပူဝါနယူးဂီနီ ပြီးတော့ အောက်ဆုံးက ကမ္ဘောဒီးယားနိုင်ငံပဲ ရှိသည်။ ဒါလည်း ၂၀၀၈ ခုနှစ်အတွက်ပါပဲ။ အင်း ဒါဆိုလျှင်တော့ နာဂစ်ကို လွှဲချလို့ မရတော့ဘူး ထင်သည်။
တစ်ခု စိတ်သက်သာရာရသည်မှာ မိခင်သေနှုန်းတွင် ကျွန်မတို့ မြန်မာနိုင်ငံက ဦးဆောင်နေတာ မဟုတ်လို့ပါပဲ။ မိခင် သေနှုန်းအများဆုံး နိုင်ငံတွေထဲတွင်ပါသော်လည်း ထိပ်ဆုံးမှာတော့ မရှိဟု ကြံဖန်နှစ်သိမ့်လို့ရသည်။ ထိပ်ဆုံးက လာအိုနိုင်ငံ။ သူ့ အောက်က နီပေါလ်နိုင်ငံ။ ကျွန်မတို့ နိုင်ငံက ရှစ်နိုင်ငံမြောက်ပါ။ လာအိုက အရှင်မွေး တစ်သိန်းတွင် (၅၈၀)ယောက်တဲ့။ ကျွန်မတို့က (၂၄၀) ဖြစ်ပါသည်။
ကျွန်မတို့ပတ်ဝန်းကျင်တွင် အန္တရာယ်တွေ အများကြီးရှိသည်။ နိုင်ငံသားအခွင့်အရေးဟုပြောလျှင် ကျန်းမာရေး တစ်ခု တည်းနှင့်ပင် ကျွန်မတို့လို ဆင်းရဲသားနိုင်ငံတွေ အခွင့်အရေးဆုံးရှုံးသည့် အထဲတွင် ပါကုန်ပါသည်။ ကျန်းမာရေးနှင့် ပြည့်စုံမည့် ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်ခွင့်။ အဲဒါအခြေခံနိုင်ငံသား အခွင့်အရေးပါပဲ။ ကျန်းမာရေး ထိခိုက်စေမည့်အရာတွေ ၀န်းရံနေ သလို ကျန်းမာရေး ချို့ယွင်းသည့်အခါ အားကိုးစရာ နေရာသိပ်မရှိတာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခြင်းပဲ မဟုတ်ပါလား။ မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု တော်တော်အားနည်းပါသည်။ ကျန်းမာရေးကို စောင့်ရှောက်ပေးမည့် ဆေးရုံ/ ဆေးခန်းတို့ နည်းပါးသည်။ ဆေးရုံ/ဆေးခန်းရှိသော်လည်း အတွင်းမှာ ဆေးနှင့် ကိရိယာမရှိ။
မကြာမီက ချင်းပြည်နယ်ဆေးရုံမှ ရောက်လာသော ကျွန်မသူငယ်ချင်းကို ကျွန်မ မေးကြည့်မိသည်။ သူတို့ဆီမှာ ဘာ ရောဂါတွေပေါသလဲ။ ငှက်ဖျားတွေ၊ သွေးလွန်တုတ်ကွေးတွေ ပေါသတဲ့။ မြွေကိုက်တဲ့လူနာရော ရှိသလားဟုမေးတော့ သူငယ်ချင်းက အားရပါးရ ပြောပြပါသည်။ မြွေကိုက်တဲ့လူနာ ငါမလာခင်လေးကိုပဲ ကြည့်ခဲ့ရသေးတယ်။ အသက်ဆယ့်သုံးနှစ် လောက်ပဲရှိသေးတဲ့ကလေး။ မြွေကိုက်ခံရတာ။ အမယ်ကိုယ်တော်ချောလေးတွေက တော်တော်ဆိုးတာပဲ။ တွင်းထဲကို နှိုက်တာ တဲ့။ မြွေက သူ့ကို ခဲပြီးပါလာတာ။ အဲဒီမြွေကို သူတို့က ခေါင်းဖြတ်ပစ်လိုက်သတဲ့ဟယ် ကြံကြံဖန်ဖန်။ မြွေရောဆိုတော့ ပါတော့ လာပါတယ်။ မြွေက အပိုင်းအပြတ်နဲ့။ အမြီးလည်း မရှိတော့ဘူး။ ဒါနဲ့ အမြီးက ဘယ်မှာလဲဆိုတော့ ဖြတ်ပစ်လိုက်ပြီတဲ့။
အမြီးကိုများ စားလိုက်သလားဟယ်ဟု ကျွန်မ ပခုံးတွန့်လျက် မေးမိသည်။ ကျွန်မ ကြားဖူးသလားလို့ မြွေအမြီးကို ဘာလုပ်ရတယ်ဆိုလား။ မသေချာ။ မစားဘူး။ အဲဒီအမြီးပြတ်နဲ့ မြွေကိုက်တဲ့ အနာကို တို့တာတဲ့။ အဲဒီအမြီး ပါမလာဘူး။ ချုံထဲ လွှင့်ပစ်ခဲ့ဟန် တူပါသည်။ အရေးကြီးဆုံးကို မေးမိသည်။ မြွေဆိပ်ဖြေဆေး ရှိရဲ့လားဟယ်။ ရှိတယ်။ တော်သေးတယ်။ သူ ကံကောင်းတာ။ နောက်ဆုံးလက်ကျန် ဖြေဆေးပဲ။ အို ...။ ကျွန်မ တော်တော် လန့်သွားပါ သည်။ ပြည်နယ်ဆေးရုံကြီးမှာတောင် မြွေဆိပ်ဖြေဆေးက ဒါနောက်ဆုံးပဲဆိုတော့။ မကြာခင်တော့ ဆေးတွေပြန်ရောက်လာဦးမှာပါ။ သို့သော် ဆေးမရောက်မီ တစ်ယောက်ယောက်များ ထပ်ကိုက်ခံလိုက်လို့ကတော့ ...။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် မြွေကိုက်ခံရသူ အများဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်။ အသေအပျောက် အများဆုံးကတော့ အိန္ဒိယနိုင်ငံပေါ့။ နှစ်စဉ် လူ (၅)သောင်းလောက် မြွေကိုက်ခံရလို့ သေဆုံးနေကြသည်။ သူငယ်ချင်းလာသည်က အစည်းအဝေးလာတက်ရင်းနှင့် အိပ်ခ်ျအိုင်ဗွီအတွက် ဗိုင်းရပ်စ်မပွားအောင် တားဆီးသည့် အေအာရ်တီခေါ် ဆေးရလျှင် ပြည်နယ်အတွက်ယူရန် ဖြစ်သည်။ ငှက်ဖျားရော ဆေးလုံလောက်လား။ လုံလောက် တယ်။ တော်သေးတာပေါ့။ ငှက်ဖျားတွေကဟယ် လာလိုက်ရင် ဦးနှောက်ငှက်ဖျားတွေချည်းပဲ။ ချင်းပြည်နယ်မှာ ငှက်ဖျားခြင် ရှိ တယ်ပေါ့။ ပေ ၆၀၀၀၊ ၇၀၀၀ တောင်ပေါ်မှာရှိနေကြသော်လည်း ငှက်ဖျားခြင်ကတော့ သူတို့နားတွင် ၀ဲနေပုံရပါသည်။ တောထဲ သွားကြမည်။ စိမ့်စမ်းရေအိုင်ရှိသည့်နေရာတွင် ခြင်တွေရှိမည်။ ခြင်ကိုက်မည်။
တစ်နှစ်လျှင် လူပေါင်း (၃)သိန်းခွဲလောက် ငှက်ဖျားရောဂါ ဖြစ်သည်။ အစီရင်ခံစာအရ လူ (၁၀၀၀)လောက်က နှစ်စဉ် သေသည်။ သစ်တောနှင့် နီးစပ်သည့်နေရာတို့တွင် ငှက်ဖျားဖြစ်တတ်သည်။ မြို့တိုင်း၊ ရွာတိုင်းမှာ ငှက်ဖျားခြင်တွေ ရှိနေပြီ။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ပိုပြီးပူနွေးလာခြင်းကြောင့် နဂိုကခြင်မရောက်သည့် တောင်ပေါ်ဒေသတို့တွင် ခြင်တွေ ရောက် ကုန်ပြီ။ ထိုခြင်တို့ကို ကာကွယ်တားဆီးမှုမရှိ။ ခြင်အောင်းသည့်နေရာတို့ကို ဖျက်ဆီးခြင်းမရှိ။ ထို့ကြောင့် မြို့ပေါ်ရော တောနယ်ပါ ငှက်ဖျားရောဂါနှင့် အလွန်နီးစပ်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ (၃၄)သန်းကျော်သည် ငှက်ဖျားရောဂါဖြစ်ဖို့ အန္တရာယ် တွေနှင့် ကြုံနေရသည်ဟုဆိုသည်။ ဒါဖြင့် ကျွန်မလည်း ပါတာပေါ့။ ရန်ကုန်မှာနေသော်လည်း ငှက်ဖျားခြင်က နေရာအနှံ့မှာ ရှိနေ တာကိုး။ ကြောက်စရာကြီးပါလား။ ဒါကြောင့်ငှက်ဖျားရောဂါသည် ကျွန်မတို့နိုင်ငံ၏ အသေအပျောက်အများဆုံး ရောဂါစာရင်းမှာ ထိပ်ဆုံးက မဆင်းတာကိုး။ ငှက်ဖျားဖြစ်ပွားသော အာရှပစိဖစ်ဒေသနိုင်ငံများတွင် ဖြစ်ပွားမှုအများဆုံးက အိန္ဒိယဖြစ်သည်။ အိန္ဒိယက လူဦးရေလည်း မတန်တဆများတာကိုး။ ဖြစ်ပွားသည့်လူနာပေါင်း တစ်သန်းခွဲခန့် (၁၅၃၂၄၆၇)ရှိသတဲ့။ ကျွန်မတို့ နိုင်ငံမှာတော့ လေးသိန်းခန့် (၄၁၁၄၉၄)ရှိသတဲ့။ သူတို့နိုင်ငံက လူများလို့ လေးဆခန့် ပိုများတာပေါ့။ သို့သော် အံ့သြစရာက သေဆုံးသည့် အရေအတွက်ကျတော့ ကျွန်မတို့က ပိုများခြင်းဖြစ်သည်။ လူတစ်သန်းမှာ သူတို့က ၁၀၆၀ပဲ သေပြီး ကျွန်မတို့က လူလေးသိန်းမှာ ၁၀၈၀ သေနေရသည်။ ဒါကိုကြည့်လျှင် ကျွန်မတို့၏ ကျန်းမာရေးဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ ဘယ်လောက်နိမ့်ကျနေသည်ဆိုတာ သိသာထင်ရှားပါသည်။
သူငယ်ချင်းက နောက်ထပ် ကျွန်မ မထင်မှတ်သော ကျန်းမာရေးထိခိုက်မှုတစ်ခုကို ပြောပြသည်။ အစာအဆိပ်သင့်တာ food poisoningတဲ့။ သိပ်မကြာခင်ကပဲ အနီးအနားက ရွာလေးတစ်ခုမှာ အစာအဆိပ်သင့်တာ မိသားစုလိုက်ဖြစ်လို့ ကျန်းမာရေး မှူးလေးတစ်ယောက်ကို အဲဒီကို လွှတ်ရသေးတယ်ဟူ၏။ နှစ်ယောက်ကတော့ ဆုံးသွားသည်ထင်ပါရဲ့။ ကလေးတစ်ယောက်က ဆုံးပြီး နောက်ကလေးတစ်ယောက်ကိုတော့ ဆေးရုံသို့ ခေါ်လာလိုက်နိုင်သည်။ မှိုကနေ အဆိပ်သင့်တာဖြစ်သည်။ မှိုတွေက အဆိပ်နှင့် နီးစပ်တာကိုတော့ ကျွန်မသိပါသည်။ သို့သော် ဘယ်မှိုကစားကောင်းပြီး ဘယ်မှိုကမစားကောင်းဘူးဟု ကျွန်မမသိ။ ထို့ကြောင့် မှိုကိုစားရမှာ နည်းနည်းလန့်နေသည်။ ကောက်ရိုးမှိုခေါ်သော စိုက်ပျိုးမှိုကတော့ အဆိပ်မသင့်နိုင်ပေ။ သို့သော် တော ထဲကမှိုမှာ အဆိပ်ရှိနေနိုင်သည်။ သူတို့ဆေးရုံသို့ သတင်းရောက်တာက နောက်ကျသလို သူတို့ဆီက ကျန်းမာရေးမှူးရွာသို့ ရောက်သွားရတာလည်း နောက်ကျသည်။ အဆိပ်သင့်တာက နှစ်ဆယ့်လေးနာရီကျော်သွားပြီ။ အစာအိမ်ထဲက အဆိပ်ကို အပြင် ပြန်ထုတ်သည့်နည်း အလုပ်မဖြစ်တော့ပေ။ အစားအစာ အဆိပ်သင့်တာတွေက စိုက်ပျိုးရေးမှာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ တွေ အများကြီးသုံးတာလည်းပါသည်။
အော်ဂဲနစ်စိုက်ပျိုးရေးကရသည့် အသီးအနှံဆိုတာ ကျွန်မတို့နိုင်ငံတွင် အိပ်မက်မက်လို့ကောင်းတုန်းပဲ ရှိသေးသည်။ ဟိုတုန်းကလို သဘာဝသီးနှံတွေလည်း မရှိတော့ပြီ။ ကျွန်မတို့စားနေရတာက ထုံးတမ်းစဉ်လာ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ကို လှိုင်လှိုင်ကြီးသုံးပြီး ထုတ်ထားသည့်သီးနှံတွေ။ ပိုးသတ်ဆေးကို သူတို့ ဘယ်လိုသုံးထားတာလဲ။ ကျွန်မတို့စားသည့် သီးနှံဆီ ထိအောင် မတွေးပါနဲ့ဦး။ သုံးတဲ့သူကိုယ်တိုင်ကော သူအန္တရာယ်ကင်းဖို့ ညွှန်းတဲ့အတိုင်း လိုက်နာရမည့် အသုံးပြုနည်းတွေကို သိရဲ့လား။ သူကိုယ်တိုင် ထိုအဆိပ်မသင့်အောင် ကာကွယ်ဖို့ အခွင့်အရေးကို ရရဲ့လား။ လမ်းညွှန်ချက်အတိုင်း စနစ်တကျ သုံး လား။ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ ဥပဒေလမ်းညွှန်မှုများ ရှိရပါသည်။ ပိုးသတ်ဆေးသုံးစွဲသည့် ကာယကံရှင်ကို အန္တရာယ် မဖြစ် စေဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူ၊ တိရစ္ဆာန်တွေနှင့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဖို့။ ရောင်းသူများအတွက်၊ သုံးသူများအတွက် စည်းကမ်းချက်များ ထုတ်ထားပေးပါသည်။ ကျွန်မစိုက်ခင်းတွေ ဘေးကနေ ဖြတ်သွားလျှင် မြင်နေရတာပဲ။ ပိုးသတ်ဆေးဖျန်းနေသူတွေ နောက်ကျောမှာ ပုံးကိုကပ်ပြီး ကျောပိုးထားရင်း ဆေးဖျန်းနေသည့်မြင်ကွင်း။ အန္တရာယ် သိပ်ကြီး ပါသည်။ သူတို့ သိချင်လည်းသိမည်။ သိချင်မှလည်း သိမည်။ ဒီနည်းက လောလောဆယ် ၀န်ကိုပေါ့စေသည့် နည်းမို့ သုံးနေ တာလည်း ဖြစ်နိုင်သည်။
အရေပြားတွင် ပိုးသတ်ဆေးစိမ့်ဝင်နှုန်းက တစ်နေရာနဲ့တစ်နေရာ မတူပါ။ လက်မောင်းကနေ စိမ့်ဝင်နှုန်းထက် ၀မ်းဗိုက် နောက်ကျောဆီကနေ စိမ့်ဝင်နှုန်းက နှစ်ဆပိုများသည်။ နဖူးမှာ စိမ့်ဝင်နှုန်းက လေးဆလောက်ပိုများသည်။ နားထဲကနေ စိမ့်ဝင် နှုန်းက ငါးဆလောက်ပိုများသည်။ လိင်အင်္ဂါပတ်ဝန်းကျင် အရေပြားဆီကနေ စိမ့်ဝင်နှုန်းကတော့ အများဆုံးဖြစ်သည်။ ဆယ့်နှစ် ဆလောက်ရှိပါသည်။ အန္တရာယ်ကို သိမှသာ ရှောင်ကြဉ်နိုင်မှာမဟုတ်လား။ အန္တရာယ်ကို သိခွင့်ရှိရပါမည်။ ဒီတော့ ထိုသိခွင့် လေးအတွက်ပဲ ကျွန်မတို့ ပထမဆုံး ကြိုးစားကြရဦးမည်။ သိခွင့်ဆိုတာကို နားလည်ဖို့ ဗဟုသုတတွေတော့ ရှာရမှာပေါ့။ ပညာ လည်း တတ်ဖို့လိုမှာပေါ့။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ ဆင်းရဲတွင်းမှလွတ်ဖို့ဆိုလျှင် အခြေခံကျန်းမာရေးအသိကို သိဖို့လိုသည်။ အခြေခံပညာမူလတန်းအဆင့်ပဲဖြစ်ဖြစ် အနည်းဆုံး သိဖို့လိုပါသည်။ သိလာလျှင် ဘာဆက်လုပ်ကြလဲ။ သူတို့ဆီမှာတော့ တိုင် ကြားခြင်းဆိုသည့် အမျိုးအစားရှိသည်။ Claim (ကလိမ်းမ်) ပေါ့။ “ဒါတော့ မမှန်ပါဘူး။ ဒီလိုတော့ မလုပ်သင့်ပါဘူး” “ဒါကတော့ လူမှုအသိုင်းအ၀ိုင်းကို ထိခိုက်လာပါတယ်”စသည်ဖြင့် တိုင်ကြားမှုကို လူမှုအဖွဲ့တွေကနေ ဦးဆောင်ပေးသည်။ ဒီမှာတော့ ထိုအလုပ်ကို ဂျာနယ်တွေကပဲ လုပ်နေသလိုပါပဲ။ ဘယ်ဆေးရုံကြီးကဖြင့် လူနာကိုကုသတာ ဘယ်လိုဖြစ်သွားသတဲ့။ ဘယ်မြို့ ဘယ်ရွာမှာတော့ ပိုးသတ်ဆေးများတဲ့ ပန်းဂေါ်ဖီတွေကိုစားမိလို့ မိသားစုလိုက် ဆေးရုံတက်လိုက်ရပါတယ်။ ထိုကဲ့သို့ သတင်း များ။ သတင်းကိုသတင်းအဖြစ် ဖော်ပြတာကတစ်မျိုး။ တိုင်ကြားစေချင်လို့ ပြည်သူလူထုတော့ အခွင့်အရေးတွေ ဟောဒီလို ဆုံးရှုံး နေရပါတယ်ဟု ဖော်ပြတာက တစ်မျိုးပေါ့။
တိုင်ကြားမှုကို အရေးယူစုံစမ်းပေးဖို့ အဖွဲ့တွေလည်းရှိကြရမည်။ အစားအသောက်နှင့်ပတ်သက်သည့် စစ်ဆေးမှု၊ ရေနှင့် ပတ်သက်သည့် စစ်ဆေးမှုတို့ကို တာဝန်ယူပြုလုပ်ပေးမည့် အစိုးရအဖွဲ့၊ အစိုးရမဟုတ်သော ကြားခံအဖွဲ့စသည်တို့ များများ ရှိလျှင် ပိုကောင်းမည်။ သို့သော် နေပါဦး။ ဆီတို့၊ ဆိုးဆေးတို့၊ အစားအစာတွေကို တိုင်ကြားလို့ရသည်ဆိုလျှင်တောင် မြွေကိုက်ခံ ရတာ၊ မြွေဆိပ်ဖြေဆေးမလုံလောက်တာ၊ ငှက်ဖျားခြင်ကိုက်တာ ငှက်ဖျားရောဂါဖြစ်လို့ ဆေးခန်းသွားပြဖို့ငွေမရှိလို့ ဆေးမြီးတိုဖြင့် ကုသရင်း သေဆုံးရတာ ဒါတွေကို ဘယ်သူ့သွားတိုင်ရမလဲ။ တီဘီရောဂါကူးခံရတာကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။ ဆေးရုံ ဆေးခန်းသို့သွားဖို့ ငွေရှိသည်ဆိုလျှင်တောင် သွားရမည့်လမ်းခရီးက လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းလို့ အချိန်မီမရောက်နိုင်လို့ မသေသင့်ဘဲ သေဆုံးရတာ ဒါတွေကိုရော ဘယ်သူ့သွားတိုင်ရမှာလဲ။
နိုင်ငံသားအခွင့်အရေး အပြည့်မရလျှင်တောင် တစ်ဝက်လောက်ရလျှင်ပဲ အသေအပျောက်တော့ တော်တော် နည်းသွား မှာပဲ ထင်ပါရဲ့။ သေချာတာကတော့ မြန်မာနိုင်ငံကို မရောက်ဖူးသေးသူတွေ အကြားဖြင့်သာ သိနေရသူတွေက မြန်မာနိုင်ငံဟာ အန္တရာယ်ဆိုးကြီး ကျရောက်နေသလိုလို ထင်ကြသည်။ ပြည်တွင်းစစ်တွေဖြစ်၊ ရောဂါတွေဖြစ်၊ လမ်းမှာမတော်တဆ ထိခိုက် ဒဏ်ရာတွေဖြစ်၊ မသွားသင့်သည့် နေရာတစ်ခုလို ထင်ကြသည်။ မြန်မာနိုင်ငံသို့ ပထမဆုံးလာမည့် နိုင်ငံခြားဧည့်သည်တွေက မေးသည့်မေးခွန်းမှာ စစ်တွေ ဖြစ်နေလား။ သူတို့က တီဘီနှင့် ငှက်ဖျားကို သိပ်မကြောက်ကြဘဲ ခွေးရူးတို့၊ မြွေကိုက်ခြင်းတို့ကို ပိုကြောက်ကြသည် ထင်၏။ အေးပေါ့လေ။ ငှက်ဖျားကို ကာကွယ်ဆေးသောက်ပြီးမှ လာလို့ရတာကိုး။ ခွေးရူးနှင့် မြွေကျတော့ ကာကွယ်ဆေးထိုးလို့မရဘဲကိုး။
တစ်ခါတစ်ခါ ကျွန်မ ငယ်စဉ်က သီချင်းလေးတစ်ပုဒ်ကို သတိရမိသည်။ သီချင်းခေါင်းစဉ်ကိုတော့ အတိအကျ မမှတ်မိပါ။ သည်နွေသည်မိုးသည်ဆောင်း ထင်ပါရဲ့။ ကိုယ့်ဘ၀ ခဏဘယ်သူ ယူပါ့မယ်တဲ့။ ကျွန်မတို့ ပြည်သူလူထုတွေ၏ ဘ၀ကို ခဏလေးဖြစ်ဖြစ်ယူပြီး မျှဝေခံစားကြည့်ကြလျှင် သိနိုင်ပါလိမ့်မည်။ ကျွန်မတို့သည် အန္တရာယ်တောထဲမှာ ရဲရင့်စွာ သို့မဟုတ် ရဲရင့်အောင် မနည်းအားတင်းပြီး နေထိုင်နေကြသူများဆိုတာ ...။
ရှေ့ဆက်ပြီး အန္တရာယ်တွေနည်းပါးတော့မည်ဟု မျှော်လင့်ရပါသည်။ တလောကတော့မြန်မာနိုင်ငံ၏ အခြေခံ ကျန်းမာ ရေးစောင့်ရှောက်မှုကို မြှင့်တင်ဖို့ ဒုတိယသမ္မတ မိန့်ခွန်းပြောတာလား။ သတင်းစာထဲမှာ ဖတ်လိုက်ရသည်။ ၂၀၁၃၏ ကျန်းမာ ရေး အစီရင်ခံစာတွင်တော့ သေနှုန်းတွေ လျော့ကျလာကောင်းပါရဲ့။

Thursday, July 12
အဖေ
နီယော်ဓာ
ရိုးပြတ်တောလေးထဲ အဖေနဲ့အတူဖြတ်လျှောက်ရင်း
အရိုင်းပန်းတွေတွေ့တော့
သိပ်မခံစားချင်ဘူးဆိုတဲ့ ဦးလေးရဲ့ကဗျာတွေလိုပဲ
ရိုးသားပြီးလှတယ်လို့ အတူထင်ခဲ့ကြတယ်။
အဆုံးနဲ့ အစဟာ
တကယ်တော့ ဘာမှအရေးမကြီးလှပါဘူး..
အဖေ ဖွဲ့သီခဲ့တဲ့ကာရံတွေဟာ
ပြေချောပြီး
လူဆန်မှုဆိုတဲ့ နက်နဲမှုတခုဆီ
တသွင်သွင်စီးလို့...
တိုက်စားသွားရတဲ့ ကမ်းပါးတွေကတော့ ခက်ထန်တယ်။
အရင် ကလေးလေးတယောက်ရဲ့ တခစ်ခစ်ရယ်သံလွင်လေးဟာ
ခပ်ဝေးဝေးဆီလဲ့ပြေးသွားလို့..
တိုးဆတိတ်တိတ် ခပ်ရိပ်ရိပ်သာကြားနေရတယ်..
အဲဒီ တနေ့လည်..
အဖေ့ကို နှတ်ဆက်တယ်..
ဂျွန်နသံလိုလေ.. ပျံမလို့ လို့။
အဖေက မတားပါဘူး..
ရစရာ တခုပဲရှိတယ်..အသေအချာ ဖမ်းဆုပ်ခဲ့တဲ့။
ကျန်းမာရေးဂရုစိုက်တယ်
အိမ်အပြန်ကို စောင့်နေမယ်တဲ့။
ဒီလိုနဲ့ အဲဒီ ဟိုးခပ်ဝေးဝေးမှာ ကျန်ခဲ့တဲ့ တနေ့လည်ဟာ
အဖေနဲ့ သမီးအတွက် နောက်ဆုံးဖြစ်ခဲ့။
အဖေကမှာတယ်..
ကိုယ့်ဖြစ်တည်မှုတခုကို ဈေးပေါပေါနဲ့ ဘယ်တော့မှ ချမရောင်းနဲ့တဲ့..
သမီးကြိုးစားပါမယ်..
ဤ ဆိုတာ ကျွဲမှ မဟုတ်ပဲ။
ငယ်ငယ်က သုတတွေနဲ့ လုံးချာလိုက်ရင်း
ရသတွေဖတ်အားနည်းတော့
အဖေက ဆူတယ်.. ဟစ်တလာလေးဖြစ်လိမ့်မယ်တဲ့..
ကမ္ဘာဟာ တနှစ်ခြိုက်ခြိုက်မြိုချစရာ..
လူသားရောင်းရင်းတွေရဲ့ အနာ အလှတွေကို ဝေမျှတတ်ရာ
ရင်ခွင်တခု လူတိုင်းမှာရှိသတဲ့..
ရသဘ၀စာပေကောင်းတွေနဲ့သာ တူးဆွဖော်ထုတ်ရမယ်လို့ သိခွင့်ရခဲ့တယ်..
လူငယ်တွေဟာ ဖြူစင်တယ် အပြစ်ကင်းတယ်ဆိုတာ မဟုတ်ဘူးလို့လဲ
အဖေက ငြင်းချက်ထုတ်ပြခဲ့တယ်..
အဖေ့ကြောင့် အဓမ္မလူငယ်နဲ့ ဓမ္မလူငယ်ဆိုတာကို
တခွဲခြားခြား ပြတ်သားအောင် မြင်နိုင်ခွင့်ရခဲ့တယ်။
ပညာတွေ ဆည်းပူးရမယ်ဆိုတော့
အမောဆို့နေရက်က
အဖေစာရေးနေကျ စားပွဲလေးမှာ သမီးကိုအထိုင်ခိုင်းပြီး
စာအုပ်တွေတအုပ်ပြီး တအုပ်ရေးချ
ဘာသာအပြန်ခိုင်းတယ်။
ပြန်သမျှ အမှားတွေပြင်လို့..
အဖေ့မှာ ဒီလိုတပည့်သားမြေးတွေပုံလို့..
အဖေ့ မျှော်လင့်ချက်တွေဟာ
သမီးဆိုတဲ့ အတ္တကြောင့်မဟုတ်ခဲ့။
တိုင်းပြည်က ခိုင်းလာတဲ့တနေ့ မလုပ်တတ်မကိုင်တတ်မဖြစ်ရအောင်..
သမီးတို့မျိုးဆက်အတွက်
အဖေ့ ပုခုံးကြီးပေါ်မှာ နိုင်ငံ့ဝန်တွေ
ရွက်ကြားအိုချိန်ထိ တင်ထားခဲ့ရတဲ့အတွက်
သမီးဝမ်းနည်းပါတယ်။
အဖေ့ရင်ဘတ်ကြီးတခုလုံးကို
အာဏာရှင်က မွနေအောင် ဆုတ်ဖြဲထားတဲ့ကြားက
သမီးတို့အပေါ် ဆက်လက်နူးညံ့ရင်း..
မတရားမှုတွေအတွက် ဆက်လက်ကြံ့ကြံ့ခံ မာကျောခဲ့တဲ့အတွက်..
အလင်းကို ကြောက်တတ်သူတွေကြားမှာ
အသက်ငင်နေတဲ့အချိန်ထိ
ကိုယ်တိုင်အလောင်မြှိုက်ခံရင်း ထွန်းညှိပေးခဲ့တဲ့ ထိန်နေတဲ့ တန်ဖိုး
စာပေအလုပ်သမားကြီးရဲ့ မေတ္တာတွေအတွက်လည်း
ဦးခိုက်ပါတယ်။ ကန်တော့ပါတယ်။ ရှိခိုးပါတယ်။
ကျေးဇူး အနန္တပါ အဖေ။
အဖေဟာ ဘယ်တုန်းကမှ
မြည်တွန်တောက်တီးတယ်ဆိုတာ မရှိခဲ့ပါဘူး..
စီးနေတဲ့ ဖိနပ်ပြတ်သွားတဲ့အခါ
အဖေ့ဖိနပ်ကို ချွတ်ပေးခဲ့သလိုပဲ
အမှောင်ခေတ်ကြီးထဲမှာ
သွေးရူးသွေးတန်း အသံနက်တွေခြိမ်းခြောက်ကြတဲ့အခါ
အပြိုပြို အလဲလဲနှိင့်ထက်စီးနင်းပြုကျင့်ကြတဲ့အခါ
ဆွဲထူခဲ့တယ်..ခေတ်ကြမ်းကြီးရဲ့ လမ်းတလျှောက် မားမားမတ်မတ်ရှေ့က လျှောက်ပြခဲ့တယ်..
အရူးနဲ့ အကောင်းခွဲခြားပြခဲ့တယ်..
တကိုယ်ကောင်းစိတ်တွေနဲ့သာ ထုံမွှမ်းနေတဲ့ ၀န်းကျင်မှာ
ပစ္စည်းပစ္စယတွေကို ရှိခိုးတတ်တဲ့ ဓလေ့ရိုင်းတွေကြားမှာ
လူပီသသူရှိသေးရဲ့လို့ မျှော်လင့်ဂုဏ်ယူစရာအဖြစ် ရပ်တည်ခဲ့တယ်..
အဖေ။
ဒီကဗျာဟာ
အဖေထားခဲ့တဲ့ လူငယ်မျိုးဆက်တွေကြားက အမှတ်တရတွေများစွာထဲက
အမှတ်တရလေး တစထဲပါအဖေ။
တိုင်းပြည်အတွက် ဆက်လက်မျှော်လင့်တတ်တဲ့
မေတ္တာတရားတွေအတွက် ဆက်လက် အသက်ရှု လုံးပန်းတတ်တဲ့
မတရားမှုတွေကို တားရဲ ပပျောက်အောင်ရှင်းထုတ်ရဲတဲ့
အလုပ်ကြိုးစားတတ်တဲ့
အသုံးကျတဲ့
မျိုးဆက်ကြီးကို အဖေအမြဲ လိုချင်ခဲ့တယ်။
တရားသော တိုက်ပွဲပျော်တွေ အဖြစ် အဖေ့ကို နစ်နစ်သီးသီး လွမ်းကြပါစို့။
၂၀၁၂ခု ဇွန်လ ၁၇ ရက်နေ့တွင် ကွယ်လွန်ဆုံးပါးသွားသော လူထုစိန်ဝင်း၏ ကျေးဇူးကို ရည်၍ ရိုသေစွာ ရေးဖွဲ့ပါသည်။
ကောင်းကင် မဂ္ဂဇင်းမှhttp://www.kaungkin.com/index.php?option=com_content&view=article&id=791%3Apoem&catid=48%3A2009-04-21-17-32-48&Itemid=78

ကောင်းကင် မဂ္ဂဇင်းမှ
Monday, April 30
နှစ်ဆယ့်တစ်ရာစုရဲ့....ကမ္ဘာမှာ
ဆောင်းယွန်းလ
၂၁ရာစုရဲ့ ကမ္ဘာမှာ
ဂါရဝတရားတွေ ကျိုးပဲ့ကြေမွနေခဲ့ကြပြီး
ယုံကြည်ချက်တွေက အပျင်းပြေလေညင်းခံထွက်နေကြတုန်းပါပဲ...
၂၁ရာစုရဲ့ ကမ္ဘာမှာ
တယောက်ကိုတယောက် လက်ချင်းချိတ်ပြီးလျှောက်ဖို့
နောက်ကျောတွေ မလုံလောက်ခဲ့ကြသေးသလို
တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောဖို့
စိတ်ဓာတ်တွေလည်း အခြေမခိုင်ခဲ့ကြသေးပါဘူး...
၂၁ရာစုရဲ့ ကမ္ဘာမှာ
လိမ်ညာတဲ့တိမ်ပြာတွေက မရွာတဲ့မိုးကို ဟန်ရေးပြဆေးဆိုးပြီး
စစ်အေးတိုက်ပွဲတွေက မသေမရှင်သဘာဝကို အိပ်မွေ့ချထားတယ်...
၂၁ရာစုရဲ့ ကမ္ဘာမှာ
မြို့ပြလေညင်းက ရောဂါကင်းရှင်းကြောင်း လက်မှတ်အတုထိုးပြီး
ဗေဒင်ဆရာက ပရိဒေဝမီးတောက်နေသူတွေရဲ့ ငွေကြေးကို ယတြာပေးတယ်....
၂၁ရာစုရဲ့ ကမ္ဘာမှာ
ဆရာဝန်က လူနာရှင်ရဲ့သောကကို လောဘနဲ့မေ့ဆေးထိုးပြီး
လူသတ်သမားက သေနတ်ကျည်ဆံမှာသာ အပြစ်ရှိကြောင်း လျှောက်လဲချက်ပေးတယ်....
၂၁ရာစုရဲ့ ကမ္ဘာမှာ
အရေအတွက်က အရည်အချင်းကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားပြီး
တရုပ်ထုတ်ကုန်ပစ္စည်းတွေက အရည်အသွေးကို ရေထိုးအလေးခိုးထားတယ်.....
၂၁ရာစုရဲ့ ကမ္ဘာမှာ
အစိုးမရတဲ့ သူခိုးဓားပြတွေက ရလာဒ်မှန်သမျှကို မဲလိမ်ပြီး
စစ်ပွဲတွေက ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ဓားပြတိုက်ထားတယ်.....
၂၁ရာစုရဲ့ ကမ္ဘာမှာ
အကြံအဖန်က အမှန်အကန်ကို ကုလားဖန်ထိုးပြီး
ဘွဲ့လက်မှတ်တွေက အလုပ်အကိုင်တွေကို လေလံတင်ထားတယ်......
၂၁ရာစုရဲ့ ကမ္ဘာမှာ
သူတောင်းစားက ဂရုဏာတရားကို အနုကြမ်းစီးပြီး
ရောင်စုံမလေးတချို့က မေတ္တာတရားကို ဒစ်စကောင့်နဲ့ရောင်းစားတယ်....
၂၁ရာစုရဲ့ ကမ္ဘာမှာ
အပေါစားရုပ်ရှင်ကားက လက်လုပ်လက်စားတွေရဲ့ အိပ်ချိန်ကိုအလစ်သုတ်ပြီး
တကိုယ်ရေကောင်းစားမှုတွေက ဘာသာတရားကို ခါးပိုက်နှိုက်ထားတယ်.....
၂၁ရာစုရဲ့ ကမ္ဘာမှာ
ပရော့ဂျတ်နဲ့ပရိုပိုဇယ်တွေက ရှော့ပင်ထွက်ပြီး
လိင်အလုပ်သမတချို့က အေအိုင်ဒီအက်စ်ကို ကွန်ဒွန်ဖုံးပြီး ချော့သိပ်ကြတယ်..
၂၁ရာစုရဲ့ ကမ္ဘာဟာ
သောင်းထွန်းနေတဲ့ မြစ်တစင်းဖြစ်သလို
မှောင်လွန်းနေတဲ့ စစ်တလင်းတခုလည်းဖြစ်တယ်....
၂၁ရာစုရဲ့ ကမ္ဘာဟာ
သတင်းစာမဖတ်ရသေးတဲ့ နံနက်ခင်းတခုဖြစ်သလို
မနက်စာမစားရသေးတဲ့ ညနေခင်းတခုလည်းဖြစ်တယ်....
၂၁ရာစုရဲ့ ကမ္ဘာဟာ
စနတ်တံမဖြုတ်ရသေးတဲ့ ချိန်ကိုက်ဗုံးတလုံးဖြစ်သလို
အကောင်းဆုံးအရှုံးသမားတွေအတွက် မငြိမ်းသေးသော ခေတ်တခေတ်လည်းဖြစ်တယ်...
၂၁ရာစုရဲ့ ကမ္ဘာဟာ
ထီပေါက်ပြီး လက်မှတ်ပျောက်နေတဲ့ ခေတ်တခေတ်ဖြစ်သလို
ထီးစုတ်ဖိနပ်ပြတ်ပြီး စိတ်ဓာတ်တွေအိပ်ကပ်ပါးနေတဲ့ ခေတ်တခေတ်ပဲဖြစ်တယ်...
၂၁ရာစုရဲ့ ကမ္ဘာမှာ.....၂၁ရာစုရဲ့ ကမ္ဘာဟာ......ကိုယ့်တပ်ကိုယ်နင်း...
၂၁ရာစုရဲ့ ကမ္ဘာဟာ....အချင်းချင်း...အပြက်အပြက်နဲ့... နှာခေါင်းသွေးထွက်နေတယ်.....။ ။
၂၀၁၁ခု သြဂုတ်လ ၁၁ရက်
http://saungyunela.blogspot.com/2011/08/blog-post_11.html#links

Sunday, April 29
အသက်ရှုမ၀ဖြစ်ရခြင်းအကြောင်း
နီယော်ဓာ
အမှောင်ကို ယဉ်ပါးခိုင်းဖို့၊ အမှောင်နဲ့ ပေကျံတတ်ဖို့၊ အမှောင်မှာ ကစားတတ်ဖို့ ပထမတဲ့
၂၀၁၂ခု ဇန်န၀ါရီလ ၁၆

ဟုတ်ပါ့မလား..
အဲဒီနည်းဟာ အလင်းဆီကိုပို့ဆောင်မယ်ဆိုတာ
သတိ။
၂၀၁၂ခု ဇန်န၀ါရီလ ၁၆
ကောင်းကင် မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။ http://www.kaungkin.com/index.php?option=com_content&view=article&id=702:2012-01-21-23-58-48&catid=34:2009-04-17-00-31-18&Itemid=77
အမှတ်တမဲ့ကဗျာ
နီယော်ဓာ
(Diamond Dave Whitaker ရေးသားသည့် Poem Just by Chance ကို နီယော်ဓာ ဘာသာပြန်ဆိုသည်။)
Just by chance
From Kaung Kin Magazine: http://www.kaungkin.com/index.php?option=com_content&view=article&id=752:poem&catid=53:absdfnbs-articles&Itemid=103

ထင်တောင် မထင်ထားတဲ့
အမှတ်တမဲ့ကလေးတွေဆိုတာရှိတယ်။
အခု ဘာတခုမှ မရေရာလှဘူးဆိုပေမယ့်
ငါတို့ တောင့်ခံထားကြမယ်..
စုံစည်းရာမှာ စုံစည်းမြဲစုံစည်းနေကြအုံးမယ်ဆိုရင်..
တနေ့နေ့မရှိဘူးလို့ ဘယ်ပြောနိုင်ပါ့မလဲ။
စမ်းချောင်းကလေးအတိုင်း စီးမျောသွားစမ်းပါ့..
ပင်လယ်ကြီးဆီကို...
ကြယ်ကလေးတွေကို ကြည့်ဖို့ မော်လိုက်စမ်းပါ့..
ဘယ်တော့မှ ပြောင်းလဲမသွားတတ်တဲ့၊ မတွေဝေတတ်တဲ့
ကောင်းကင်ဆိုတာကို တကယ့်ကိုမြင်နိုင်ဖို့..
တွေးရိုးတွေးစဉ်ထက်ပိုပြီး ဘာမှထပ်ကောင်းအောင် မတွေးနိုင်တော့တဲ့
သံချေးတက် တွေးမှုခေါ်မှုတွေ..
တနပ်စားကြံတတ်သူတွေ..
အကြားမရှိ၊ အမြင်မရှိ
စိတ်ဝိညာဉ်ဆိုတာ ဘာမှန်းတောင် မသိသူတွေ..
ဒါတွေကြောင့်များတော့
ကိုယ့်ခရီး မကျန့်စေ မကြာစေနဲ့..
ခြေလှမ်းတွေ ရပ်မသွားစမ်းပါနဲ့..
ဟိုဟာတားမြစ်၊ ဒီဟာတားမြစ်
စိတ်နှလုံးရွှင်ပြုံးမှုတွေ သတ်ဖြတ်
ခွဲဖို့ ခြားဖို့ တံတိုင်းကြီးတွေသာ ဆောက်တတ်သူတွေ..
တံခါးတွေ ဆောင့်ကြီးအောင့်ကြီး ပိတ်တတ်ဆို့တတ်သူတွေ..
စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့
အနာဂတ်ကို မမြော်မြင်တတ်၊ ပုံမဖော်တတ်တဲ့သူတွေ..
အများသူငါကို ကြမ္မာငင်စေသူတွေ..
ကိုယ်တိုင်တောင် မလိုက်နာနိုင်ဘဲ
ကိန်းကြီးခမ်းကြီး စည်းကမ်းတွေ ဟိုတင်း ဒီကျပ်နဲ့
ကိုယ့်ကိုယ်ကို ဟုတ်လှထင်နေတဲ့
သိပ္ပံနည်းကျ ကိုယ်တော်တွေ..
ကျမ်းကြီးပေကြီးတွေ ကူးရုံသာကူးရေးတတ်သူတွေ..
ခင်ဗျားတို့ ကိုးကွယ်ဖို့ ဘုရားသခင်တို့ ယုံကြည်အားထားဆည်းကပ်ရာတို့ဆိုတာတွေကိုတောင်
သူတို့ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးပေးအုံးမယ့်သူတွေ..
ဝတ္ထုပစ္စည်းတွေနဲ့သာ သိပ်သည်းနေတဲ့ ဒီဟာ ဟိုဟာ ဘာဘာညာညာ စနစ်ကြီးရဲ့
အရှင်သခင်ကြီးတွေပေါ့..
ဒါပေမယ့်ပေါ့ဗျာ..
ရှင်ရက်သေနေရသူတွေရဲ့ ညထဲမှာတောင်
လက်ဖျားလေးတွေချင်းထိလိုက်ကြတဲ့အခါ
မျက်ဝန်းတွေ ရွှင်းလက်တောက်ပလာတဲ့အဲဒီအချိန်
နွေဦးငွေ့ရည်တွေ ပင်စည်တလျှောက်
အစုံတင်မဟုတ် အထက်ကိုပါဆန်စီးသွားတဲ့
ဆန်းကြယ်တဲ့ သဘာဝတရားကြီးရဲ့ ပင်သက်ပျိုးပုံမျိုးနဲ့..
မနက်ခင်းအသစ်ဆိုတာ မွေးဖွားလာရမြဲပဲ။
ကဗျာဆရာတွေဟာ အသက်ရှင်ရက် အမြဲကျန်ရစ်တယ်..
အဲဒီ တင်းတင်းချည်ထားတဲ့ ၀ါယာတွေအတိုင်း
လျှောက်မြဲလျှောက်ဆဲပါပဲ...
လရောင်ဆမ်းတဲ့ အဲဒီလမ်းကြောင်းအတိုင်း
အချင်းချင်းဖေးကူလို့..
ဆက်လျှောက်နေကြရုံ..
ကောင်းလိုက်တဲ့ အဲဒီလမ်းနီကြီးအတိုင်းပေါ့..
အိပ်မက်ရက္ကန်းသယ်တွေ..
စိတ်ဝိညာဉ်ကို အကောင်းအတိုင်းဖြစ်အောင် ဖာထေးပေးကြသူတွေ..
အနာတရတွေကို ကုသလို့..
အသံတိတ် အာခေါင်ခြစ်အော်ဟစ်ရတဲ့အဖြစ်တွေကို သက်သာစေလို့ပေါ့..
သက်တံရောင်စုံရဲ့ စစ်သည်တော်တွေ
လွတ်လပ်ခြင်းတေးကို သီလို့..
ရောင်ခြည်မလာခင်ဟာ အမှောင်ဆုံး အမိုက်ဆုံးအချိန်..ဒါပါပဲ..
လုံးဝ မျှော်လင့်မထားတုန်း.. မျှော်လင့်မထားတဲ့နေရာမှာ..
အကူဟာ ခင်ဗျားဆီကို ရောက်လာလိမ့်မယ်..
မြေစိုင်မဲမဲကြီးတွေကို ခွဲဖောက်ပြီး
ပင်ပျိုစိမ်းတွေ တိုးထွက်လာကြသလိုပေါ့..
လူသားခြင်း မြင်အောင်သိအောင်ကြိုးစားတဲ့အခါ
ချစ်ခြင်းမေတ္တာတွေ အရှိန်အဟုန်နဲ့စီး..
ရှင်သန်မှုအဓိပ္ပါယ်တွေ အရှိန်အဟုန်နဲ့စီး..
အသစ်တခုဆီကို။
ကောင်းကင် မဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။ http://www.kaungkin.com/index.php?option=com_content&view=article&id=751:poem&catid=34:2009-04-17-00-31-18&Itemid=77
Poem Just by Chance
Diamond Dave Whitaker
Just by chance
not to likely
just because the reason is unclear
doesn't mean
we won't know one day
if we hang in
hang out
follow the stream down
to the sea
look up to see the stars
and really see the sky
undeterred,
that means not stopped
by conventional thinking
short sighters,
deaf and blind
to the spirit.
Nay sayers, kill joys, wall builders,
door slammers, vision slayer,
doomsayers
scribes and pharisees of science
theological engineers
Lords of this system of things.
But new morning
spring saps flows as
fingertips touch and eyes glow
the night of the loving dead.
The poets remain alive, walking
down that tight rope wire.
Looking out for one another
just strolling down that moon lit path
that good Red Road.
Dream weavers, spirit menders,
healing the pain and soothing
the silent screams.
Warriors of the rainbow
just singing a freedom song.
Its all it being darkest just before
the dawn,
and when and where
you least expect it
help will come along
like green shoots thrusting through.
Damp dark earth
love will spring a new
life will spring a new
just breaking through the ice.
From Kaung Kin Magazine: http://www.kaungkin.com/index.php?option=com_content&view=article&id=752:poem&catid=53:absdfnbs-articles&Itemid=103
Monday, January 16
ဂိမှာန် စကားထာ
နီယော်ဓာ
အစတော့..
ကျောက်စရစ်လမ်း..
ညိုမှောင်မှောင်တေးတွေလေ..အဲဒီအတိုင်းလေးပဲ စီးလို့..
ဘယ်တယောဆရာမလေးမှ မမီတဲ့အသွားမျိုးနဲ့.. ကြည်လဲ့..
ခြေမ..ခြေညှိုး..ခြေခလယ်..ခြေသူကြွယ်..ခြေသန်း..

လမ်းမရှိဘူး..
ရောက်ခဲ့တယ်။
ကျားတဲ့..
သခင်ကိုစောင့်နေတဲ့ ကြောင်တကောင်လိုပဲ
ပွတ်သီးပွတ်သပ်..
ဘာ ဒဏ်ရာဒဏ်ချက်မှ မရခဲ့ပါဘူး..
ကျောကလေး သပ်ပြီး ပြန်ခဲ့တယ်။
အမှောင်ဟာ တဖွဲဖွဲ..
ခပ်ခွာခွာကလေးဆိုတော့..လင်းလို့..မလဲ့ဘူး..အေးတယ်။
ဆေးလိပ်ခိုးတွေလိုလေ..
မင်းအဇ္ဈတ္တ..ဟိုကောင့်အဇ္ဈတ္တ နဲ့ ငါ့အဇ္ဈတ္တ..
လွင့်လွင့်သွားလိုက်တာ..လွင့်နေတဲ့ ပင်ဆိုင်းတောင်တွေဆီ
လှတယ်။ သိပ်ကိုလှတယ်။
အဆုံးအစမဲ့ခြင်းမှာ
ငါဒို့ မရှိပဲ တည်နေကြရဲ့ ..
ခဏတဖြုတ်ဖြစ်ဖြစ်ပေါ့..
မှင်ရောင်စုံတွေ ရေထဲကျသလို..
ပျော်ဝင်ကြအုံးစို့..
အေးကွာ..
တဂါဝုတ်လောက်အကွာမှာတော့ ငါဒို့သောက်နေကြ ရေနွေးကြမ်းအိုးလေးဆူရော့မယ်..
မီးသတ်လိုက်စမ်းပါ့။
၂၀၁၁ ခု သြဂုတ်လ ၁၀ရက်

Saturday, February 12
ဖေဖော်ဝါရီ (၁၃)
သျှင်နေ၀င်းဇော်
ဖေဖော်ဝါရီ (၁၃)တွေ တထပ်ကြီး ၀ုန်းကနဲ့ ကျလာတော့..
လုပ်လက်စတွေ.. ဘာမှ.. ဆက်မလုပ်နိုင်တော့ဘူး..
ကဗျာရေးမယ်။
ဗိုလ်တေဇ..သခင်အောင်ဆန်း..မောင်ထိန်လင်း..အိုမိုဒါမွန်ချိ.. ပဲခူးကဝေ.. အညာသားလေး.. သို့မဟုတ်.. ဗိုလ်ချုပ်
မြေ့နွမ်းပွင့်ဖတ်လေးတဖတ်ကို နံရံပြက္ခဒိန်က ပြန်လန်းတယ်..
၉၃နှစ်တာ ရနံ့ဟောင်းဟာ.. သိန်းသန်းချီမျှော်လင့်ခြင်းတို့နဲ့.. မွှေးဆဲ..
အိမ်မက်ယန္တရားအတွက်.. နှလုံးသားအပိုင်းအစ.. ချောဆီတွေဟာ.. ပစ်ခဲယိုစီးဆဲ..
ဆည်းပူးသိုလှောင်ခဲ့.. အလင်းတောက်တွေဟာလဲ.. လောင်မြဲ.. မြှိက်မြဲ..
လူသားကြီးရေ.. စစ်မှန်လှစွာသော.. ကျွနိုပ်တို့၏.. လူသားကြီးရေ
အတ္တငှတ်တိုင်မှ.. အချဉ်ခံ.. လည်ပတ်ကို.. ဖြုတ်လှည့်ပါ..
တ၀ဲဝဲလှည်နေရုံ.. နွားကလေးတော့.. မဖြစ်လို..
ပရ မြက်ခင်းနုကျယ်မှာ.. ကိုယ်တိုင်ဖွင့်ဆိုထားတဲ့.. ရှင်သန်မှုအဓိပ္ပာယ်တွေနဲ့သာ.. လွပ်လပ်မွတ်သိပ်လိုသည်..
၁၃.၀၂.၁၉၁၅ - ၁၉.၀၇.၁၉၄၇
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းတခုဆီကို ကျုပ်တို့အားလုံး.. ပိုင်ကြဆိုပေမယ့်..
အဲဒီ ' - ' တုံးကလေးမှာ အသက်ရှုမှုကို.. ပြဌာန်းပုံတွေ.. ကွာတယ်..
ခင်ဗျားရော..
ကျုပ်တို့တွေဟာ.. အဲဒီပွင့်ဖတ်လေးရဲ့.. သွေးမှုန်ဥတွေနဲ့ဖွဲ့ထားတဲ့.. မျိုးစိပ်စစ်စစ်တွေပါ့..
ရှေ့မှာ.. ဖေဖော်ဝါရီ (၁၃)တွေ တထပ်ကြီးပဲ..
ဘယ်ဘက်ဒေါင့်အစွန်းက.. အသံလေးကို အတူနားစွင့်....
ရဲကြစို့ရဲ့။
၂၀၀၉ခု ဖေဖော်ဝါရီ (၁၃)

Friday, November 19
အများစု ဆန္ဒ
ကဗျာဆရာ တက္ကသိုလ်မြတ်လေး
(စန္ဒရား ချစ်ဆွေက အသံသွင်းပေးခဲ့သည်။)
အခုဆိုရင်၊ အရင်းမဲ့များသာ အညှင်းခံရသည်။
ဖွတ်ကျောပြာစု ဘ၀နဲ့ ငတ်မွတ်ခေါင်းပါး ဆင်းရဲလှသည်။
အတန်းအစားကမညီ။
အရင်းရှင်များသာ ကြီးစိုးကြပြီ။
စီးပွားရေး ကုန်ဈေးနှုန်းတွေ မြင့်တက်နေလွန်းသည်။
အဲဒါ ပြည်တွင်းစစ်ကြောင့် အတည်။
ညီရင်းအစ်ကိုတွေ ချစ်ခင်လက်တွဲ ပေါင်းသင်းကြတာ မြင်လိုပါပြီ။
အကြမ်းမဖက်၊ ဆွေးနွေးစေ့စပ်ရန် အချိန်တန်ပြီ x x x
(ငြိမ်းချမ်းရေး အတွက် အေးလျက်မနေလိုပြီ၊ လူသားအပေါင်းက တောင်းဆိုရမည်)၂
(တခဲနက်ကြွေးကြော်သံတွေညီ)၂ x
ဒို့ကျောင်းသူ ကျောင်းသားများက ရှေ့တန်းကသာ ပါဝင်မည်။
အနာဂါတ်ဗမာပြည် သာယာစိုပြေမည်။
အများစုဆန္ဒတင်ပြမည်။
ပြည်တွင်းငြိမ်းချမ်းရေးသာ လိုပါသည်။ x x
မိုးမခ မီဒီယာမှတဆင့် BBC အသံလွှင့်ဆောင်းပါးတွင်းပါ တေးကဗျာကို ကောက်နှတ်ဖော်ပြပါသည်။
BBC: http://www.bbc.co.uk/burmese/programmes/2010/11/101118_marmaraye.shtml
မိုးမခ မီဒီယာ။ ။ http://moemaka.blogspot.com/2010/11/mar-mar-aye-355.html

Tuesday, October 5
သားအဖ
နီယော်ဓာ
ကွန့်၍
မြူးပါ.. ဖွဲ့ခိုပါ..
ရွာသွန်းညို့လှည့်.. ကင်းလှည့်ပါ..
ရောင်လဲ့သွေးလှည့်..မှိုင်းနွဲ့ပါ..
မိုးတိမ် အတွက်
ကောင်းကင်ရင်ခွင်ကြီးကတခုထဲ.. မပြောင်းရက် မလဲရက်..
ဆိုပါတော့... အဆုံးအစ ...မရှိအောင်လဲ ကျယ်ပြောတတ်ခဲ့ပြီ..
ို Select ပေးပြီးရေးပါ...Type the rest of your post here..
ကွန့်၍
မြူးပါ.. ဖွဲ့ခိုပါ..
ရွာသွန်းညို့လှည့်.. ကင်းလှည့်ပါ..
ရောင်လဲ့သွေးလှည့်..မှိုင်းနွဲ့ပါ..
မိုးတိမ် အတွက်
ကောင်းကင်ရင်ခွင်ကြီးကတခုထဲ.. မပြောင်းရက် မလဲရက်..
ဆိုပါတော့... အဆုံးအစ ...မရှိအောင်လဲ ကျယ်ပြောတတ်ခဲ့ပြီ..
Saturday, August 21
ဘ၀ တစ
နီယော်ဓာ
ကိုယ် ဒီအိပ်စက်ခြင်းက မနိုးလို့မရဘူး..
နိုးထရတယ်..
ကိုယ် ဒီအိပ်စက်ခြင်းကို စွန့်ပစ်နိုင်ဖို့အခွင့်လဲမရှိဘူး..
ကဲပြောစမ်း..
အိပ်မက်ကို အိပ်မက်လို့ သိလိုက်ရမလား..
ကိုယ့်ကိုယ်ကို လှည့်ဖြားထားရမလား..
၂၀၁၀ခု သြဂုတ်လ၂၁ရက်

Friday, July 16
အားကိုးရာ
တင်မိုး
သူရဲကောင်းဆိုတာ၊ အာဇာနည်ဆိုတာ ဒီလိုပုဂ္ဂိုလ်တွေကို ခေါ်ပါတယ်။ ဗမာနိုင်ငံ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အခြေခိုင်တဲ့ အားကိုးဖွယ်ရာ ပုဂ္ဂိုလ်တွေများများပေါ်ထွန်းပါစေလို့ ဒီနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားတဲ့ ၁၉ဇူလိုင် အာဇာနည်နေ့မှာ ဘဘတင်မိုးရဲ့ ကဗျာနဲ့ ဆန္ဒပြုလိုက်ပါတယ်။
ရွှေတရစ် ငွေတရစ်နဲ့
အခြေအမြစ် မခိုင်တဲ့ပန်း
လေကြမ်းတိုင်း ခုန်ပေါက်
ဘုံမြောက်ကာ ထင်ရာပြေး
လေးစားဖွယ်မရှိ။
မြေအောက်လှစ်တော့
ရေသောက်မြစ်ခိုင်ခိုင်နဲ့
အရိပ်မြိုင် အခြေစိုက်လေတော့
လေတိုက်လဲ သူမဖြုန်
ပွင့်စုံသီးစုံ သစ်ပင်ကြီး
ကျောက်ထီးလို အရိပ်မိုး
အားကိုးဖွယ် အတိ။
၂၀၀၂ခု သြဂုတ် ၁၀ရက်

Monday, May 3
မိုးခါးရေ မသောက်သူများ
စမ်းရေ
ဘ၀ဟာ ပုံစံခွက်
အကွက်ချထားတဲ့ ဇာတ်ညွှန်းထဲ
သရုပ်ဆောင်တွေသာ ကွာသွားတယ်။
ငိုကြွေးခဲ့ကြတယ်
ပျော်မြူးခဲ့ကြတယ်။
ငိုက်မြည်းခဲ့ကြတယ်
ရင်သတ်ရှုမောခဲ့ကြတယ်။
ဝမ်းတထွာအတွက် လက်ပစ်ကူးခဲ့ကြတယ်၊
ပိုလိုချင်ခဲ့သူတွေ ရေနစ်ခဲ့ကြတယ်။
အ၀ိဇ္ဇာလွှမ်းပြီး၊ သိက္ခာကို ချရောင်းခဲ့ကြတယ်။
နေ၀င်နောက်ကျခဲ့တဲ့ ညတွေ
နေ၀င်စောခဲ့ရတဲ့ နံနက်ခင်းတွေ
ဘ၀ဟာ ပုံစံခွက်
အများစုအတွက်လေ။
အဲဒီအထဲမှာ ဗုဒ္ဓ မပါဘူး။
အဲဒီအထဲမှာ ယေရှု မပါဘူး။
ဂန္ဒီ မပါဘူး။ အောင်ဆန်း မပါဘူး။
အမေစု မပါဘူး။
Che Guevara မပါဘူး။ Mother Teresa မပါဘူး။
မြို့မငြိမ်း မပါဘူး။
မင်းကိုနိုင် မပါဘူး။ မ၀င်းမော်ဦး မပါဘူး။
ရေငတ်ခဲ့ကြပေမယ့်၊
မိုးခါးရေ မသောက်ခဲ့ကြဘူး။
ပုံစံခွက်ကို တော်လှန်၊
တရားခြင်း ဆိုတဲ့ “ဓမ္မ” အမြိုက်ရေကိုသာ သောက်သုံးခဲ့ကြတယ်။ ။
စမ်းရေ
မေလ ၁ ရက်၊ ၂၀၁၀။

Friday, January 1
သမိုင်း
နီယော်ဓာ
ငါဟာ
ပက်ကြားလိုက် တိမ်တိုက်ဖွဲ့မှု..
နီသွေးပျက် မီးခိုးဖြူ..
စကြာဝဋ္ဌာ၌ အကျုံးဝင်သော
အစက်ကလေး တပြောက်။
ရှုပ်ထွေးပွေလီလှသော
ဘာဘာာညာ နည်းညွှန် လမ်းညွှန်..
ဖြစ်ချင်တိုင်းဖြစ်၍ ပျက်ချင်တိုင်းပျက်နေကြသော
အစီအစဉ်ကျမှုအပိုင်းတိုများစွာ၏ ကြိုးကြားပါဝင်မှု..
ဗလပွ..
ငါတွေအများကြီးဖြစ်လာတဲ့အခါ ငါ မရှိတော့ဘူး။
မင်္ဂလာရှိသော သုညံတ။ ။
...

Monday, November 30
အမေရိကန်မလေး လက်အုပ်ချီတတ်သွားပြီ
လူထုစိန်ဝင်း
နိုဝင်ဘာ ၂၉ရက် လူထုဒေါ်အမာ မွေးနေ့အမှတ်တရ
နိုဝင်ဘာ ၂၈ ရက် ညနေခင်း မန္တလေးမြို့။
အပြင်ထွက်လာရာက ဒေါ်ဒေါ်လူထု ဒေါ်အမာ ခေတ္တနေထိုင်ရာ ၃၂လမ်း သမီးကြီးဒေါက်တာသန်းရင်မာရဲ့ အိမ်ရှေ့ကားထိုးရပ်လိုက်တော့ အိမ်ပေါက်ဝမှာ အထုတ်အပိုးကိုယ်စီနဲ့ လူဆယ့်လေးငါးယောက်အစုဝေးကိုတွေ့လိုက်ရတယ်။ အမှတ်တမဲ့ဆိုတော့ ဘာတွေဘာလိမ့်လို့တအံ့တသြဖြစ်သွားတယ်။ သူတို့အထဲဝင်သွားပြီးမှ နောက်ကလိုက်ဝင်သွားတော့ ပိုပြီးအံ့သြစရာ မြင်ကွင်းကို တွေ့ရတယ်။
အိမ်ထဲဝင်သွားသူတွေအားလုံး သမံတလင်းပေါ် ဆောင့်ကြောင့်ကလေးတွေထိုင်ပြီး ဒေါ်ဒေါ့်ကို ကန်တော့နေကြတာတွေ့လိုက်ရတယ်။ ဒီတော့မှ အဝေးကလာကြတဲ့စာသမားတွေပါလားလို့ သိလိုက်ရတယ်။ အတူလိုက်ပါတဲ့ နိုင်ငံခြားသူကလေး ၂ဦးက ဘာလုပ်နေတာလဲလို့ မေးချင်ဟန်မျက်လုံးလေးတွေ အ၀ိုင်းသားနဲ့စိုက်ကြည့်နေကြတယ်။ နယ်ကအခုပဲ ရောက်လို့ အဝေးပြေးကားပေါ်က ဆင်းဆင်းခြင်းလာပြီးနှုတ်ဆက်ကြတာလို့ ပြောပြရတယ်။ ကလေးမနှစ်ယောက်က ဒေါ်ဒေါ့်အကြောင်းတွေ ကြားဖူးပြီးသားမို့ ချက်ချင်းသဘော ပေါက်နားလည်သွားကြတယ်။
သူတို့နားမလည်နိုင်လောက်အောင် တအံ့တသြဖြစ်သွားရတာက နောက်တနေ့နိုဝင်ဘာ၂၉ရက်နေ့ပါ။ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းတိုက်ထဲမှာ တထောင်ထက်မနည်းတဲ့လူတွေ ရုံးစုရုံးစုနဲ့ ဖြစ်နေကြတာတွေ့လိုက်ရတော့ ဘယ်လိုမှမယုံနိုင်လောက်အောင် အံ့အားသင့်သွားကြတယ်။ ဒီကလေးမ နှစ်ယောက်အပြင် ဒီမွေးနေ့ပွဲတက်ဖို့ ဘယ်ဂျီယံနိုင်ငံကရောက်လာကြတဲ့ နိုင်ငံခြားသား မောင်နှမနှစ်ယောက်လည်း ပါသေးတယ်။ သူတို့လေးယောက်စလုံးအံ့သြကြလွန်းလို့ အံ့ရော အံ့ရောလို့ နှုတ်ကတဖွဖွ ရွတ်နေကြတယ်။ စင်္ကာပူမှာ မဟာဝိဇ္ဇာတန်းတက်ရင်း ရန်ကုန်ရောက်လာတဲ့ ကိုးရီးယားမလေးကလွဲရင် ကျန်သုံးယောက်မှာ တယောက်က အမေရိကန်မှာနေကြတဲ့ အနောက်နိုင်ငံသားတွေလေ။
မန္တလေးက စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီးလူထုဒေါ်အမာဆိုတဲ့ အမည်ကို နိုင်ငံခြားမှာကတည်းက သူတို့ကြားဖူးနေကြပါတယ်။ ဒါပေမယ့် မြန်မာပြည် တနံတလျားက လူကြီး လူငယ်ယောကျာ်းမိန်းမတွေခုလောက်အများကြီး စုဝေးရောက်ရှိလာကြလိမ့်မယ်လို့ တွေးထင်မထားမိကြဘူး။ လူတွေကို ဓါတ်ပုံလိုက်ရိုက်ကြ၊ စကားလိုက်ပြောကြနဲ့ သူတို့လည်းပျော်နေကြလေရဲ့။ အမေရိကန်မလေးနဲ့ ကိုးရီးယားမလေးဆို ဦးပိန်တံတားကြီးပေါ်သွား လမ်းလျှောက်ပါလားလို့ အဖော်နဲ့လွှတ်လိုက်တာတောင်တံတားထိပ်က ရပ်ကြည့်ရုံကြည့်ပြီး ချက်ချင်းပြန်လှည့်လာကြတယ်။ မွေးနေ့ ပွဲလာတဲ့လူတွေက တံတားကြီးထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်တဲ့။ စာရေးဆရာ၊ စာရေးဆရာမလေးတွေနဲ့ မိတ်ဆက်စကားတွေပြောကြ၊ ဓါတ်ပုံတွဲရိုက်ကြနဲ့ ဖျာခင်းပြီးစားပွဲဝိုင်းမှာကျွေးတဲ့ နာမည်ကျော် တောင်လေးလုံး ထမင်းဟင်းများကိုလည်း မြိန်ရေရှက်ရည်စားကြသေးတယ်လေ။
နိုင်ငံခြားသား ၄ယောက်စလုံး တညီတညွတ်တည်း မေးကြတဲ့မေးခွန်းကတော့ ဒီစာရေးဆရာမကြီးကို ဘာကြောင့်လူတွေ ဒီလောက်ချစ်ခင်လေးစားနေကြတာလဲဆိုတာဖြစ်တယ်။ နိုင်ငံခြားသားတွေသာ မဟုတ်ပါဘူး။ တချို့ မြန်မာလူမျိုးတွေလည်း ဒီအချက်ကို နားမလည်နိုင်အောင် ဖြစ်ကြပါတယ်။ ၀ါဒစွဲတခုအခံရှိတာကြောင့် ၀ါဒတူတွေအချင်းချင်းက ၀ိုင်းမြှောက်နေကြတာလား၊ ဒါမဟုတ်ပါဘူး။ ဆရာမကြီးရဲ့ မွေးနေ့အခန်းအနားကို နှစ်စဉ်မပျက်မကွက် တက်ရောက်လာကြသူတွေဟာ အယူဝါဒမျိုးစုံ နောက်ခံရှိသူတွေပါ။ တို့ဗမာ အစည်းအရုံးခေတ်က သခင်လက်ဟောင်းကြီးတွေ ပါသလို၊ နယ်ချဲ့နဲ့ဖက်ဆစ်ဆန့်ကျင်ရေးကာလက မိတ်ဟောင်းဆွေဟောင်းတွေလည်း ပါပါတယ်။ တခေတ်တခါက ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့ဘူးသူတွေပါသလို၊ ဖဆပလ တည်မြဲသန့်ရှင်းဟောင်းတွေလည်းပါပါတယ်။ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေလည်း တက်ရောက်သလို အင်္ဂလီကန်ဂိုဏ်းသာသနာပိုင်ဆရာတော် အင်ဒရူးမြဟန်လည်း တက်လေ့ရှိပါတယ်။
အရောင်အသွေးကြောင့် မဟုတ်ဘူးဆိုတော့ ငွေကြေးကြောင့်လား၊ သြဇာအာဏာနောက်ခံကောင်းလို့လား။ ဒါတွေလည်း မဟုတ်ပါဘူး။ ခုခေတ်မဆိုထားနဲ့ ဟိုဘက်တခေတ်က မန္တလေးမှာတောင် သူဌေးသူကြွယ်စာရင်းဝင် မဖြစ်ခဲ့ပါဘူး။ အာဏာနောက်ခံဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးရုံမက၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် စတဲ့ခေတ်အဆက်ဆက်တွေမှာ အညိုညင်ခံရတဲ့ ဘက်ကချည့်ရှိခဲ့တာပါ။
ဒါဖြင့်ရင် ဘာ့ကြောင့်လဲ။
နှလုံးလှလို့ပါလို့ တိုတိုပြောပါမယ်။ ဒီဆရာမကြီးရဲ့ ဘ၀သက်တမ်းတလျှောက်ကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ဒီအချက်ကိုထင်ထင်ရှားရှားတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဘယ်ခေတ်ဘယ်အခါရောက်ရောက် ဆရာမကြီးနဲ့ သူ့ကလောင်ဟာ မျက်နှာမွဲများ (underdogs)ဖက်ကချည့် မားမားမတ်မတ်ရပ်လာခဲ့တာပါ။ ကိုယ့်သတင်းစာနဲ့ ကိုယ့်မိသားစု အကြိမ်ကြိမ်အခါခါ ဘေးရန်တွေကပ်ငြိခဲ့လည်း ဒီရပ်တည်ချက်ကို ပြောင်းပြစ်ပြီးခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေ မကျင့်ကြံခဲ့ပါဘူး။ ဒီအတွက်တန်ဘိုးတွေလည်း အများကြီးပေးခဲ့ရတာပါ။
ဒီဆရာမကြီးကို နာမည်နဲ့လိုက်အောင် စိတ်ဓါတ်မာကျောတယ်လို့ အထင်ရောက်ကြပါတယ်။ ဒါမမှန်ပါဘူး။ တကယ်ဆရာမကြီးရဲ့စိတ်ဓါတ်ဟာ အင်မတန်သိမ်မွေ့ နူးညံ့ပြော့ပျောင်းပါတယ်။ သူချစ်တဲ့ မြို့မငြိမ်းအကြောင်း၊ ကျားဘငြိမ်းအကြောင်း၊ ပေါ်ဦးသက်အကြောင်း စတဲ့ရှေးဟောင်းနှောင်းဖြစ်တွေများပြောပြီဆိုရင် မျက်ရည်ကလေးတစမ်းစမ်းနဲ့ပါ။ မြို့မငြိမ်းကွယ်လွန်ပြီးနောက် ရေးလိုက်တဲ့စာတပုဒ်ဟာ မြန်မာစာပေလောကမှာ ပြောစမှတ်ဖြစ်ကျန်ရုံမက ဒေါ်အမာအလွမ်းစာ သိပ်အရေးကောင်းတယ်လို့တောင် နာမည်တွင်သွားတာပါ။
ကိုယ်တွေ့ဖြစ်ရပ်ကလေးတခု ဖောက်သည်ချပါရစေ။ ခြောက်ဆယ်ဦးပိုင်းလောက်က အဖြစ်ကလေးပါ။ လူထုသတင်းစာတိုက်မှာ ကိုယ်ပိုင်ဘလောက်လုပ်ငန်းဌာန ရှိပါတယ်။ တခါမှာ ရန်ကုန်ကပို့လိုက်တဲ့ ဘလောက်ဌာနသုံး အက်စစ်အိုးကြီးတွေ ရောက်လာပါတယ်။ အဲဒီခေတ်က အက်စစ်တွေကို စဥ့်အိုး ( တဆယ်ဝင်)ထဲထည့်၊ ထင်းရူးပုံးကြီးထဲ ကောက်ရိုးတွေခံပြီး သင်းဘောတင်ပါတယ်။ အဲဒီအိုးကြီးတွေကို လူလေးယောက် တုတ်နဲ့ရှိုထမ်းရာမှာ မတော်တဆ လွတ်ကျပြီး “ဗွမ်း” ကနဲကွဲထွက်သွားပါတယ်။ အိုးလွတ်အကျမှာ နောက်ထမ်းတဲ့ဘလောက်ဆရာ ကိုသန်းမောင်က ဒူးထိုးခံလိုက်တာကြောင့် သူ့တကိုယ်လုံး အက်စစ်တွေလောင်ပြီး ထွန့်ထွန့်လူးဖြစ်သွားရှာပါတယ်။ ချက်ချင်းအရေပြားတွေလန်ပြီး ပူရှာလွန်းလို့ စွေ့စွေ့ခုန်နေပါတယ်။ ဆေးရုံပို့ဖို့ ကားစောင့်နေတုန်း အသင့်ရှိတဲ့ လိမ်းဆေးတွေနဲ့ ဒေါ်ဒေါ်က ကိုသန်းမောင်ဘေးမှာ ဆောင့်ကြောင့်ကလေးထိုင်ပြီးလိမ်းပေးပါတယ်။ ဆေးရည်တွေလေင်းချနေရင်းက ဒေါ်ဒေါ်မျက်ရည်တွေစီးကျလာပါတယ်။ သူ့ခြေရင်းမှာ ဆောင့်ကြောင့်ကလေးထိုင်နေတဲ့ ဒေါ်ဒေါ့်ကို အက်စစ်လောင်သူကပြန်သနားအားနာဖြစ်ပြီး သိပ်ကိစ္စမရှိပါဘူးဒေါ်ဒေါ်ရဲ့၊ ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်ရဲ့နဲ့၊ ပြန်အားပေးစကားပြောရပါတယ်။ ဒေါ်ဒေါ့်နှလုံးသားက အဲဒီလောက်နူးညံ့တာပါ။
နိုင်ငံခြားသားတွေကတော့ အံ့ရော အံ့ရောလို့ရေရွတ်လို့ မပြီးနိုင်တော့ပါဘူး။ စာရေးဆရာတယောက်ကို ဒါလောက်အထိရိုသေကိုင်းရှိုင်းလေးစားပြီး ရှိခိုးဦးချ လုပ်ကြတာမျိုး သူတို့အနောက်နိုင်ငံတွေမှာ ဘယ်ကြုံဘူးမှာလဲ။ သူတို့ဆီမှာကတော့ ပုဂ္ဂိုလ်တဦးတယောက် ကွယ်လွန်သွားပြီဆိုရင် အလွန်ဆုံးလုပ်လေ့ရှိတာက အဲဒီပုဂ္ဂိုလ်ရဲ့ ရုပ်တုပြုလုပ်ပြီး ပြထားတာလောက်သာ ရှိတာမဟုတ်လား။ ဒါတောင် အဲဒီပုဂ္ဂိုလ်ကို ဂုဏ်ပြုတာထက်၊ ဒီပုဂ္ဂိုလ်မျိုး ဒို့မြို့၊ ဒို့ရွာ၊ ဒို့နိုင်ငံကထွက်တာဟေ့လို့ ၀င့်ကြွားချင်တဲ့စိတ်က ခပ်များများပါ။ တချို့က ဒီပုဂ္ဂိုလ်ကြီးများရဲ့ ပစ္စည်းတွေကို ပြတိုက်လုပ်ပြီး ပြစားကြသေးတယ်လေ။ ကမ္ဘာဟာ ရွာကြီးဖြစ်နေပြီတို့ ဘာတို့ ဘယ်လောက်ပဲ ပြောပြော အရှေ့ဟာအရှေ့၊ အနောက်ဟာ အနောက်ပါပဲ။ သူတော်ကောင်းမကြီး မာသာထရီဇာ အိန္ဒိယမှာ ကွယ်လွန်သွားတော့ အိန္ဒိယတနိုင်ငံလုံး၊ ဟိန္ဒူ မွတ်ဆလင် မကွဲမပြားလာရောက်ငိုယိုကြတာမျိုး ဦးခိုက်ကြတာမျိုး၊ အနောက်နိုင်ငံမှာသာ ကွယ်လွန်ခဲ့ရင် ရှိနိုင်ပါ့မလား။
ကွယ်လွန်သူ မာသာထရီဇာကို သူတော်စင်(စိန့်)အဖြစ်ကြေညာပေးဖို့ ပုပ်ရဟန်းမင်းကြီးကို တကမ္ဘာလုံးရှိ ဘရင်ဂျီဘာသာဝင်တွေက ၀ိုင်းပြီးတောင်းဆိုကြတာတောင်၊ နှစ်ပေါင်းများစွာကြာတဲ့အထိ ကြေညာမပေးခဲ့ပါဘူး။ စည်းမျည်းစည်းကမ်းဆိုတာတွေ ထောက်ပြပြီး၊ အချိန်ဆွဲထားခဲ့ပါတယ်။
ဟိန္ဒူနဲ့မွတ်ဆလင်တွေ အနေများတဲ့ အိန္ဒိယနိုင်ငံကသာ ခွင့်ပေးမယ်ဆိုလို့ကတော့(စိန့်)အဖြစ်တောင်မက နတ်ဘုရားမ (Goddess)အဖြစ်တောင် နေ့ညမဆိုင်း သတ်မှတ်ကြေညာပေးလိမ့်မယ်လို့ ယုံကြည်မိတယ်။
လူ့တန်ဖိုး၊ လူ့တန်ဖိုးနဲ့ ဘယ်လိုပဲအော်နေ အော်နေ၊ လူကို အမှန်တကယ် တန်ဘိုးထားလေးစားတာမျိုး၊ အခုမြန်မာပြည်ရောက်မှ တွေ့ဖူးပါတယ်လို့ အမေရိကန်သတင်းစာမလေးကဆိုပါတယ်။ ဒီအကြောင်းတွေကို အမေရိကန်လူမျိုးတွေသိအောင် အစွမ်းကုန် ကျိုးစားမယ်လို့လည်း ကတိပြုသွားပါတယ်။ ဒီမွေးနေ့ပွဲကို ရောက်အောင်ပို့ပေးတဲ့အတွက် ကျေးဇူးတင်လို့မဆုံးနိုင်တော့ပါဘူးလို့လည်း ပြန်ကာနီး လက်အုပ်ကလေးချီ နှုတ်ဆက်ရင်း တဖွဖွပြောသွားပါတယ်။
ဘာပဲဖြစ်ဖြစ် အမေရိကန်မလေးတယောက်တော့ဖြင့် လက်အုပ်ချီမိုး ရှိခိုးကန်တော့တတ်သွားပါပြီ။
လူထုစိန်ဝင်း
ဒီဇင်ဘာ ၉၊ ၂၀၀၂။
၂၀၀၃ ခု နိုဝင်ဘာလထုတ် မာယာမဂ္ဂဇင်းမှ ကူးယူဖော်ပြပါသည်။

Subscribe to:
Posts (Atom)